၁၄ ရာစုနှစ်ကျော်ကြာ တည်ရှိခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံးကုမ္ပဏီ

Knowledge World

အဏုမြူဗုံးနှစ်လုံးရန် ကနေတောင် လွတ်မြောက်ခဲ့တဲ့ ကုမ္ပဏီ

ဘုရားကျောင်း တည်ဆောက်ရာတွင် အထူးပြုဖြစ်သော မိသားစုပိုင် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Kongo Gumi က လွန်ခဲ့သော ၁၄၄၃ နှစ်တာကာလအတွင်း သူ့ရဲ့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေခြင်းဖြင့် ကမ္ဘာပေါ်တွင် လည်ပတ်နေသော သက်တမ်းအရှည်ဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

၅၇၈ ခုနှစ်တွင် Shigemitsu Kongo လို့ ခေါ်တဲ့ ထင်ရှားသော ကိုရီးယားလူမျိုး ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးကို မင်းသား Shōtoku မှ နိုင်ငံအတွင်း ဗုဒ္ဓဘာသာ ဘုရားကျောင်း တစ်ခု ဆောက်ရန် ဂျပန်နိုင်ငံသို့ ဖိတ်ကြားခဲ့ပါတယ်။

ကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့သည့် နာမည်ကျော် အိုဆာကာ ရဲတိုက်

ထိုအချိန်က ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာဟာ သာသနာအသစ် ဖြစ်သောကြောင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းကို တည်ဆောက်ရန် သို့မဟုတ် ဦးဆောင်ရန် လက်မှုပညာသည်တွေ မရှိခဲ့ပေ။

Kongo ကို ဂျပန်နိုင်ငံ၊ အိုဆာကာတွင် တည်ရှိဆဲဖြစ်သော Shitennō-ji (ကောင်းကင်ဘုံရှင်လေးပါး၏ ဘုရားကျောင်း) ကို တည်ဆောက်ရန် တာဝန်ပေးခဲ့ပါတယ်။

ထိုအချိန်တွင် Kongo ၏ မိသားစုဝင်တစ်ဦးက Kongo Gumi ဆိုပြီး စီးပွားရေး လုပ်ငန်းတစ်ခု စတင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက် ကုမ္ပဏီကို ၁၇ ရာစုမှစ၍ ၉.၈ ပေ (၃ မီတာ) ရှည်သော စာလိပ်တွင် စာရင်းသွင်းထားသော ကွန်ဂို၏ သားစဉ်မြေးဆက် ၄၀ ဖြင့် လည်ပတ်ခဲ့ပါတယ်။

Saigen Jiro/Wikimedia Commons

ကုမ္ပဏီ၏ သက်တမ်းရှည်ရခြင်းရဲ့ သော့ချက်မှာ ဗုဒ္ဓဘာသာဘုရားကျောင်း ဆောက်လုပ်ရေး လုပ်ငန်းက သန်းနှင့်ချီသော ဗုဒ္ဓဘာသာဝင်တွေကြောင့် ယုံကြည်အားထားရသော အဓိက လုပ်ငန်း တစ်ခု ဖြစ်ပြီး ကုမ္ပဏီက ထုတ်လုပ်သော ၀င်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ရရှိစေတာ ကြောင့် ဖြစ်ပါတယ်။

ကုမ္ပဏီက စိတ်ကို အေးချမ်းစေသော ဘုရားကျောင်းတွေကိုလည်း ဆောက်လုပ်ပေးပါတယ်။

အတိအကျပြောရလျှင် ၁၄ ရာစုနှစ်ကျော်ကြာ ၁၄၄၃ နှစ်အတွင်း ကုမ္ပဏီဟာ သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ် အတည်းများနှင့် ဒုတိယကမ္ဘာစစ်အတွင်း အဏုမြူဗုံးနှစ်လုံးတို့ထံမှ လွတ်မြောက်ခဲ့ပြီး လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။

လုပ်ငန်းတစ်ခုတည်ထောင်ပြီး ကုမ္ပဏီကို မိသားစုတွင် ၁၄၂၈ နှစ်ကြာ ထိန်းသိမ်းထားကာ ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလတွင် Kongo Gumi ဟာ ဘဏ္ဍာရေးအခြေအနေကြောင့် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်သိမ်းခဲ့ရပါတယ်။

Kongo Gumi ၏ ဘဏ္ဍာရေးအခက်အခဲတွေကို အကျဉ်းချုပ် ဖော်ပြရမည် ဆိုလျှင် ၁၉၈၀ ခုနှစ်များအတွင်း ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာရေးဖောင်းပွမှုကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

ထိုအချိန်က Bank of Japan (BoJ) က အတိုးနှုန်းကို အလွန်နိမ့်ကျအောင် ဖိနှိပ်ခဲ့ပြီး ပိုင်ဆိုင်မှုဖောင်းပွမှုကို ဖြစ်စေခဲ့ပါတယ်။

၂၀ ရာစု အစောပိုင်းတွင် တွေ့ရသည့် ကုမ္ပဏီမှ အလုပ်သမားများ

အတိုးနှုန်းနည်းပါးခြင်းကြောင့် ကုမ္ပဏီတွေကို အကြွေး အမြောက်အမြားယူရန် ဆွဲဆောင်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ပြီး ပိုင်ဆိုင်မှုစျေးနှုန်းတွေ ကျဆင်းသွားကာ ကုမ္ပဏီတွေဟာ အကြွေးတွေသာ ကျန်ခဲ့ပါတယ်။

Kongo Gumi ကလည်း ထိုကုမ္ပဏီများထဲတွင် ပါဝင်ခဲ့ပါတယ်။ ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုကြီးမားသော်လည်း ဆယ်စုနှစ် နှစ်ခုကျော်ကြာအောင် ရုန်းကန်နိုင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်၊ ဇန်နဝါရီ လ မှာတော့ Kongo Gumi မှ ရရှိ နေသော ဝင်ငွေဟာ အကြွေးဆပ်ရန် မလုံလောက် တော့သဖြင့် Takamatsu Construction Group ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.