ခြင်တွေ စိတ်မဝင်စားတဲ့ အရောင်များကို ရှာဖွေတွေ့ရှိခြင်း

Knowledge Science

ခြင်ကိုက်ခံရဖို့ ဆိုတာထက် ခြင်သံ တဝီဝီနဲ့ အနားမှာ ရှိနေရင်ကို စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်နေရလေ့ ရှိပါတယ်။

ခြင်တွေဟာ ကမ္ဘာပေါ်မှာ လူတွေအပေါ် ခြိမ်းခြောက်မှု အပေးနိုင်ဆုံး အရာများထဲက တခုလည်း ဖြစ်ပါတယ်။

အခုတော့ သိပ္ပံပညာရှင်များဟာ ခြင်တွေကို လေ့လာပြီး ခြင်ကိုက်တာကို တတ်နိုင်သမျှ ရှောင်လွှဲနိုင်မယ့် နည်းလမ်းတွေကို လေ့လာနေပါတယ်။

ဝါရှင်တန်တက္ကသိုလ်မှ သုတေသီတစု၏ တွေ့ရှိချက်အရ ခြင်များဟာ လူမှ ရှူထုတ်လိုက်တဲ့ ဓာတ်ငွေ့တွေကို သိရှိပြီးနောက် ပုံမှန်အားဖြင့် အနီရောင်၊ အဝါရောင်၊ အနက်ရောင် နှင့် စိမ်းပြာရောင်များ ရှိရာသို့ သွားရောက် တတ်တယ်လို့ သိရပါတယ်။

ဒါဟာ သူတို့ရဲ့ သားကောင်ကို ဘယ်လိုရှာဖွေသလဲ ဆိုတာကို လေ့လာဖို့ တွေ့ရှိမှုလည်း ဖြစ်ပါတယ်။

Illustration

လူသားတွေရဲ့ အရေပြားဟာ အနီ-အဝါရောင် ရောင်အဖြစ် ခြင်တွေရဲ့ အမြင်မှာ မြင်ရလေ့ ရှိပါတယ်။

ခြင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် အနံ့ကို ရရှိတာနဲ့ ၎င်းတို့ရဲ့ မျက်လုံးများကို လှုံ့ဆော်ပြီး အရောင်များ ခွဲခြားကာ သား ကောင် ကို ရှာဖွေလေ့ ရှိတယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ Jeffery Riffell က ပြောပါတယ်။

ဒီလေ့လာမှုရဲ့ ရလဒ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က Nature Communications တွင် ရေးသားခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုကြောင့် ခြင်တွေ ဆာလောင်တဲ့အခါ ဘယ်အရောင်တွေက ဆွဲဆောင်မှု ရှိတယ်၊ ဘယ်အရောင်တွေက ဆွဲဆောင်မှု မရှိတယ် ဆိုတာအပြင် ခြင်ပြေးစနစ်များ၊ ထောင်ချောက်များနှင့် အခြား ခြင်များကိုနှိမ်နင်းနိုင်မည့် နည်းများကိုပါ သိရှိစေမှာ ဖြစ်ပါတယ်။

Riffell မှ ခြင်တွေကို ဆွဲဆောင်တဲ့ အဓိက အချက်တွေကတော့ ကျွန်တော်တို့ အသက်ရှုခြင်း၊ ချွေးထွက်ခြင်း နှင့် အရေပြား ၏ အပူချိန်တို့ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

လေ့လာမှုတွင် ကျွန်တော်တို့ အဝတ်အစားတွေက အနီရောင်ဟာ လူတိုင်းရဲ့ အရေပြားပေါ်မှာလည်း တွေ့နိုင်ကာ အရေပြားပုံစံက အဓိကမဟုတ်ဘဲ အနီရောင်ဘယ်လောက်အထိ ရှိသလဲ ဆိုတာက အဓိက ဖြစ်တယ်လို့ ပြောပါတယ်။

Illustration

စမ်းသပ်မှု

စမ်းသပ်မှုတွေ သုတေသီများဟာ အခန်းငယ်အတွင်းမှာ ခြင်များကိုထည့်ပြီး အနံ့နှင့် အရောင်အစက်ကလေးများ သို့မဟုတ် လူ့၏လက် ကို အသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။

ခြင်များဟာ အနံ့ မရရှိပါက အခန်းအောက်တွင် ခြယ်သထားသည့် အရောင်အစက်များကို လစ်လျူရှုလေ့ ရှိပြီး အနံ့ရသည့်တိုင် အပြာ၊ အစိမ်း သို့မဟုတ် ခရမ်းရောင်များကို လစ်လျူရှုလေ့ ရှိတာကို တွေ့ရပါတယ်။

ဒါပေမယ့် အနီ၊ အဝါ၊ အနက် သို့မဟုတ် စိမ်းပြာရောင်တို့ကို တွေ့ရှိပါက ၎င်းတို့ဆီကို ပျံသန်းတာကို တွေ့ရပါတယ်။

လက်များကို ထားရှိစမ်းသပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် အနံ့ထည့်သွင်းလိုက်ပါက ခြင်ဟာ လူ၏ လက်များဆီ ပျံ သန်း လေ့ရှိပြီး လူ၏လက်ကို အရောင်ပြောင်းအောင်ဖြစ်ဖြစ် အစိမ်းရောင် လက်အိတ်ဖြစ်ဖြစ် ဝတ်လိုက်တဲ့အခါမှာတော့ လာရောက်ခြင်း မရှိတော့ပါဘူး။

ဒီသုတေသနကို အမျိုးသားကျန်းမာရေး တက္ကသိုလ်၊ လေတပ်ရုံးသိပ္ပံ သုတေသန ဌာန၊ ဝါရှင်တန် တက္ကသိုလ် နှင့် အမေရိကန် ကြည်းတပ် သုတေသနရုံးတို့မှ ပံ့ပိုးပေးတာ ဖြစ်ပါတယ်။

လေ့လာမှုကြောင့် အနာဂါတ်တွင် ခြင်ထောင်ချောက်များ၊ ခြင်းပြေးစက်များနှင့် အခြား ခြင်တိုက်ဖျက်ရေး ပစ္စည်းများ အ တွက် မှန်ကန်သည့် အရောင်များကို အသုံးပြုလာနိုင်တော့မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 6/2/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *