သဘာဝဘေးအန္တရာယ် စောင့်ကြည့် ဂြိုလ်တု ၃၆လုံးကို တစုတစည်းထဲ လွှတ်တင်မည့် တရုတ်နိုင်ငံ

News Science

တရုတ်နိုင်ငံဟာ သဘာဝ ဘေးအန္တရာယ်များကို နေ့စဥ်နှင့်အမျှ ကြိုတင်ခန့်မှန်းရန် နှင့် စောင့်ကြည့်စစ်ဆေးရန် ကြီးမားတဲ့ ရည်ရွယ်ချက်ဖြင့် ဂြိုလ်တုပတ်လမ်း အနိမ့်ထဲသို့ ဂြိုလ်တု ၃၆လုံးကို တစ်စုတစ်စည်းထဲ လွှတ်တင်မယ်လို့ သိရပါတယ်။

ဒီစီမံကိန်းအသစ်ကို Tianjin Satcom Geohe Technologies Co. , Ltd မှ ဦးဆောင်ပြီး ဒီစီမံကိန်းကြီးကို တာဝန်ယူတဲ့ နည်းပညာကုမ္ပဏီရဲ့ ဥက္ကဌ Guo Jianqiang က ပထမဆုံးဂြိုဟ်တုကို ၂၀၂၂ ခုနှစ် ဇွန်လမှာ လွှတ်တင်ပြီး စတင် တာဝန် ပေးအပ်မယ်လို့ China Daily သို့ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ဖို့အတွက် ဂြိုဟ်တုများကို အသုံးပြုသော တစ်ခုတည်းသော နိုင်ငံမဟုတ်ပါဘူး။

International Charter “Space and Major Disasters” သည် သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ကယ်ဆယ်ရေး နှင့် အရေးပေါ် လိုအပ်​နေသူများကို ကူညီရန် အာကာသ နည်းပညာကို အသုံးပြုသော နိုင်ငံတကာ ကြိုးပမ်းချက် တစ်ခုလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာ charter အဖွဲ့ဝင် ၁၇ ဦး နှင့် ကမ္ဘာတစ်ဝှမ်းမှ ပံံ့ပိုးထားတဲ့ ဂြိုလ်တု ၆၁ လုံးရှိပါတယ်။

ဒါဟာ တစ်ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရယ်များကို လျင်မြန်စွာတုံ့ပြန်နိုင်ရန် အရင်းအမြစ်များ နှင့် ကျွမ်းကျင်မှုများအတွက် များစွာအသုံးဝင်ပါတယ်။

အကောင်းဆုံးအချက်က ဒီ ကွန်ယက်က တစ်ပတ်လျှင် ခုနှစ်ရက် တစ်ရက် ၂၄ နာရီ အချိန်နဲ့ အမျှ သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုများကို သတိပြုမိစေရန် ကူညီပေးပါတယ်။

ဥရောပအာကာသအေဂျင်စီဟာ မုန်တိုင်းများ၊ ငလျင်များ၊ မီးလောင်မှုများ၊ ရေကြီးမှုများ၊ မီးတောင်များ နှင့်​ ရေနံယိုဖိတ်မှုများ ကဲ့သို့အဖြစ် အပျက်များကိုစောင့်ကြည့်ရန် ဂြိုဟ်တုများကို အသုံးပြုခဲ့ပါတယ်။

Guo Jianqiang က ဒီတရုတ် ဂြိုဟ်တု ကွန်ယက်အသစ်ဟာ ဘူမိဗေဒကျွမ်းကျင်သူများကို မီလီမီတာ အဆင့်ရှိတဲ့ ဘူမိဗေဒဆိုင်ရာ ပုံပျက်ယွင်းမှုတွေကို ရှာဖွေပြီး ခွဲခြမ်းစိတ်ဖြာနိုင်ရန် ကူညီပေးမည့် resolution မြင့်တဲ့ ပုံရိပ်တွေ ပံ့ပိုးပေးလိမ့်မည်ဟု ဆိုပါတယ်။

၎င်းဟာ မြေပြိုခြင်း နှင့် မြေကျွံခြင်း ကဲ့သို့သော ဘူမိဗေဒ ကပ်ဘေးများ ဖြစ်နိုင်ခြေကို တိုင်းတာရန် နှင့် ခန့်မှန်းရန်လည်း ကူညီပေးပါလိမ့်မည်။

အဆိုပါ ဂြိုဟ်တုအချက်အလက်များက ဘူမိဗေဒစစ်တမ်း နှင့် မြေပြင်အာရုံခံကိရိယာများမှ ဖမ်းယူရရှိသောအချက်အလက်များ နှင့် ပေါင်း စပ်ထားသဖြင့် သဘာဝ ဘေးအန္တရာယ်ခန့်မှန်းမှုကို တိတိကျကျမှန်မှန်ကန်ကန် နှင့် အချိန်မီ သိရှိစေသဖြင့် အစိုးရများ နှင့် နိုင်ငံသားများ ဒီလိုသဘာဝ ​ဘေးအန္တရာယ် အဖြစ်အပျက်တွေ အတွက် ကြိုတင်ပြင်ဆင်ရန် အချိန်ပို ရစေပါတယ်။

ပြီးခဲ့သည့် ဧပြီလကလည်း တရုတ်ဟာ ဂြိုလ်တုပေါင်း ၁၃၀၀၀ နဲ့ ဂြိုဟ်တုအင်တာနက် အစုအဝေးကြီးကို စတင်လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒီအင်တာနက် ဂြိုလ်တုတွေဟာ ကြိမ်နှုန်း အမျိုးမျိုးကိုလည်း ကျော်ဖြတ် လည်ပတ်နိုင်တာလဲ တွေ့ရပါတယ်။

ယခုအခါမှာ ဒီဂြိုလ်တုအားလုံးဟာ ကျွနိုပ်တို့ရဲ့ ကြီးထွားလာသော အာကာသ အပျက်အစီး ပြသာနာကို ဖြေရှင်းနိုင်မလားဆိုတာဟာ မေး ခွန်း တစ်ခု ဖြစ်လာပါတော့တယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *