Google ၏ ကွန်ပျူတာထက် အဆ ၁ သန်း ပိုမြန်တယ်ဆိုတဲ့ တရုတ်၏ ကွမ်တမ် ကွန်ပျူတာ သစ် အကြောင်း

News Tech

အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ကွမ်တမ် ကွန်ပျူတာ ပြိုင်ဆိုင်မှုဟာ ပိုမို ကြီးထွားလာပုံ ရပါတယ်။

တရုတ်နိုင်ငံမှ ရူပဗေဒ ပညာရှင်များဟာ ၎င်းတို့၏ ပြိုင်ဘက် အမေရိကန်ကို နောက်ကျ ကျန်စေနိုင်လောက်တဲ့အထိ အလွန်လျှင်မြန်တဲ့ ကွမ်တမ် ကွန်ပျူတာ ၂ လုံးကို တည်ဆောက်ပြီးပြီလို့ ဆိုပါတယ်။

စက်အသစ်များကို မိတ်ဆက်ရာတွင် အဲဒီ့အထဲက ပိုမို မြန်ဆန်သည့် တလုံးမှာ မကြုံစဖူး ရလဒ်များရရှိရန် အလင်း ဖိုတွန်များကို အသုံးပြုထားတယ်လို့ Physical Review Letters နှင့် Science Bulletin ဂျာနယ်များတွင် ဖော်ပြခဲ့ပါတယ်။

တရုတ်ဟာ ယခင်ကလည်း ၎င်း၏ နည်းပညာစွမ်းရည်များကို ချဲ့ကား ပြောဆိုထားသော်လည်း ထိုသို့ ပျော့ပျောင်းသည့် လှည့်ကွက်များကို ကာကွယ်ရေး နည်းပညာတွင် တံဆိပ်ကပ်ထားလေ့ ရှိသောကြောင့် ဒီလုပ်ဆောင်ချက်အသစ်ဟာ တကယ်လည်း ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံ၏ ကွမ်တမ် ကွန်ပျူတာများတွင် Error ပေါင်းများစွာ ရှိနေဆဲဖြစ်

Jiuzhang 2 လို့ခေါ်တဲ့ စူပါ ကွန်ပျူတာဟာ ကမ္ဘာပေါ်တွင် အလျှင်မြန်ဆုံး သမားရိုးကျ ကွန်ပျူတာ တလုံးဖြစ်ပြီး ၁ စက္ကန့်၏ တထောင်ပုံ ၁ ပုံ (၁ မီလီစက္ကန့်) အတွင်းမှာ နှစ်ပေါင်း ၃၀ ထရီလီယံလောက်လုပ်ရမယ့် တွက်ချက်မှုကို လုပ်ဆောင်နိုင်ပါတယ်။

တရုတ်အစိုးရပိုင် CCTV တွင် အင်္ဂါနေ့က ထုတ်လွှင့်ခဲ့သည့် သုတေသန အဖွဲ့နှင့် အင်တာဗျူးတခုတွင် အဆိုပါ အောင်မြင်မှုအား ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းဟာ သံသယဖြစ်စရာ ရှိမှာပါ။

ဒါပေမယ့် ဂျာနယ်များတွင် ဖော်ပြခဲ့သည့် သုတေသန စာတမ်းများနှင့် ပတ်သက်လို့တော့ အလေးအနက်ထားဖို့ အရေးကြီးပါတယ်။

လေ့လာမှု၏ ဦးဆောင် သုတေသီ Pan Jianwei က 66-qubit programmable superconducting ကွမ်တမ် ကွန်ပျူတာ ဖြစ်သည့် Zhchongzhi 2 ဟာ Google ၏ 55. qubit Sycamore ကွန်ပျူတာထက် အဆပေါင်း ၁၀ သန်းခန့် ပိုမို မြန်ဆန်ပြီး တရုတ်၏ စက်အသစ်ဟာ ကမ္ဘာပေါ်တွင် အမြန်ဆုံး ဖြစ်ပြီး ၂ နှစ်အတွင်း Google ကို အနိုင်ယူခဲ့တယ်လို့ ဆိုပါတယ်။

Zuchongzhi 2 ကွန်ပျူတာဟာ လွန်ခဲ့သော သုံးလက ပြီးစီးခဲ့သည့် ယခင် ကွန်ပျူတာထက် ပိုမိုကောင်းမွန်သော ဗားရှင်းဖြစ်ပါတယ်။

Jiuzhang 2 ဟာ အလင်းနှင့် လည်ပတ်နိုင်သည့် မတူညီသော ကွမ်တမ် ကွန်ပျူတာဖြစ်ပြီး အသုံးချဖို့ ဆော့ဖ်ဝဲလ်များ နည်းပါးသော်လည်း ယနေ့ခေတ် သမားရိုးကျ ကွန်ပျူတာများထက် အဆ 100 sextillion ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

100 sextillion ဆိုတာ တစ် ရဲ့ နောက်မှာ သုညပေါင်း ၂၃ လုံး ရှိတဲ့ ပမာဏ ဖြစ်ပါတယ်။

ဒီစက်နှစ်လုံးဟာ ကွန်ပျူတာ ခေတ်ပြောင်း တော်လှန်ရေးအတွက် အရိပ်အမြွက်ပြောနေပေမယ့် ဈေးကွက်သို့ ရောက်ရှိလာဦးမှာ မဟုတ်ပါဘူး။

လက်ရှိအနေအထားအရ ဒီ ကွန်ပျူတာများဟာ ရိုးရှင်းတဲ့ ပတ်ဝန်းကျင်မှာသာ လည်ပတ်နိုင်ပြီး အထူးသီးသန့် လုပ်ဆောင်စရာများအတွက်သာ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အထူး ဂရုပြုခြင်းနှင့်တောင် ၎င်းတို့မှာ error တွေ တပုံ တပင်ကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။

အကြောင်းကတော့ တရုတ်နိုင်ငံ Hefei ရှိ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ ပါမောက္ခ Pan က “နောက်တဆင့်မှာတော့ ကျွန်တော်တို့ဟာ လေးနှစ် ငါးနှစ်အထိ ကြိုးစားပြီး ကွမ်တမ် error များကို ပြုပြင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ဆိုခဲ့လို့ပါ။

မည်သို့ပင်ဆိုစေကာမူ ကွမ်တမ် ကွန်ပျူတာများဟာ လာမည့် ဆယ်စုနှစ်များအတွင်းမှာ မျိုးဆက်သစ် တိုးတက်မှုများကို စွမ်းဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ဒီ ကွမ်တမ် ကွန်ပျူတာများကို မျိုးရိုးဗီဇ ပြောင်းလဲမှုများ တွက်ချက်ခြင်း၊ စတော့ ဈေးနှုန်း ခန့်မှန်းခြင်း၊ ဟိုက်ပါဆိုးနစ် ပျံသန်းမှုများအတွက် air flow များတွက်ချက်ခြင်းနှင့် ဆန်းသစ်သည့် ပစ္စည်းများကို ဖွဲ့စည်း ဖန်တီးခြင်းများတွင် အသုံးပြုလာနိုင်ပါတယ်။

စတုတ္ထ စက်မှု တော်လှန်ရေး အရှိန် မြင့်တက် လာသည်နှင့်အမျှ အဆိုပါ လုပ်ငန်းစဉ် များ၏ အရှိန်အဟုန်နှင့် ဆက်စပ်မှုများကို ထည့်သွင်း စဉ်း စားပါက ကွမ်တမ် ကွန်ပျူတာများဟာ လူမှု လုပ်ငန်းဆောင်တာများ၊ ကာကွယ်ရေး သုတေသန၊ သိပ္ပံဆိုင်ရာ အဆင့်မြင့်မားလာမှု မှသည့် စီးပွားရေးဆိုင်ရာ မျိုးဆက်သစ်များအထိ အဓိကကျသည့် ကဏ္ဍတွင် ပါဝင်လာမယ်ဆိုတာကတော့ ချဲ့ကားပြောစရာတခု မဟုတ်တာ အသေအချာပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.