လူသုံး လျှပ်စစ် ပစ္စည်းပြပွဲ (CES) မှ ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ကတော့ ဒါကို လုပ်ဆောင်တယ်ဟု ဆိုပါတယ်။ ဒါတွေဟာ ဖြစ်နိုင်ပါတယ်။
Artificial Intelligence လို့ခေါ်တဲ့ ဉာဏ်ရည်တုဟာ ကျွန်ုပ်တို့ရဲ့ဘဝတွေကို ပြောင်းလဲနိုင်ဖို့အတွက် အလားအလာအရှိဆုံးနည်းပညာဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဒါဟာ မယုံနိုင်လောက်အောင်လည်း ကြောက်စရာကောင်းပါတယ်။
CES 2022 အတွက် ဉာဏ်ရည်တုကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ကျန်းမာရေး စောင့်ရှောက်မှုရဲ့ အနာဂတ်မှာ ဉာဏ်ရည်တုရဲ့ အခန်းကဏ္ဍက ဘယ်လို ပါဝင်နိုင်သလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
ဉာဏ်ရည်တုကို ယုံကြည်လို့ရလား။
“Consumer Safety Driven by AI” ခေါင်းစဉ်တပ်ထားတဲ့ လုပ်ငန်းဆောင်ရွက်မှု အခန်းကဏ္ဍတစ်ခုမှာ ဉာဏ်ရည်တုအင်ဂျင်နီယာနှင့် ဆော့ဖ်ဝဲတီထွင်သူ Pat Baird၊ စံနှုန်းများနှင့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်နေတဲ့ Joseph Murphy၊ ဉာဏ်ရည်တုထုတ်ကုန်များကို တီထွင်တဲ့ အမေရိကန်နည်းပညာကုမ္ပဏီ Sensory Inc. တို့မှ
ကျွန်ုပ်တို့ဘဝအတွက် ဉာဏ်ရည်တုက ဘာတွေထပ်ဖြည့်ပေးနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပြီး နည်းပညာနှင့် ပတ်သက်ပြီး လူအများ ခံစားရတဲ့ စိတ်ခံစားချက်လေးတွေ ကိုပါ ထပ်မံ ဆွေးနွေးခဲ့ကြပါတယ်။

လူတွေအနေနဲ့ ဉာဏ်ရည်တု ကို ယုံကြည်လာအောင် လုပ်ဖို့က လွဲမှားတဲ့ အယူအဆတွေကို ကျော်လွှားဖို့ မရှိမဖြစ် လိုအပ်တယ်လို့ Baird က ပြောပါတယ်။
တော်တော်များများက နည်းပညာကို ထူးဆန်းပြီး ဒီဇိုင်းထုတ်ထားတာကို အံ့သြနေကြတယ်လို့ Baird က ပြောပါတယ်။
ဒါ့ကြောင့်၊ ၎င်းတို့အနေနဲ့ ဉာဏ်ရည်တုကနေ စောင့်ရှောက်မှု ခံယူတဲ့အခါ စိတ်မသက်မသာဖြစ်နေကြပြီး ဒီအရာကို အပြုသဘောဆောင်တဲ့ တီထွင်မှုဖြစ်ကြောင်း အခိုင်အမာ မယုံကြည်ပါက ထိုပုံစံအတိုင်း ဆက်လက် ခံစားရမှာဖြစ်တယ် ဟု ဆိုပါတယ်။
ဒီလို သံသယများစွာဟာ နည်းပညာအသစ်အဆန်းတွေနဲ့ပတ်သတ်ပြီး ယခင်ထဲက အမြစ်တွယ်နေခဲ့တာပါ။
နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးနိုင်စေဖို့အတွက်က သုံးစွဲသူနှင့် ထိန်းသိမ်းရေး အဖွဲ့များ အကြား စေတနာထား တည် ဆောက်ဖို့လည်း လိုအပ်ပါတယ်။
ဒါပေမယ့် ဉာဏ်ရည်တုနည်းပညာက မျက်ကန်းယုံကြည်မှုကို တည်ဆောက်ဖို့ မဟုတ်ပါဘူး။

လူတွေက နည်းပညာကို အလွန်အကျွံ ယုံကြည်ပြီး “ယုံကြည်မှုလွန်ကဲခြင်း” ပြဿနာ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဥပမာအနေနဲ့ မောင်းသူမဲ့ကားတွေမှာ လူသားစီးနင်းသူတွေက အာရုံစိုက်မှု လုံးဝမရှိတော့ပဲ ဖုန်းကစားခြင်း သို့မဟုတ် အခြားအာရုံထွေပြားမှုတစ်ခုခုကြောင့် မတော်တဆမှုများစွာ ဖြစ်ပွားတတ်ပါတယ်။
ဒါ့ကြောင့် ယာဉ်မတိုက်မီ ကားကို ထိန်းချုပ် နိုင်စွမ်း မရှိခဲ့ကြပါဘူး။
ဉာဏ်ရည်တုဟာ စိတ်လှုပ်ရှားစရာ ကောင်းပြီး သန်းပေါင်းများစွာသော ဉာဏ်ရည်တု အတွေ့အကြုံများကို နေ့စဉ် ရှိနေပြီဖြစ်ကာ အများစုမှာ ကောင်းမွန်စွာ အလုပ်လုပ်ကြပါတယ်။
ဉာဏ်ရည်တု နည်းပညာက လူ့အဖွဲ့အစည်းအတွင်း ရှိနှင့်ပြီးသား မညီမျှမှုများကို ဆက်လက်တည်မြဲစေနိုင်တယ်ဟု Bairdက ယူဆခဲ့ပါတယ်။
ဉာဏ်ရည်တုက ထိုပြဿနာတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မှာလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး ဉာဏ်ရည်တုက ဘက်လိုက်မှုတွေကို ရောင်ပြန်ဟပ်စေပြီး လူ့အဖွဲ့အစည်းအတွက် မှန်တစ်ချပ်လို ဖြစ်လာစေလိမ့်မယ် ဟု ဆိုပါတယ်။
“စက်မှုလုပ်ငန်းတစ်ခုလုံးလည်း ရုတ်ချည်းတိုးတက်နေတယ်” ဟုလည်း ပြောပါတယ်။ လူတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့နည်းနဲ့ လေ့ကျင့်သင်ကြားပေးဖို့ ရည်မှန်းထားတယ်လို့ Baird က ဆက်လက်ပြောပါတယ်။
ဉာဏ်ရည်တု လုံခြုံမှုကို ကျွန်ုပ်တို့ ဘယ်လိုမြှင့်တင်နိုင်မလဲ။
လက်ရှိလုပ်ဆောင်နေတဲ့ သဘောတူညီချက်တွေကို နည်းပညာအသိုင်းအဝိုင်းမှ မျှဝေခြင်းဟာ နည်းပညာတိုးတက်စေဖို့ ၊ အလွဲသုံးစားလုပ်ခြင်းကို တားဆီးဖို့နှင့် အသံဖြင့် ခိုင်းစေခြင်း လုပ်ငန်းတွေမှာ အကောင်းဆုံး အလေ့အကျင့်တွေကို ဖြန့်ကျက်ဖို့ ကူညီပေးကြောင်း Joseph Murphy မှ ရှင်းပြခဲ့ပါတယ်။

ဉာဏ်ရည်တုကို အသုံးပြုသူတွေရဲ့ ဘေးကင်းမှုကို မြှင့်တင်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။
Murphy က ယခု စိတ်လှုပ်ရှားစရာ အကောင်းဆုံး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဟာ လူသားတွေရဲ့ လက်တွေ့ဘဝမှာ အသုံးပြုနိုင်တယ်ဟု ဆိုပါတယ်။
အဆိုပါ နည်းပညာကို အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်တွေမှာ လေ့ကျင့်ဖို့ နှင့် အခြားသော စာမေးပွဲများအပြင် ဝါသနာအတွက်ပါ အသုံးပြုနိုင်မယ်ဟု ယုံကြည်နေပါတယ်။
ခွဲစိတ်ဆရာဝန်တစ်ဦးက အန္တရာယ်ရှိတဲ့ အခြေအနေမှာ လုပ်ထုံးလုပ်နည်းတွေကို မကြိုးစားမီ ၎င်းတို့ရဲ့ နည်းပညာတွေကို ဉာဏ်ရည်တုဖြင့် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်ဟု ဆိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြားနယ်ပယ်များစွာမှာ တွေ့ရမယ့် ဉာဏ်ရည်တုနည်းပညာ
Baird က ဉာဏ်ရည်တုဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ဆောင်ခြင်းကို အပြည့်အဝယုံကြည်ပြီး ဆရာဝန်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းဟာ များစွာတိုးတက်ကောင်းမွန်လာနိုင်တယ် ဟု ဆိုပါတယ်။
Bairdက အမေရိကန်ပြည်ထောင်စုမှာ လူ ၃၀၀ လျှင် ဆေးသမား ၁ ဦးခန့်ရှိပြီး ဉာဏ်ရည်တုက လူအုပ်စုကြီးအတွက် အလွန်အကျိုးသက်ရောက်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို စီမံခန့်ခွဲတဲ့နေရာမှာ ထိရောက်မှုကို မြှင့်တင်ပေးနိုင်တယ်ဟုလည်း ဆိုပါတယ်။
နည်းပညာက မအားလပ်တဲ့ အလုပ်တွေကို လွှဲပြောင်းပေးပြီး လူနာအား အာရုံစိုက်ဖို့အတွက် အချိန်ပိုပေးနိုင်ပါတယ်။

အချို့က စက်တွေကို ကျန်းမာရေးစောင့်ရှောက်မှုရဲ့ လူမဆန်တဲ့လုပ်ရပ်အဖြစ် မြင်ကြသော်လည်း Baird က စက်တွေဟာ ဆရာဝန်နှင့် လူနာများကြားတွင် တိုက်ရိုက် အချိန်ပို ပေးနိုင်တယ်ဟု အခိုင်အမာဆိုပါတယ်။
ဉာဏ်ရည်တုနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံတာဟာ လူသား ဆရာဝန်တစ်ဦးနှင့် ဆွေးနွေးရာမှာ အဆင်မပြေနိုင်တဲ့ အထိခိုက် မခံသော ပြဿနာတွေအကြောင်း ပြောဆိုဖို့ လူနာတွေကို လွယ်ကူစေပါတယ်။
အနာဂတ်မှာဆိုရင် ဉာဏ်ရည်တုသက်ရောက်မှုဟာ ကြီးမားတဲ့ နယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။