ငါးတွေဟာ နာကျင်မှု ခံစား ရနိုင်လား

Article Nature

၂၀၀၄ ခုနှစ် ဩဂုတ်လထုတ် Gourmet မဂ္ဂဇင်းတွင် David Foster Wallace က စာဖတ်သူတွေကို ကျောက်ပုစွန်တွေ အကြောင်းကို စဉ်း စား ကြည့်လိုက်ပါ လို့ ပြောဆိုခဲ့ပါတယ်။

Maine ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကျောက်ပုစွန်ပွဲတော်အတွက် ပုံမှန်တာဝန်တစ်ခုအနေဖြင့် စတင်ခဲ့တဲ့အရာဟာ ဖမ်းဆီးခံရခြင်းမှ ညစာစားပွဲအထိ ကျောက်ပုစွန်ရဲ့အမြင်ကို နားလည်ရန် စူးစမ်းမှုတစ်ခုအဖြစ် စတင်ခဲ့ပါတယ်။

ထို့အပြင် ပုစွန်တွေကို ကုန်စုံဆိုင်ကန်တွေမှာ လက်မတွေကို ကြိုးနဲ့ချည်ထားပြီး အချင်းချင်း ပူးကပ်နေတဲ့ ပုစွန်တွေဟာ သနားစရာကောင်းလှပါတယ်။

ဒီလို အဆင်မပြေတဲ့စွာ နေရတဲ့ပုံစံမှာ ကြံ့ကြံ့ခံနေထိုင်ခြင်းရဲ့ ဆုလာဘ်မှာ အရှင်လတ်လတ် အပြုတ်ခံရတာ ဖြစ်နေပါတယ်။

ပြီးတော့ အပေါ်ကနေ ပုစွန်တွေရဲ့ အခွံတွေကို ဖြတ်ပြီး ရေနွေးငွေ့ဆူသံက နောက်ဆုံး နှုတ်ဆက်စကားသံနဲ့တောင် တူပါတယ်။

ဤတိရစ္ဆာန်တွေကို လူတမျှသဘောထားတဲ့ စိတ်ဓာတ်ကို ဖယ်လိုက်လျှင် ဘယ်အရာက အမှန်တရားလဲ။

ကျောက်ပုစွန်တွေကို ချက်ပြုတ်နေတဲ့သူတွေက သူတို့ဖမ်းထားတဲ့ အခွံမာကောင်တွေကို ရက်ရက်စက်စက် ခံစားစေပြီး မူမမှန်တဲ့ ပြစ်ဒဏ်တွေပေးတဲ့ သနားညှာတာမှု ကင်းမဲ့တဲ့ လူတွေလား။

Wallace ဟာ ကျွန်တော်တို့ကို တိကျတဲ့ အဖြေကို မပေးသေးပါဘူး။

အထူးသဖြင့် ခံစားချက်တွေက ကိုယ့်ကိုယ်ကို အစီအရင် မခံနိုင်တဲ့အခါ နာကျင်မှုက တိုင်းတာဖို့ ရှုပ်ထွေးတဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။

သင့်ခွေး သို့မဟုတ် ကြောင်ကဲ့သို့သော နို့တိုက် သတ္တဝါတွေဟာ ပြင်းထန်စွာ အသက်ရှုခြင်း၊ သူတို့ရဲ့ ခန္ဓာကိုယ် ဒဏ်ရာ ဧရိယာကို စောင့် ကြပ် ခြင်းနဲ့ နာကျင်မှုကို အသံထွက်ခြင်းဖြင့် ပိုမိုသိသာထင်ရှားတဲ့ နာကျင်မှုအချက်ပြမှုတွေကို ပြသပါတယ်။

တစ်ဖက်မှာ ငါးတွေကတော့ အဆုံးသတ်အထိ ဆက်ခါဆက်ခါ ထိုးနှက်ခံရပါတယ်၊ ဒါပေမယ့် ဒီလောက်ပါပဲ။

Wallace ရဲ့ ပုဇွန်အပိုင်းမတိုင်မီ တစ်နှစ်ခန့်အလိုတွင် ဇီဝကမ္မဗေဒပညာရှင် Lynne Sneddon ဟာ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

Sneddon ဟာ အထူးသဖြင့် သက်တံ့ထရောက်ငါး (trout) က နာကျင်မှုကို သိရှိနိုင်ပြီး ခံစားရနိုင်ကြောင်း အဆိုပြုတဲ့ လေ့လာမှုတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ငါးတွေဟာ နာကျင်မှုကို ခံစားရခြင်း ရှိမရှိ အပေါ် ယခင် သုတေသနဟာ ငါးမန်းကဲ့သို့ အရိုးနု မျိုးစိတ်တွေကိုသာ အာရုံစူးစိုက်ခဲ့ပါတယ်။

ပထမအကြိမ်မှာ Sneddon ရဲ့အလုပ်ဟာ teleostic (အရိုးများသော) ငါးများတွင် ဖြစ်နိုင်ချေရှိတဲ့ နာကျင်ခံစားမှုတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။

ပို၍တိကျစွာ Sneddon ဟာ ထရောက်ငါးရဲ့ပါးစပ်နားတစ်လျှောက်တွင် nociceptors လို့ခေါ်တဲ့ နာကျင်မှုကို လက်ခံတဲ့ပစ္စည်း ၅၈ ခုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
သူမဟာ ပါးစပ်နားသို့ ပျားအဆိပ်နဲ့ acetic acid ထိုးသွင်းခြင်းရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်ခဲ့ပါတယ်။

နာကျင်နေတဲ့ငါးတွေဟာ သူတို့ရဲ့နှာခေါင်းတွေကို ကျောက်စရစ်ခဲတွေနဲ့ ပွတ်သပ်ပြီး ခန္ဓာကိုယ်တွေကို လှုပ်ရမ်းခြင်းကဲ့သို့သော ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို ပြသခဲ့ပါတယ်။

မော်ဖင်းဟာ နာကျင်မှုကို ပျက်ပြယ်စေတာကြောင့် ထရောက်ငါးရဲ့ တုံ့ပြန်မှုဟာ ရိုးရိုးရှင်းရှင်း တုံ့ပြန်မှု မဟုတ်သော်လည်း နာကျင်မှုကို တုံ့ပြန်တဲ့ စစ်မှန်သော ပြသမှုဖြစ်ကြောင်း Sneddon ကောက်ချက်ချခဲ့ပါတယ်။

ငါးဖမ်းလုပ်ငန်းနဲ့ အခြားသိပ္ပံပညာရှင်တွေအကြား လေ့လာမှုရဲ့သဘောထားဟာ လုံးဝမချောမွေ့ခဲ့ပါဘူး။

ငါးတွေဟာ နာကျင်မှုကို ခံစားရရန် ဦးနှောက်ရှုပ်ထွေးမှုမရှိဘူးဆိုတဲ့ ဝေဖန်ချက်တစ်ခုက တွေ့ရှိချက်ကို ပယ်ချခဲ့ပါတယ်။ အခြားသူတွေကလည်း ခြိမ်းခြောက်နေတဲ့ အခြေအနေတစ်ခုကို သဘာဝဇီဝကမ္မတုံ့ပြန်မှုတစ်ခုအဖြစ် ယူဆထားကြပါတယ်။

တစ်ဖက်တွင် တိရစ္ဆာန်အခွင့်အရေး ထောက်ခံသူတွေက အဲ့တာကို လူသားမဆန်တဲ့ အပန်းပြေစက်မှု ငါးဖမ်းခြင်းရဲ့ အပြုသဘောဆောင်တဲ့ သက်သေအဖြစ် မြင်ပါတယ်။


တစ်နည်းအားဖြင့် အားလုံးက မှန်ပါတယ်။

ငါးတွေရဲ့ နာကျင်မှု

နာကျင်မှုက အဆင်မပြေဘူးဆိုတာ ကျွန်တော်တို့သိပေမယ့် ကျွန်တော်တို့ကို ရှုံ့တွစေပြီး မျက်ရည်ကျစေတဲ့ အရာတွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အတိအကျ ဘာတွေဆက်ဖြစ်နေတာလဲ။

နာကျင်မှုအကြောင်း လေ့လာမှုရဲ့ နိုင်ငံတကာအဖွဲ့အစည်းရဲ့အဆိုအရ နာကျင်မှုဟာ အပိုင်းနှစ်ခုပါဝင်တဲ့ အတွေ့အကြုံတစ်ခုသာ ဖြစ်တယ်လို့ သိရပါတယ်။

ပထမဦးစွာ သင့်မှာ ဦးနှောက်နဲ့ ဆက်သွယ်နေတဲ့ အာရုံကြောတွေရဲ့ အာရုံကြောဇီဝဖြစ်စဉ် ရှိပါတယ်။ ဒုတိယအချက်မှာ လူတစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ဝေဒနာအပေါ် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု ရှိပါတယ်။

နာမည်မကောင်းသော်လည်း နာကျင်မှုဟာ ရှင်သန်ရေးကိရိယာတစ်ခု ဖြစ်နိုင်ပါတယ်။ ပူလောင်နေသော မီးဖိုပေါ် လက်တင်ကာ လက်ကို အပူလောင်စေပြီး ပြန်ဆွဲလိုက်ခြင်းရဲ့ အာရုံခံတုံ့ပြန်မှုကို စဉ်းစားကြည့်ပါ။

ဒီနည်းနဲ့ နာကျင်မှုက ကျွန်တော်တို့ကို ကာကွယ်ပေးပါတယ်။

သင့်ခန္ဓာကိုယ်ဟာ တစ်သျှူးတွေပျက်စီးနိုင်တဲ့အန္တရာယ်နဲ့ ဘေးကင်းရန် လိုအပ်ကြောင်း ၎င်းမှ ပြောပြပါတယ်။

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ရှိ nociceptor အာရုံကြောဆဲလ်တွေဟာ ဗဟိုအာရုံကြောစနစ်မှတဆင့် ဦးနှောက်သို့ လမ်းကြောင်းတလျှောက် နာကျင်မှုနဲ့ ပတ်သက်တဲ့ ကနဦးသတင်းထုတ်ပြန်ချက်ကို ပေးပို့ပါတယ်။

အခြားနို့တိုက်သတ္တဝါတွေ၊ ငှက်တွေနဲ့ ငါးတွေမှာလည်း nociceptors တွေရှိကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။

အဆိုပါ အာရုံကြောဆဲလ်တွေ တည်ရှိနေခြင်းဟာ ငါးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို တစ်စုံတစ်ခု ထိခိုက်လာသောအခါတွင် သိရှိနိုင်တဲ့ အာရုံခံနိုင်စွမ်းရှိတယ်လို့ ဆိုလိုပါတယ်။

ထို့ကြောင့် ငါးတွေဟာ အာရုံကြောဆိုင်ရာ နာကျင်မှု ဖြစ်စဉ်ကို ခံစားရနိုင်ပါတယ်။

ငါးတွေဟာ နာကျင်မှုကို ခံစားနိုင်တယ်ဆိုတာကို ဆန့်ကျင်တဲ့ အဓိက ငြင်းခုံချက်တစ်ခုမှာ သူတို့ရဲ့ ဦးနှောက်ဟာ ထို့အတွက် လိုအပ်တဲ့ neocortex လို့ခေါ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဒြပ်စင်တွေ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

ငါးရဲ့ဦးနှောက်တွေဟာ ကျွန်တော်တို့ထက် ရှုပ်ထွေးမှု နည်းပါးသော်လည်း သူတို့ဟာ ရေထဲတွင် သတိမဲ့စွာ လွင့်မျောနေခြင်းမရှိပါဘူး။

အလိုအလျောက် တုံ့ပြန်မှုကဲ့သို့ပင် ငါးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သူတို့ အန္တရာယ် ကျရောက်တဲ့အခါ ထုတ်လွှတ်တတ်တဲ့ ဓာတုပစ္စည်းတွေ ပါရှိပါတယ်။

ငါးတွေဟာ tetrapods (ခြေလက်လေးချောင်းပါသော ကျောရိုးရှိသတ္တဝါများ) မှာရှိတဲ့ အာရုံကြောတွေနဲ့ဆင်တူတဲ့ ခန္ဓာကိုယ်တွင်း နာကျင်မှုအာရုံကြောအမျှင်တွေ ပါရှိပါတယ်။

ခြုံငုံကြည့်လျှင် သိပ္ပံနည်းကျသဘောတူချက်မှာ ငါးတွေဟာ ရှင်သန်မှုဆိုင်ရာ နည်းလမ်းအဖြစ် နာကျင်မှုအပေါ် အာရုံကြော ဇီဝကမ္မပိုင်း ဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ တုံ့ပြန်မှုတွေကို ဖော်ပြရန် ခန္ဓာဗေဒဆိုင်ရာ လိုအပ်ချက်တွေ ရှိပါတယ်။

သို့သော်လည်း ငါးတွေဟာ လူသားတွေကဲ့သို့ နာကျင်မှုကို ခံစားမှုဖြင့် တုံ့ပြန်ကြောင်း အထောက်အထား အနည်းငယ်သာ ရှိပါသေးတယ်။

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေကို အကာအကွယ်ပေးတဲ့ အခြားနည်းလမ်းတစ်ခုအနေဖြင့် ကျွန်တော်တို့ရဲ့ နာကျင်မှုတုံ့ပြန်မှုဟာ ဦးနှောက်အတွင်းရှိ amygdala ကို စိတ်လှုပ်ရှားစေပြီး သီးခြားလှုံ့ဆော်မှုတစ်ခုရဲ့ မနှစ်မြို့ဖွယ်အကျိုးသက်ရောက်မှုကို မှတ်ဉာဏ်တစ်ခုအဖြစ် ဖန်တီးပေးတဲ့ မကောင်းတဲ့စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုနဲ့အတူ လာပါတယ်။

ထို့ကြောင့် ကလေးအများစုဟာ ပူတဲ့မီးဖိုကို တစ်ကြိမ်သာ ထိကြလိမ့်မှာ ဖြစ်ပါတယ်။

ငါးတွေရဲ့ ဦးနှောက်တွေမှာ amygdaloid ရှုပ်ထွေးမှု ပါ၀င်သော်လည်း ၎င်းသည် ကြောက်ရွံ့ခြင်းထက် ရန်လိုမှုကို ဖြစ်ပေါ်စေပါတယ်။

မည်သို့ပင်ဆိုစေကာမူ ငါးတွေဟာ အာရုံခံမှတ်ဉာဏ်တွေကို ဖန်တီးနိုင်ကြပါတယ်။ ဥပမာအားဖြင့် ထရောက်ငါးတွေဟာ ကနဦးတွေ့ကြုံပြီးတဲ့နောက် လတွေအကြာ ငါးဖမ်းပိုက်တွေမှာ ဖမ်းမိခြင်းကို ဘယ်လိုရှောင်ရှားရမယ်ဆိုတာကို မှတ်မိနိုင်ပါတယ်။

ထို့ကြောင့် ငါးတွေဟာ နာကျင်မှုကို အမှန်တကယ်ခံစားရခြင်းရှိမရှိ မသေချာသော်လည်း ၎င်းနှင့်ပတ်သက်တဲ့ မှတ်ဥာဏ်တွေဟာ သူတို့ရဲ့ ဦးနှောက်ထဲမှာ စွဲမြဲနေပါတယ်။

ငါးတွေဟာ နာကျင်မှုကို ခံစားနိုင်သော်လည်း လူသားတွေကဲ့သို့ ခံစားချက်မျိုး မလိုအပ်ဘဲ ခံစားရပါက ဒါဟာ ကျွန်တော်တို့ကို ဘယ်မှာ ထားခဲ့တာလဲ။

ငါးဖမ်းလုပ်ငန်းဟာ ရည်ရွယ်ချက်မယ့် ငါးသေဆုံးမှု အရေအတွက်ကို လျှော့ချရန်အတွက် ဖမ်းခြင်းနဲ့ လွှတ်ပေးခြင်းဆိုင်ရာ မူဝါဒတွေကို ချမှတ်ထားပြီးဖြစ်ပါတယ်။

အချို့သော တံငါသည်တွေဟာ မဆွဲတင်မီ ငါးရဲ့ ရုန်းကန်မှုအချိန်ကို ဖြတ်တောက်စေတဲ့ သန်မာတဲ့ ချိတ်ကောက်တွေကို အသုံးပြုကြပါတယ်။

ကျောက်ပုစွန်တွေကိုတော့ စားဖိုမှူးတွေက ရေနွေးပူထဲသို့ အရှင်လတ်လတ် ပစ်ချမယ့်အစား မျက်လုံးကို အမြန်ရိုက်ခြင်းဖြင့် အဆုံးသတ် ပေး နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒါက ကိုယ်ကျင့်တရားအရ အငြင်းပွားဖွယ်ရှိပါတယ်။

အချို့သောလူတွေအတွက် လတ်ဆတ်တဲ့ ကတ်ကရစ်ငါး သို့မဟုတ် ထရောက်ငါးတွေ ဖမ်းယူခြင်းမှ ရှောင်ရှားရန် ငါးရဲ့ဝေဒနာကို အခိုင် အမာ သက်သေပြနိုင်တဲ့ ပမာဏမရှိပါဘူး။

အခြားသူတွေအတွက်တော့ ငါးဖမ်းတဲ့သူတွေဟာ အခြားသက်ရှိသတ္တဝါတွေကို နာကျင်စေတဲ့အတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်းပါတယ်။ သင်ဟာ ဘယ်ဘက်ခြမ်းမှာရပ်တည်ပါစေ အလွယ်တကူသဘောတူထားတဲ့ အချက်တစ်ခုရှိပါတယ်။

ငါးပဲဖြစ်ဖြစ်၊ ကြက်၊ ငှက်ပဲဖြစ်ဖြစ် နို့တိုက်သတ္တဝါပဲဖြစ်ဖြစ် အာရုံကြောဆိုင်ရာနာကျင်မှုက ကျွန်တော်တို့ အားလုံးမှာ ဖြစ်ပေါ်ပါတယ်။ ဒါဟာ ငြင်းခုံရန် ကျန်ရှိနေတဲ့ ဝေဒနာခံစားနိုင်စွမ်းပဲဖြစ်ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *