တိရိစ္ဆာန်တွေတွေရဲ့ အစားအစာ အရသာခံစားမှုက လူတွေနဲ့ တူမတူ လေ့လာမှု

Knowledge Nature

တိရစ္ဆာန်​တွေဟာ ကျွန်ုပ်တို့လူသားတွေထက် ကွဲပြားစွာ မြင်နိုင်၊ အနံ့ခံနိုင်ကြပေမည့် ကျွန်ုပ်တို့စားသုံး​နေတဲ့ အစားအစာတွေ မှာတော့ အရသာ မတူညီပဲ ကွဲပြား​ကြ​ကြောင်း သုတေသနပြုချက်​တွေက ဖော်ပြနေပါတယ်။

ကျောရိုးရှိသတ္တဝါအားလုံးမှာ လျှာရှိသော်လည်း အရသာခံအဖု အရေအတွက်ကတော့ မျိုးစိတ်အလိုက် ကွဲပြားပါတယ်​။

ကျွန်ုပ်တို့ရဲ့လူသားတွေရဲ့ အနံ့ခံအာရုံအစွမ်းသတ္တိဟာ အနံ့ခံအာရုံခံ​တွေပေါ်မှာ မူတည်သလိုပဲ မျိုးစိတ်တစ်ခုရဲ့အရသာခံနိုင်ရည်ဟာလည်း ၎င်းတို့ရဲ့အရသာခံအဖု မည်မျှ ရှိတယ် ဆိုတဲ့အပေါ် မူတည်ပါတယ်။

အရသာခံအဖု ကွာခြားချက်များ

ယေဘူယျအားဖြင့် ငှက်တွေမှာ အရသာခံအဖု အလွန်နည်းပါးပါတယ်။

ဥပမာအနေနဲ့ ကြက်တွေမှာဆိုရင် အရသာခံအဖု ၃၀ ခန့်သာ ရှိကြပါတယ်။

လူသားတွေမှာဆိုရင် ၁၀,၀၀၀ ခန့်ရှိပါတယ်။ လူသားတွေရဲ့ အချစ်ဆုံးအိမ်မွေးတိရစ္ဆာန်တွေဖြစ်ကြတဲ့ ခွေးလေးတွေမှာ ၁၇၀၀ ဝန်းကျင်ရှိပြီး ကြောင်လေးတွေမှာတော့ ပျမ်းမျှအားဖြင့် ၅၀၀ အောက်သာ ရှိပါတယ်။

ဒါပေမယ့် နွားတွေ နဲ့ ဝက်တွေလို အပင်စားသတ္တဝါတွေရဲ့ အရသာခံအဖုဟာ လူတွေထက်တောင် များပါတယ်။ နွားတွေမှာဆိုရင် အရသာခံအဖု ၂၅,၀၀၀ ဝန်းကျင်ရှိပြီး ဝက်လေးတွေမှာ ၁၄,၀၀၀ လောက်ရှိပါတယ်။

“အပင်စား သတ္တဝါတွေမှာ ဆိုရင် အပင်တစ်ပင်မှာ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ ပါဝင်နေသလားဆိုတာ သိနိုင်ဖို့ လိုအပ်တာကြောင့် အရသာခံအဖုတွေ အများကြီးရှိပါတယ်” ဟု ဆစ်ဒနီတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုသိပ္ပံပါမောက္ခ ဒေါက်တာ Susan Hemsley ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါပေမယ့် အရသာအခံနိုင်ဆုံး တိရိစ္ဆာန်ဟာ ငါးခူ (catfish) ဖြစ်ပါတယ်။ ငါးခူရဲ့ ပါးစပ်တစ်ဝိုက်မှာဆိုရင် အရသာခံအဖုပေါင်း ၁၀၀,၀၀၀ ကျော်ရှိပါတယ်။

​ရေညှိ၊ ရေမှော်တွေရှိနေပြီး သိပ်မမြင်ရတဲ့ ရေပြင်မှာ အမဲလိုက်ဖို့ဆိုရင် ငါးခူတွေအတွက် အဆင့်မြင့် အရသာခံစားမှုဟာ အလွန်အရေးပါပါတယ်။

အရသာဆိုင်ရာ ဇီဝဗေဒ

တကယ်တော့ အရသာခံတဲ့နေရာမှာ အရသာခံအဖုအရေအတွက်တစ်ခုတည်းနဲ့သာ ဆိုင်တာ မဟုတ်ပါဘူး။

ကြောင်တွေမှာ ကျွန်ုပ်တို့ထက် အရသာခံအဖုပေါင်း ထောင်နှင့်ချီရှိမယ်ဆိုရင်တောင် ၎င်းတို့ရဲ့ ရှင်သန်ဖို့အတွက် မလိုအပ်တဲ့ သကြားဓာတ်ပါဝင်မှုကို အရသာမခံနိုင်ကြပါဘူး။

ဆင့်ကဲဖြစ်စဉ်အရ တိရစ္ဆာန်တွေဟာ အစားအစာကို စားသုံးတဲ့နေရာ ဘေးကင်းမှုရှိမရှိ ဆုံးဖြတ်ဖို့အတွက် အရသာကို အသုံးပြုကြပါတယ်။

ယေဘုယျအားဖြင့် မကောင်းတဲ့အရသာက ထိခိုက်စေနိုင်ချေကို ညွှန်ပြပြီး အရသာကောင်းတဲ့ အစားအစာက အန္တရယ်ကင်းတာကို ညွှန်ပြနေပါတယ်။

နို့တိုက်သတ္တဝါအများစုရဲ့လျှာတွေမှာ အရသာလက်ခံနိုင်တဲ့ ပရိုတင်းတွေ၊ စားသုံးတဲ့အရာများနှင့် ချိတ်ဆက်ကာ ဦးနှောက်ကို အချက်ပြပေးတဲ့ ပရိုတင်းများရှိကြပါတယ်။

တဖန် ဦးနှောက်ဟာ ရရှိရလာတဲ့ ခံစားချက်ကို ဘယ်လိုအရသာရှိလဲ ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုပေးပါတယ်။

လူတွေမှာဆိုရင် အချို၊ အချဥ်၊ အငန် ၊ အစပ် ၊ အဖန် ၊ အခါး ၊ အဆိမ့် အစရှိတဲ့ အရသာတွေကို ခံစားနိုင်ကြရှိပြီး သိပ္ပံပညာရှင်တွေကတော့ အဆီတွေကိုပါ အရသာခံနိုင်မယ်လို့ သံသယရှိပါတယ်။

သို့သော်လည်း တိရစ္ဆာန်တိုင်းမှာ ကျယ်ပြန့်တဲ့ အရသာခံနိုင်မှုမျိုး မရှိကြပါဘူး။ ဥပမာ တစ်ချို့တိရိစ္ဆာန်တွေဆိုရင် အချိုအရသာကို ခံနိုင်စွမ်း မရှိကြပါဘူး။

ချိုတဲ့အရသာခံပစ္စည်းဟာ Taslr2 နှင့် Taslr3 ဟုခေါ်တဲ့ မျိုးဗီဇနှစ်ခုမှ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ပရိုတင်းများနှင့် ဖွဲ့စည်းထားတာပါ။
သို့သော်လည်း ကြောင်တွေမှာ Taslr2 ရဲ့ DNA မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် 247 အတွဲမရှိတဲ့အတွက်ကြောင့် အချို အရသာကို မခံနိုင်ကြပါဘူး။

ဒါပေမယ့် ကြောင်တွေပဲ အချိုအရသာမခံနိုင်တဲ့ တစ်ခုတည်းသော သတ္တဝါတွေတော့ မဟုတ်ပါဘူး။

Monell Chemical Senses Center မှ သုတေသီတွေဟာ ကြောင်တွေ ၊ ခြင်္သေ့တွေ နှင့် ကျားတွေ ကဲ့သို့သော သားရဲတိရိစ္ဆာန်တွေအပြင် အခြားအသားစားသတ္တဝါတွေမှာလည်း အချိုကို အရသာမခံနိုင်တဲ့ မျိုးဗီဇပြောင်းလဲမှုများရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ခွေးလေးတွေလို သတ္တဝါတွေအတွက်တော့ အချိုဓာတ်ဟာ အပင်စားသုံးတဲ့ တိရိစ္ဆာန်တွေထက် အရေးကြီးတဲ့ အစားအစာအရင်းအမြစ်ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်ရဲ့ လက္ခဏာတစ်ခုဖြစ်လို့ ဒီဗီဇက ရှိနေပါသေးတယ်။

ကြောင်တွေဟာ အသားစား သတ္တဝါဖြစ်တဲ့အတွက်ကြောင့် အသက်ရှင် ရပ်တည်ဖို့ အတွက် အချိုဓာတ်တွေ မလိုအပ်ပါဘူး။ ဒါပေမယ့်ကြောင်တွေဟာ ခါးတဲ့အရသာကို ခံစားနိုင်ကြပြီး ဒါဟာ မကောင်းတဲ့ အသားများကို ရှောင်ရှားဖို့ ကူညီပေးပါတယ်။

ကြောင်တွေဟာ လူသားတွေ မခံစားရတဲ့ သက်ရှိ ဆဲလ် တိုင်းအတွက် စွမ်းအင် ပေးသော မော်လီကျူး တစ်ခု ဖြစ်တဲ့ adenosine triphosphate ကို အရသာခံနိုင်ကြပါတယ်၊ ၎င်းဟာ အသားထဲမှာပါတဲ့အတွက်ကြောင့် ကြောင်တွေက အရသာခံနိုင်ကြပါတယ်။

ခွေးလေး ၊ ကြောင်လေးတွေမှာဆိုရင် ရေကို ခံစားနိုင်တဲ့ အထူးအရသာခံအဖုများလည်း ရှိကြပါတယ်။ အဆိုပါ အာရုံခံအဖုလေးတွေဟာ သောက်သုံးနေစဉ်အတွင်း ရေနှင့်ထိတွေ့တဲ့ လျှာဖျားလေးမှာ ရှိပါတယ်။

လျှာရဲ့အဆိုပါအပိုင်းဟာ ရေကိုအမြဲတုံ့ပြန်နေသော်လည်း တိရစ္ဆာန်တွေဟာ ဆားငန်တဲ့အရာတစ်ခုခုကိုစားပြီး ရေလိုအပ်မှုတိုးလာတဲ့အခါတွေမှာ အရသာဟာ ပိုမိုခံစားရကောင်းလာပါတယ်။

ဒါဟာ ဆားပါဝင်မှုမြင့်မားတဲ့ အသားများစွာစားသုံးတဲ့ တိရစ္ဆာန်များအတွက်တော့ အသုံးဝင်ပါတယ်။

ဒါပေမယ့် လူတွေကတော့ အစားအသောက်တွေကို ပုံစံအမျိုးမျိုးနဲ့ အရသာခံ စားသောက်နေကြတာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.