ဝေလငါးဟာ လူကို မျိုချ နိုင်ခြင်း ရှိမရှိ လေ့လာခြင်း

Knowledge Nature

၂၀၁၂ ခုနှစ် ဆောင်းပါးတစ်ခု၌ သတင်းထောက် Ben Shattuck ဟာ New Bedford ဝေလငါးပြတိုက် သုတေသန စာကြည့်တိုက်တွင် မှတ်တမ်း များကို ကောက်ယူခဲ့ပါတယ်။

ကမ္ဘာပေါ်တွင် အပြည့်စုံဆုံး ဝေလငါးပြတိုက်များထဲမှ တစ်ခုတွင် Ben Shattuck ဟာ ကျယ်ပြန့်သောသုတေသနများ လုပ်ခဲ့သော်လည်း ဝေလငါးတစ်ကောင်ဟာ လူတစ်ယောက်ကို ရှင်လျက် မျိုချတာနဲ့ ပတ်သတ်ပြီး သတင်းတစ်ပုဒ်မှ သူရှာမတွေ့ခဲ့ပါဘူး။

Ben Shattuck ဟာ တိရိစ္ဆာန်များ အကိုက်ခံရခြင်း သို့မဟုတ် ဒဏ်ရာရသည့် ဝေလငါးများ အကြောင်း သတင်း အများအပြား တွေ့ခဲ့ပါတယ်။

ဝေလငါးတစ်ကောင်နှင့် ဆက်နွယ်မှုကြောင့် အသက် အန္တရာယ်ပေးမှု အများအပြားရှိသော်လည်း မျိုချတာနဲ့ ပတ်သတ်ပြီးတော့ မရှိ​​သေးပါဘူး ဟု ဆိုပါတယ်။

ဒါဆိုရင် James Bartley ဆိုတဲ့ ပုဂ္ဂိုလ် အကြောင်းကကော။

ဒဏ္ဏာရီလာအရ Bartley သည် ၁၉နှစ် ရာစုအတွင်း Falkland ကျွန်းစုရှိ ဝေလငါးဖမ်း အဖွဲ့၀င်တစ်ဦး ဖြစ်ပြီး ဝေလငါးတစ်ကောင်က သူ့အား အရှင်လတ်လတ် မျိုချဖူးတယ် ဟု ဆိုပါတယ်။

ရက်အနည်းငယ်အကြာမှ သူ့ရဲ့အဖွဲ့ဟာ ဝေလငါးကို ဖမ်းယူ နိုင်လိုက်ပြီး သူ့ကို လွတ်မြောက် စေခဲ့ ပါတယ်။

အဆိုပါ သင်္ဘောသားဟာ သက်ရှိ ထင်ရှား ရှိရုံသာ မကဘဲ ဝေလငါး၏ ဝမ်းအတွင်းရှိ အစာအိမ်အက်ဆစ်နှင့် ထိတွေ့မှုကြောင့် မျက်နှာမှာ တောင် ပိုမို ကြည် လင်လာတယ်လို့ ဆိုပါတယ်။

ဒါဟာအလွန်ကောင်းမွန်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကို အနည်းငယ် စူးစမ်းကြည့်တဲ့အခါ ဒါဟာ တကယ် မဟုတ်ဘူးဆိုတာကို ကျွန်ုပ်တို့တွေ့ရပါလိမ့်မယ်။

ဇာတ်လမ်းကို Bartley ၏ အဖွဲ့သားတစ်ဦး မှ ရေးသားသော စာတစ်စောင်မှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။

နောက်ထပ် သုတေသနများအရ သင်္ဘောပေါ်တွင် James Bartley အမည်ဖြင့် တစ်ဦးတစ်ယောက်မျှ မပါခဲ့သည့် အပြင် ၎င်း​သင်္ဘောဟာလည်း အမှန်တကယ် ​ဝေလငါးဖမ်းသင်္ဘော မဟုတ်ပါဘူး။

ထပ်လောင်း ပြောဆိုရမည်ဆိုလျှင် သင်္ဘောကပ္ပတိန်၏ ဇနီးသည်က ဝေလငါး ပုံပြင်တစ်ခုလုံးသည် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း မရှိဘဲ ပျင်းရိသော အဖွဲ့သားတစ်ဦး ၏ လှည့်စားမှုသာ ဖြစ်တယ် ဟု ဆိုပါတယ်။

ဝေလငါးတွေဟာ သူတို့ရဲ့ ကြီးမားတဲ့ပါးစပ်နဲ့ လူတစ်ယောက်လုံးကို မျိုချ နိုင်စွမ်းရှိတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီလို မဖြစ်နိုင်တဲ့ အ ကြောင်း ကတော့ ရှိပါတယ်။

ဝေလငါးတွေရဲ့ ခန္ဓာဗေဒ အရ သုံးသပ် ကြည့်လိုက်တဲ့ အခါ baleen ဝေလငါးများ သို့မဟုတ် သွားမပါသော ဝေလငါးများဟာ ကမ္ဘာပေါ်တွင် အကြီးဆုံးသတ္တဝါများဖြစ်ကြပါတယ်။

ဝေလငါးပြာများ နှင့် finback ဝေလငါးများပါဝင်တဲ့ baleen ဝေလငါးများဟာ ကြီးမားတဲ့ အရွယ်အစားရှိသော်လည်း ၎င်းတို့ရဲ့သေးငယ်တဲ့ အစာပြွန် လမ်းကြောင်းကြောင့် ကျွန်တော်တို့ဟာ သူတို့ရဲ့ ဗိုက်ထဲကို ဘယ်တော့မှ မရောက်နိုင်တာ သေချာပါတယ်။

ဝေလငါးတွေကို ပုဇွန်ဆိတ်ကဲ့သို့ သေးငယ်တဲ့ သားကောင်များ စားသုံးရန် ဖွဲ့စည်းထားပြီး သူတို့ရဲ့ ပါးစပ်ကို ဟပြီး လည်ချောင်းကို ဖွင့်နေတဲ့အခါ ဘတ်စကတ်ဘော လောက်သာ ရှိတာ တွေ့ရပါတယ်။

သို့သော် သွားပါတဲ့ ဝေလငါးတွေ အကြောင်းကကော။

စပန်း ဝေလငါးကြီးတွေဟာ ပြည်ကြီးငါး နဲ့ ပင်လယ်ဖျံတွေကို စားသုံးကြပါတယ်။

ဒါကြောင့် ကျွန်တော် တို့ကို လည်ချောင်းကနေတဆင့် ဝမ်းဗိုက်ထဲကို အလွယ်တကူဘဲ မြိုချ နိုင်စွမ်းရှိကြပါတယ်။

ဒါပေမယ့် စိတ်ကူးယဥ်တာတွေနဲ့ မတူတာက စပန်းဝေလငါး မှာ အစာအိမ်လေးခုရှိပြီး အဲ့ဒီထဲကို ကျွန်ုပ်တို့ ရောက်ရှိ သွားပါက မြန်မြန်ဘဲ အဆုံး သတ် သွား​စေနိုင်ပါတယ်။

ဝေလငါးရဲ့ အစာအိမ်အက်စစ်က ကျွန်ုပ်တို့ကို မြန်မြန်အဆုံးသတ် စေသည်သာမက အတွင်းပိုင်းမှာလည်း ကျွန်ုပ်တို့ဟာ လေထုချို့တဲ့မှုဒဏ်ကို ခံစားရစေပါလိမ့်မယ်။

ကျွန်တော် တို့အနေနဲ့ စပန်းဝေလငါး တွေရဲ့ ကြီးမား ရှည်လျားပြီး ချွန်ထက်တဲ့သွားတွေကနေ လွတ်မြောက်ဖို့ ကြိုးစားတဲ့အခါ အစားခံရတာဘဲဖြစ်ဖြစ် ၊ ကိုယ်လက် အစိတ်အပိုင်း တခုခု ပါသွားတာဘဲ ဖြစ်ဖြစ် ဖြစ်​စေနိုင်ပါတယ်။

ဝေလငါးတစ်​ကောင်ဟာ လူတစ်ယောက်ကို မျိုချဖူးခြင်း ရှိမရှိ

လူသားတွေ ဝေလငါး အမျိုခံရတာနဲ့ ပတ်သတ်ပြီး မျက်မှောက်ခေတ် အဖြစ်အပျက်တွေမှာ မရှိ​သေး ပါဘူး။

သို့သော် ဒဏ္ဏာရီလာအရ James Bartley သည် ၁၉နှစ် ရာစုတုန်းက စပန်းဝေလငါး က မျိုချခဲ့သော်လည်း ဝေလငါး၏ အစာအိမ်ထဲမှာ ရှင် သန်နိုင်ခဲ့သည် ဟု ဆိုပါတယ်။

ဒီ ဇာတ်လမ်းက မဟုတ်မမှန်တာကို တွေ့ခဲ့ရပါတယ်။ သုတေသနအရ သင်္ဘောပေါ်တွင် James Bartley နာမည်နှင့် ပတ်သက်၍ မည်သူမျှမရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဝေလငါးတစ်ကောင်က ကျွန်ုပ်တို့ကို မျိုချပါက ရှင်နိုင်ခြင်း ရှိမရှိ

နိုးပါ။ ဝေလငါးရဲ့ အစာအိမ်အက်စစ်က ကျွန်ုပ်တို့ကို မြန်မြန်အဆုံးသတ်စေသည်သာမက လေထုချို့တဲ့မှုဒဏ်ကို ခံစားရစေပါလိမ့်မယ်။

ဝေလငါးတွေဟာ လူတစ်ယောက်ကို အသက်အန္တရာယ် ဖြစ်စေဖူးခြင်း ရှိမရှိ

ဝေလငါးတွေကြောင့် လူကို အသက်အန္တရာယ် ထိခိုက် စေတဲ့ တိုက်ခိုက်မှုတွေ မရှိခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဝေလငါးများဟာ များ​သောအားဖြင့် သူတို့ကိုယ်သူတို့ စောင့်ရှောက်လေ့ရှိပြီး လူသားများနှင့် ဝေးဝေး နေလေ့ရှိပါတယ်။

အဖမ်းဆီးခံရတော့မယ့် အခါမှ ဝေလငါးတွေဟာ လူသားတွေကို အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတွေ စတင်ပြုလုပ်လေ့ရှိပါတယ်။

ဝေလငါးတွေ ဖွင့်နိုင်တဲ့ ပါးစပ် အကျယ်

ဝေလငါးပြာများဟာ သူတို့၏ပါးစပ်ကို သူတို့၏ ပုံမှန် အရွယ်အစားထက် လေးဆ အထိ ဖွင့်ဟ နိုင်ကြပါတယ်။

ဝေလငါးပြာတွေဟာ သူတို့ရဲ့ မေးရိုးကို ၉၀ ဒီဂရီထောင့်ချိုးအထိ ဖွင့်ဟ နိုင်ကြပါတယ်။ ဒီထူးခြားတဲ့ ခန္ဓာဗေဒအရ ဝေလငါးတွေဟာ ပုဇွန်ဆိတ်တွေလို သေးငယ်တဲ့ သတ္တဝါ အမြောက်အများကို မျိုချနိုင်စွမ်းရှိကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *