တရုတ်နိုင်ငံ အမျိုးသားနျူကလီးယားကော်ပိုရေးရှင်း မှ တည်ဆောက်ခဲ့တဲ့ တတိယမျိုးဆက် နျူကလီးယားဓာတ်ပေါင်းဖို ဟွားလုံ ဝမ်း ကို အသုံးပြုထားသည့် ပထမဆုံး နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကို စနေနေ့ (ဇန်နဝါရီ ၃၀) တွင် စတင် လည်ပတ်ခဲ့ပြီလို့ သိရပါတယ်။
တရုတ်နိုင်ငံ ဖူကျန်းပြည်နယ် ဖူချင်မြို့မှာ တည်ဆောက်ထားတဲ့ ဒီအဏုမြူဓာတ်ပေါင်းဖိုဟာ နှစ်ပေါင်း ၆၀ လောက် လည်ပတ်ဖို့ရာ ဒီဇိုင်းဆွဲထားတာပါ။
တည်ဆောက်ရာမှာ အသုံးပြုတဲ့ အဓိက ပစ္စည်းတွေကို ပြည်တွင်းမှာသာ ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟွားလုံ ဓာတ်ပေါင်းဖို ယူနစ်တစ်ခုစီဟာ ကီလိုဝပ် သန်းပေါင်း ၁.၁၆၁ လောက် ထုတ်ပေးနိုင်မှာဖြစ်ပြီး အသင့်အတင့်ဖွံ့ဖြိုးပြီး နိုင်ငံများရှိ လူတစ်သန်းစာအတွက် နှစ်စဉ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်လို့ တရုတ်အမျိုးသား နျုးကလီးယား ကော်ပိုရေးရှင်း CNNC ကပြောပါတယ်။

ကော်ပိုရေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ယွိကျန်ဖန်းက “တရုတ်နိုင်ငံဟာ အမေရိကန်၊ ပြင်သစ် နှင့်ရုရှားကဲ့သို့ နိုင်ငံများနှင့် အတူ တတိယမျိုးဆက် နျူးကလီးယား နည်းပညာရဲ့ ရှေ့တန်းနေရာမှာ ရောက်နေပြီ” လို့ပြောကြားခဲ့ပါသေးတယ်။
ယွီမှ ဟွားလုံ ဝမ်းကို စီးပွားဖြစ် အသုံးပြုခြင်းကြောင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ပြီး ၂၀၆၀ မတိုင်ခင် တရုတ်၏ ကာဗွန်ထုတ်လုပ်မှု ပပျောက်ရေးကို အောင်မြင်ဖို့ရာ အကူအညီပေးနိုင်လိမ့်မယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒုတိယမြောက် ဟွားလုံ ဝမ်း ကိုတော့ ယခုနှစ် နှောင်းပိုင်းလောက်မှာ ပြီးစီးမယ်လို့ သိရပါတယ်။
ZawGyi
တ႐ုတ္ႏိုင္ငံ အမ်ိဳးသားန်ဴကလီးယားေကာ္ပိုေရးရွင္း မွ တည္ေဆာက္ခဲ့တဲ့ တတိယမ်ိဳးဆက္ န်ဴကလီးယားဓာတ္ေပါင္းဖို ဟြားလုံ ဝမ္း ကို အသုံးျပဳထားသည့္ ပထမဆုံး န်ဴကလီးယား လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ကို စေနေန႔ (ဇန္နဝါရီ ၃၀) တြင္ စတင္ လည္ပတ္ခဲ့ၿပီလို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံ ဖူက်န္းျပည္နယ္ ဖူခ်င္ၿမိဳ႕မွာ တည္ေဆာက္ထားတဲ့ ဒီအဏုျမဴဓာတ္ေပါင္းဖိုဟာ ႏွစ္ေပါင္း ၆၀ ေလာက္ လည္ပတ္ဖို႔ရာ ဒီဇိုင္းဆြဲထားတာပါ။
တည္ေဆာက္ရာမွာ အသုံးျပဳတဲ့ အဓိက ပစၥည္းေတြကို ျပည္တြင္းမွာသာ ထုတ္လုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဟြားလုံ ဓာတ္ေပါင္းဖို ယူနစ္တစ္ခုစီဟာ ကီလိုဝပ္ သန္းေပါင္း ၁.၁၆၁ ေလာက္ ထုတ္ေပးႏိုင္မွာျဖစ္ၿပီး အသင့္အတင့္ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားရွိ လူတစ္သန္းစာအတြက္ ႏွစ္စဥ္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မွာ ျဖစ္တယ္လို႔ တ႐ုတ္အမ်ိဳးသား န်ဳးကလီးယား ေကာ္ပိုေရးရွင္း CNNC ကေျပာပါတယ္။

ေကာ္ပိုေရးရွင္းရဲ႕ ဥကၠဌျဖစ္သူ ယြိက်န္ဖန္းက “တ႐ုတ္ႏိုင္ငံဟာ အေမရိကန္၊ ျပင္သစ္ ႏွင့္႐ုရွားကဲ့သို႔ ႏိုင္ငံမ်ားႏွင့္ အတူ တတိယမ်ိဳးဆက္ န်ဴးကလီးယား နည္းပညာရဲ႕ ေရွ႕တန္းေနရာမွာ ေရာက္ေနၿပီ” လို႔ေျပာၾကားခဲ့ပါေသးတယ္။
ယြီမွ ဟြားလုံ ဝမ္းကို စီးပြားျဖစ္ အသုံးျပဳျခင္းေၾကာင့္ ကာဗြန္ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ႏိုင္ၿပီး ၂၀၆၀ မတိုင္ခင္ တ႐ုတ္၏ ကာဗြန္ထုတ္လုပ္မႈ ပေပ်ာက္ေရးကို ေအာင္ျမင္ဖို႔ရာ အကူအညီေပးႏိုင္လိမ့္မယ္လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။
ဒုတိယေျမာက္ ဟြားလုံ ဝမ္း ကိုေတာ့ ယခုႏွစ္ ေႏွာင္းပိုင္းေလာက္မွာ ၿပီးစီးမယ္လို႔ သိရပါတယ္။
Knowledgeworms Copyright © 2021