ရုရှားနိုင်ငံနဲ့ ပူးပေါင်း တည်ဆောက်ထားတဲ့ လူမပါမယ့် လကမ္ဘာ အခြေစိုက် စခန်းဟာ ၂၀၂၇ ခုနှစ်လောက်မှာ ပြီးစီးမယ်လို့ တရုတ်နိုင်ငံက ကြေငြာခဲ့ကြောင်း SCMP သတင်းဌာနက ၂၀၂၁ ခုနှစ် နှစ်ကုန်လောက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါဟာ ၎င်းတို့ရဲ့ အစီအစဉ်ဟောင်းထက် ၈ နှစ်လောက် စောသည့် အစီအစဉ်သစ်ကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
ဒီ အစီအစဉ်သာ အထမြောက်အောင်မြင်ခဲ့ပါက လနှင့် အခြား အာကာသ ယှဉ်ပြိုင်မှုများတွင် တရုတ်နှင့် ရုရှားက ကျော်လွန်သွားဖွယ် ရှိပါတယ်။
တရုတ်၏ Chang’e 8 လဆင်းယာဉ် မစ်ရှင်ဟာ လပေါ်ရှိ ဖုန်မှုန်များကို အသုံးပြုကာ 3D printing လုပ်ဆောင်ခြင်း ကို လေ့လာ ရန် အခြေခံထားတာ ဖြစ်ပါတယ်။

လအေခြစိုက်စခန်း သရုပ်ပြ
သို့ပေမယ့် တရုတ်အမျိုးသား အာကာသ စီမံခန့်ခွဲရေး CNSA ၏ လက်ထောက် ညွှန့်ကြားရေးမှူး ဖြစ်တဲ့ ဝူ ရန်ဟွား က ယခင် ၂၀၃၅ ခုနှစ်မှ လပေါ်တွင် လူမဲ့ သုတေသန စခန်းထားရှိမယ်ဆိုသည့် ကိစ္စကို ယခု ရည်မှန်းချက် အသစ်အဖြစ် ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။
ဝူ ကတော့ ဒီမစ်ရှင်ရဲ့ ရည်ရွယ်ချက်ဟာ “လ၏ အရင်းအမြစ်များကို ငြိမ်းချမ်းစွာ အသုံးပြုမှုအတွက် ခိုင်မာတဲ့ အုတ်မြစ် တည်ဆောက်ဖို့ ဖြစ်တယ်” လို့ ဆိုပါတယ်။
အာကာသ စူးစမ်းလေ့လာမှု အပိုင်းတွင် တရုတ်နိုင်ငံဟာ ၎င်း၏ တိုးတက်မှုကို လျှို့ဝှက် ထားခဲ့ပြီး ယခင်က ယခုလို ကိစ္စများကို နိုင်ငံက စိတ်ဝင်စားမှု မရှိသည့် ပုံစံမျိုး ပြသခဲ့ပါတယ်။
တရုတ်ရဲ့ ဒီလို အစီအစဉ်များ ရုတ်တရက် ပြောင်းလဲမှုဟာ NASA ၏ နှောင့်နှေးနေပေမယ့် တရုတ်ထက် စောမည့် လဆင်း မစ်ရှင်နှင့် ဆက်စပ်နေဖွယ် ရှိပါတယ်။
NASA ၏ Artemis စီမံကိန်းဟာ အလွန် ကြီးကျယ်ပြီး ကြီးကြီးမားမား ရှုပ်ထွေးမှုတွေလည်း ရှိပါတယ်။
ဒီမစ်ရှင်ဟာ ၂၀၂၅ ခုနှစ်မှာ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ လောက်အထိ ရောက်ရှိလာမှာဖြစ်ပြီး လပတ်လမ်းတွင် နိုင်ငံတကာ အာကာသစခန်းကဲ့သို့ အဆောက်အုံ တခု တည်ဆောက်ဖို့ လိုအပ်ပါတယ်။
NASA ဟာ ဒီမစ်ရှင်နှင့် ပတ်သက်ပြီး နည်းပညာနှင့် အခြား စိန်ခေါ်မှုများ ရှိနေသောကြောင့် လက်ရှိတွင် ခေတ္တ ရွှေ့ဆိုင်းထား ရပါတယ်။

ဂြိုဟ်တခု သရုပ်ပြ
Chang’e 5-T1 မစ်ရှင်ဟာ ၂၀၁၄ ခုနှစ်တွင် လမှ နမူနာမြေသားများကို ကမ္ဘာမြေသို့ ပြန်လည် ယူဆောင်လာပြီးနောက် မကြာခင်မှာပဲ တရုတ်မှ လူလိုက်ပါသည့် အာကာသစီမံကိန်းမှ လက်ထောက် ဒီဇိုင်နာချုပ် ကျန်းချုံဖန်းက အမေရိကန်၏ လ ပေါ်တွင် အပိုင်စီးသည့် လှုပ်ရှားမှုများကို ဝေဖန်ခဲ့ဖူးပါတယ်။
လက်ရှိမှာ အမေရိကန် အစိုးရနှင့် NASA တို့ဟာ အနာဂါတ် လပေါ် လှုပ်ရှားမှုများအတွက် စည်းမျဉ်းများ သတ်မှတ်ရန် Artemis သဘောတူညီချက်ကို အဆိုပြုထားပါတယ်။
အဆိုပါ သဘောတူညီချက်များတွင် အစိုးရများ သို့မဟုတ် ပုဂ္ဂလိက ကုမ္ပဏီများအား ၎င်းတို့၏ အဆောက်အဦးများ ကို ကာကွယ်ရန် နှင့် အခြားသူများ ဝင်ရောက်ခြင်းကို တားမြစ်သည့် ဘေးကင်းဇုန်းများ ထူထောင်ဖို့ ပါဝင်ပြီး အမေရိကန်အပါအဝင် မဟာမိတ် နိုင်ငံ တဒါဇင်ထက် ပိုတဲ့ နိုင်ငံများက လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။
ဒီလို လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်များကို တရုတ်နှင့် ရုရှား နှစ်နိုင်ငံက ကန့်ကွက်ထားတယ်လို့ သိရပါတယ်။

အာကာသစခန်း သရုပ်ပြ
အဆိုပါ သဘောတူညီချက်များဟာ ကုလသမဂ္ဂ၏ လကမ္ဘာနှင့် သက်ဆိုင်သည့် သဘောတူစာချုပ် အပါအဝင် တည်ဆဲ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများကို စိန်ခေါ်နေကြောင်း ၎င်း ၂ နိုင်ငံက ပြောကြားခဲ့ပါတယ်။
ကျန်း ကတော့ ကုလသမဂ္ဂ၏ လကမ္ဘာနှင့် သက်ဆိုင်သည့် သဘောတူစာချုပ် ဟာ လူသားမျိုးနွယ် တခုလုံးနဲ့ သက်ဆိုင်တယ်လို့ ကာကွယ်ပြောဆို ထားပါတယ်။
လက်ရှိ လကမ္ဘာ နှင့် အခြား အင်္ဂါဂြိုဟ်ကဲ့သို့ ဂြိုဟ်များ၏ ကိုလိုနီ နယ်ပယ် ကိစ္စများဟာ ဦးသူပိုင် ပုံစံမျိုး ဖြစ်နေတယ်လို့ တရုတ်နှင့် ရုရှားက ထောက်ပြနေပေမယ့် ၎င်းတို့ အရင်ရောက်ရှိပါက ထိုကဲ့သို့ ပြောနိုင်မလားဆိုတာတော့ စဉ်းစားစရာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။