မြေငလျင်ကို တိရစ္ဆာန်လေးတွေ ကြိုတင် ခန့်မှန်းနိုင်သလား

Knowledge Nature

ငလျင်ကြောင့် မြေကြီး တုန်လှုပ်သွားတဲ့ အခိုက်အတန့်ကို ကျွန်ုပ်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ နှင့် တိရစ္ဆာန်လေးတွေက ခန့်မှန်းနိုင်ကြပြီး ဘေးဥပုဒ်ကျရောက်တော့မှာကို ကြိုတင်သိရှိကြပါတယ်။

ဒါဆို တိရိစ္ဆာန်လေးတွေက မြေငလျင်ကို ကြိုတင် ခန့်မှန်းနိုင်သလားဆိုတာ စိတ်ဝင်စားဖွယ်အချက်တစ်ခု ဖြစ်လာပါတယ်။

တိရိစ္ဆာန်လေးတွေက မြေငလျင်ကို ကြိုတင်ခန့်မှန်းနိုင်ပါသလားဆိုတာနဲ့ပတ်သတ်ပြီး အခြား ထုတ်ဝေခဲ့တဲ့ လေ့လာမှုများစွာရဲ့ ခွဲခြမ်းစိတ်ဖြာမှုအသစ်အရ ပြောရခက်ခဲပါတယ်။

ဘာလို့လဲဆိုတော့ “သိပ္ပံနည်းကျ အထောက်အထားတွေက နည်းပါးတဲ့အတွက်ကြောင့် ဖြစ်တယ်” ဟု German Research Center for Geosciences (GMZ) မှ ငလျင်ပညာရှင် Heiko Woith က ပြောပါတယ်။

တိရိစ္ဆာန်တွေ ငလျင်လှုပ်မှာကို ကြိုတင်ခန့်မှန်းနိုင်တဲ့ သက်သေ အထောက်အထား များများ စားစား မရှိသေးသော်လည်း တစ်ချို့သော လေ့လာမှုတွေအရတော့ ဖြစ်နိုင်ခြေရှိပါတယ်။

ငလျင်မြင်ကွင်းတခု

သို့ပေမည့်လည်း “ပုံမှန်မဟုတ်တဲ့ တိရိစ္ဆာန် အပြုအမူတိုင်းဟာ နောက်လာမည့် ငလျင်နဲ့ ဆက်စပ်နေတာ မဟုတ်ဘူး” ဟု Woith က ဆိုပါတယ်။

တကယ်တော့ အဆိုပါ တိရစ္ဆာန်လေးတွေဟာ ငလျင်ကို ကြိုတင်ခန့်မှန်းခြင်းထက် ပြင်းထန်စွာ လှုပ်ခါမှုတွေ၊ အပျော့စား တုန်ခါမှု​တွေကို တုံ့ပြန်ခြင်း ဖြစ်နိုင်တာဖြစ်တယ်ဟု ၎င်းက ဆိုပါတယ်။

အားပြင်းငလျင်များလှုပ်ခတ်ပြီးနောက် လူအများစုက GMZ သို့ မကြာခဏဆက်သွယ်လေ့ရှိပြီး “ကျွန်ုပ်တို့အနေနှင့် ငလျင် လှုပ်နိုင်တာကို ကြိုတင်ခန့်မှန်းနိုင်ခြင်းရှိ၊ မရှိ၊ အင်တာနတ်ပေါ်ရှိ တိရိစ္ဆာန်လေးတွေရဲ့ လုပ်ဆောင်ချက် အစီရင်ခံစာများစွာက အကျိုးသက်ရောက်မှု ရှိ၊ မရှိ လူများစုက မေးမြန်းလေ့ရှိပါတယ်။

အဆိုပါ မေးခွန်းနှင့်ပတ်သတ်ပြီး Woith နှင့် သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက အင်းဆက်​တွေ၊ ငှက်​တွေ၊ ငါး​တွေနှင့် နို့တိုက်သတ္တဝါတွေ (အများစုမှာ ကြောင်၊ ခွေးနှင့် ကျွဲနွား) အပါအဝင် မျိုးစိတ်ပေါင်း 130 ကျော်ရဲ့ အပြုအမူတွေကို မှတ်တမ်းတင်ထားတဲ့ ငလျင် အစီရင်ခံစာ 700 ကျော်ကို အကဲဖြတ်ခဲ့တယ်ဟု ဆိုပါတယ်။

မှတ်တမ်းတွေမှာ ငလျင်မလှုပ်မီ စိတ်ဖိစီးနေတဲ့ ကျားတစ်ကောင် အပါအဝင် အပြုအမူ အမျိုးမျိုး ပါဝင်ပါတယ်။

ငလျင်မြင်ကွင်းတခု

များပြားလှတဲ့ အပြုအမူတွေကို လေ့လာကြည့်ရာမှာ ကောင်းမွန်တဲ့ အချကိအလက်က နဲပါးတယ်ဟု ဆိုပြီး နောက်တစ်ချက်က လူအများစုက ငလျင်လှုပ်ခတ်ချိန်မတိုင်ခင်၊ ငလျင်လှုပ်ပြီး ကာလတွေမှာ တိရိစ္ဆာန်တွေကို သေသေချာချာ ဂရုမစိုက်ကြဘူးဟု Woith က ဆိုပါတယ်။

“တိရိစ္ဆာန်တွေရဲ့ အပြုအမူ ​နိမိတ်ပုံစံ​တွေဟာ ငလျင်ကြီးမာလာခင် ရှေ့ပြေး ငလျင်ငယ်လေး တွေနဲ့ သိသိသာသာ ဆက်စပ်မှုရှိတယ် ” ဟု Woith က ဆိုပါတယ်။

အနည်းဆုံးတော့ ပုံမှန်မဟုတ်တဲ့ တိရစ္ဆာန်တွေရဲ့ အပြုအမူတချို့ဟာ ငလျင်ကြီးမလာခင် ဖြစ်ပေါ်တက်တဲ့ ငလျင်ငယ်တွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

တိရိစ္ဆာန်တွေရဲ့ ငလျင်လှုပ်နိုင်ချေ ခန့်မှန်းနိုင်မှုကို ပိုမို ကောင်းမွန်စွာ လေ့လာနိုင်ဖို့ အတွက် Woith နှင့် ၎င်းရဲ့ လုပ်ဖော်ကိုင် ဖက်တွေက လာမည့် စမ်းသပ်မှုတွေမှာ ကိရိယာ​တွေ စမ်းသပ် တပ်ဆင်ခြင်းနှင့် စောင့်ကြည့်ခြင်း လုပ်ငန်းစဉ်တွေ လုပ် ဆောင်တော့မှာ ဖြစ်တယ်ဟု ဆိုပါတယ်။

ငလျင်မြင်ကွင်းတခု

တစ်ချိန်တည်းမှာပဲ လူသားတွေဟာ ငလျင်မလှုပ်မီ စက္ကန့်ပိုင်းအတွင်း ထောက်လှမ်းနိုင်တဲ့ နည်းပညာများကို လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် Quake Alert ဟုခေါ်တဲ့ ဘီတာ စမတ်ဖုန်း အက်ပလီကေးရှင်းဟာဆိုရင် 2018 ခုနှစ် ဧပြီလ 5 ရက်နေ့တုန်းက ငလျင်မလှုပ်မီ မိနစ်ဝက်ခန့်အလိုတွင် Los Angeles ရှိ လူတွေအားလုံးကို သတိပေးဖို့ ကူညီပေးခဲ့ဖူးပါတယ်။

အဆိုပါ အပလီကေးရှင်းဟာ ငလျင်ဒဏ်ခံ အာရုံခံကိရိယာများဖြစ်သည့် P-waves ဟုခေါ်တဲ့ ငလျင်မှ ဖြာ ​ထွက်လာတဲ့ ပထမ ဆုံး စွမ်းအင်လှိုင်းတွေကို ထောက်လှမ်းနိုင်တဲ့ ငလျင် အာရုံခံ ကိရိယာ ကွန်ရက်ကို မှီခိုပြီး ပိုမို အားကောင်းတဲ့ S-wave သို့မဟုတ် shear wave မရောက်မီ လူများကို အသိပေးခြင်းဖြင့် အလုပ်လုပ်တယ်ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 22/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *