ဂြိုဟ်ရံလတွေမှာ ၎င်းတို့ကို လှည့်ပတ်နေတဲ့ လတွေ ပိုင်ဆိုင် နိုင်ခြင်း ရှိမရှိ လေ့လာခြင်း

Knowledge Science

အချို့ ဂြိုဟ်တွေမှာ ဂြိုဟ်ရံ လတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ အများကြီး သိခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ဂြိုဟ်ရံလများမှာလည်း ၎င်းတို့ကို လှည့်ပတ်နေတဲ့ လတွေ ရှိလာနိုင်မလားဆိုတာ တွေးမိကောင်း‌ တွေးမိနိုင်ပါတယ်။

ကမ္ဘာတွင် ဂြိုဟ်ရံလ တလုံး ရှိသလို နေကို လှည့်ပတ်နေတဲ့ ဂြိုဟ်ကြီး ၈ လုံးမှာ ဂြိုဟ်ရံလ မရှိတဲ့ ဂြိုဟ်ဆိုလို့ မာကျူရီ နှင့် ဗီးနပ်စ် ဂြိုဟ် ၂ လုံးပဲ ရှိပါတယ်။

နက္ခတ္တဗေဒ ပညာရှင်များဟာ နေအဖွဲ့အစည်းအတွင်း ရှိ ဂြိုဟ်ရံလများ အပြင် အခြား နေအဖွဲ့အစည်း အလွန်ရှိ ဂြိုဟ်များကို လှည့်ပတ်နေတဲ့ exomoon ခေါ် ဂြိုဟ်ရံလများကိုလည်း တွေ့ရှိထားပါတယ်။

ဒါပေမယ့် ဂြိုဟ်ရံလတွေ ကိုယ်တိုင်က ၎င်းတို့ကို လှည့်ပတ်နေတဲ့ လတွေ ရှိနေဦးမလား ဆိုတာ လေ့လာခဲ့ကြဖူးပါတယ်။

ဒီ သဘောတရားကို အဖြေရှာနိုင်ဖို့ အခြေခံကျတဲ့ စဉ်းစားမှု တခုကတော့ ဂြိုဟ်ရံလတွေ ဘယ်လို ဖြစ်လာတယ် ဆိုတာပါပဲ။

စေတန်၏ ဂြိုဟ်ရံလ Tethys Image: Courtesy of NASA/JPL-Caltech/Space Science Institute

ဂြိုဟ်ရံလ ဆိုတာဘာလဲ

လဆိုတာ ၎င်းလှည့်ပတ်နေသည့် မိခင် ဂြိုဟ်တွင် တည်ငြိမ်သည့် ပတ်လမ်းဖြင့် လှည့်ပတ်နေသည့် အာကာသအတွင်းမှ အရာတခု ဖြစ်ပါတယ်။

ဂြိုဟ်ရံလတွေရဲ့ အများဟုဟာ ၎င်းတို့ လှည့်ပတ်နေသည့် ဂြိုဟ်ကို ဖြစ်ပေါ်စေသည့် နေ ခေါ် ကြယ် တဝိုက်ရှိ တူညီသည့် ကြီးထွားလာသည့် ဂြိုဟ်သိမ်ကဲ့သို့ အပိုင်းများမှ ဖြစ်ပေါ်လာတယ်လို့ ယူဆကြပါတယ်။

ဒါပေမယ့် ဒီ သီအိုရီမှာ ချွင်းချက် အချို့တော့ ရှိနေပါသေးတယ်။

လများစွာဟာ ဂြိုဟ်သိမ်အချို့ကို ဆွဲအားကြောင့် မိခင်ဂြိုဟ်အား လှည့်ပတ်လာစေသကဲ့သို့ အချို့ကတော့ ပိုကြီးတဲ့ ဂြိုဟ်ရံလများမှ ကွဲထွက်သွားတဲ့ အပိုင်းအစများလည်း ဖြစ်နိုင်ပါတယ်။

အမှန်စင်စစ် ကျွန်တော်တို့ ကမ္ဘာကို လှည့်ပတ်နေသည့် လဟာ အင်္ဂါဂြိုဟ်လောက်ရှိတဲ့ ဂြိုဟ်အရွယ်အစား တခုနှင့် တိုက်မိခဲ့သည့်အတွက် အစိတ်အပိုင်းများ ထွက်လာပြီး စုစည်းကာ ယနေ့ မြင်နေရတဲ့ ပုံစံ ဖြစ်လာတယ်လို့ သုတေသီများက ယူဆထားပါတယ်။

ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလ Ganymede ကို ကြီးမားသည့် ဂျူပီတာဂြိုဟ်နောက်ခံထားပြီး မြင်ရစဉ် Image: Courtesy of NASA/ESA/EKarkoschka (University of Arizona)

ဒါဆို လတွေမှာ ကိုယ်ပိုင်လ ရှိနိုင်သလား

ပိုမို ကြီးမားသည့် အရွယ်အစားရှိသည့် ဂြိုဟ်များကဲ့သို့ အရာများကို တွေ့ရှိကာ လှည့်ပတ်နေတာ ဖြစ်တဲ့အတွက် လအသစ် များကတော့ ဂြိုဟ်သိမ်များကို ဖမ်းယူနိုင်မှာသာ ထပ်မံ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလို မှီခိုနေရတဲ့ လတွေဟာ သေးငယ်သည့် အရာဝတ္ထုများ၏ ရွေ့လျားမှုကို ထိန်းချုပ်ပြီး ၎င်း၏ ပတ်လမ်းကြောင်းထဲကို တွန်းပို့ဖို့ လုံလောက်တဲ့ ဆွဲငင်အားတော့ မရှိကြပါဘူး။

ဒါ့ကြောင့် ရှိလာခဲ့ရင်တောင် ၎င်းလှည့်ပတ်နေသည့် မိခင်ဂြိုဟ်မှ အနီးအနားကို ရောက်ရှိလာသည့် ဂြိုဟ်သိမ်ကို လွှမ်းမိုးမှု ရှိပြီး မတည်ငြိမ်သည့် ပတ်လမ်းကြောင်းကိုသာ ဖန်တီးနိုင်ဖွယ် ရှိပါတယ်။

ထို့ကြောင့် လတွေမှာ ကိုယ်ပိုင်လ ရှိနိုင်လားဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ လတွေမှာ သဘာဝတိုင်း ဂြိုဟ်ရံလတွေ ဖြစ်လာနိုင်စရာ မရှိဘူး ဆိုတာပါပဲ။

သို့ပေမဲ့ စေတန်ဂြိုဟ်၏ ဂြိုဟ်ရံလများဖြစ်တဲ့ Tethys နှင့် Dione တို့ဟာ ၎င်းတို့အတွက် အဖော်ငယ်များကို Lagrangian point လို့ခေါ်တဲ့ ၎င်းတို့ ပတ်လမ်းနှင့် ဆွဲအား မျှချေမှာ ဖမ်းထားတာ ရှိပါတယ်။

၁၉၈၀ ခုနှစ်တွင် Voyager 1 မှ ရိုက်ယူခဲ့သည့် စေတန်ဂြိုဟ်၏ ဂြိုဟ်ရံလ ၂ လုံးဖြစ်သည့် Tethys နှင့် Dione Image: Courtesy of NASA/JPL

အဆိုပါ နေရာများဟာ ဂြိုဟ်နှင့် လ စနစ်၏ နှိုင်းရဆွဲငင်အား၏ တည်ငြိမ်သည့် နေရာများ ဖြစ်ပြီး အဆိုပါ အစိတ်အပိုင်းများဟာ ရပ်တန့်နေတာပါ။

ထို့ကြောင့် အဆိုပါ အရာများဟာ စေတန်၏ ဂြိုဟ်ရံလများကို လှည့်ပတ်နေတာ မဟုတ်သည့်အတွက် သဘာဝ အတိုင်း ဖြစ်ပေါ်လာသည့် ဂြိုဟ်ရံလများအဖြစ် သတ်မှတ်လို့ မရပါဘူး။

ဒီအကြောင်းကို Sky at Night မဂ္ဂဇင်းတွင် အာကာသဆိုင်ရာ ဆောင်းပါးများ ရေးသားနေတာ နှစ်ပေါင်း ၂၀ လောက် ရှိပြီဖြစ်တဲ့ NASA သိပ္ပံပညာရှင်ဟောင်း Garry E. Hunt က ရှင်းပြထားတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.