စင်ကာပူ၊ဂျူလိုင် ၁၄
သင်္ဘောပေါ်တွင် ကိုဗစ် ဖြစ်ပွားမှုတွေ့ရှိပြီးနောက် အပျော်စီးသင်္ဘော စင်ကာပူနိုင်ငံသို့ ပြန်လှည့်ပြီး ခရီးသည် ၃၀၀၀ နီးပါး နှင့် သင်္ဘောပေါ်မှသင်္ဘောဝန်ထမ်းများ၏ အခန်းများကို ကန့်သတ်ထားခဲ့ရပါတယ်။
မကြာသေးမီက အသက် ၄၀ နှစ်အရွယ်ရှိ ခရီးသည်တစ်ဦးဟာ ကိုဗစ် အတည်ပြုလူနာတစ်ဦးနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့တယ်ဆိုတာ သိရပြီးနောက် ၎င်းအား သင်္ဘောပေါ်တွင် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ချက်ချင်း သီးသန့်ခွဲထားခဲ့ကြောင်း ၊

အပျော်စီးသင်္ဘောဆိုင်ရာ စင်ကာပူခရီးသွားလာရေး ဘုတ်အဖွဲ့ ညွှန်ကြားရေးမှူး Annie Chang က သတင်းစာတွင်ဖော်ပြခဲ့ပါတယ်။
၎င်းခရီးသည်ကို သင်္ဘောပေါ်တွင် PCR နည်းဖြင့် ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့ပြီး အတည်ပြုလူနာအဖြစ် အဖြေထွက်ခဲ့ကာ ထပ်မံအတည်ပြုရန် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
၎င်းနှင့်အတူ ခရီးသွားဖော် ၃ ဦးကိုလည်း စစ်ဆေးအတည်ပြုဖို့ သီးခြားခွဲထားမှုများ ပြုလုပ်ထားကြောင်း သိရပါတယ်။ သို့သော် ၎င်းတို့အားစစ်ဆေးရာမှာတော့ ကိုဗစ်ပိုး မရှိကြောင်းနှင့် ထိတွေ့သူများအား ဆက်လက် ခြေရာခံသွားမည်လို့ ဆိုပါတယ်။
World Dream ဟုအမည်ပေးထားသည့် အဆိုပါသင်္ဘောဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဟောင်ကောင်ရှိ Dream Cruises ဇိမ်ခံသင်္ဘောအုပ်စုနှင့် ပူးပေါင်းခဲ့တာပါ။ ၎င်းသင်္ဘောသည် လေးရက်ကြာ ခရီးစဉ်အတွက် ဇူလိုင် ၁၁ ရက်နေ့ကမှ စတင်ထွက်ခဲ့ခြင်းလဲ ဖြစ်ပါတယ်။
World Dream သင်္ဘောပေါ်တွင် ခရီးသည် ၁,၆၄၆ ဦး နှင့် သင်္ဘောသား ၁,၂၂၉ ဦး လိုက်ပါလာခဲ့ပြီး ၎င်းတို့အားလုံးကို အစားအစာများ ထိတွေ့မှုမရှိ စေပဲ ပေးပို့မည်ဖြစ်ပြီး အခန်းများအတွင်းတွင် ဆက်လက်နေထိုင်ရန်မည်လို့ သိရပါတယ်။
၎င်းသင်္ဘောသည် စင်ကာပူနိုင်ငံသို့ ပြန်လှည့်ခဲ့ပြီး ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် Marina Bay Cruise Centre သို့ ရောက်ရှိခဲ့ရာ သတ်မှတ်ချိန်ထက် နာရီအနည်းငယ်စောပြီး ပြန်လည်ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

ကိုဗစ် လက္ခဏာတွေ့ရှိသည့် ခရီးသည်မှာ သင်္ဘောမထွက်ခွာမီ စည်းမျဉ်းစည်းကမ်းအတိုင်း ထွက်ခွာသည့် နေ့တွင် ကိုဗစ်စစ်ဆေးမှုခံယူခဲ့သော်လည်း ရောဂါမရှိဟူ၍ အဖြေထွက်ခဲ့တယ်လို့ဆိုပါတယ် ။
၎င်းသည် ကိုဗစ် ကာကွယ်ဆေး၂ ကြိမ် ထိုးနှံထားပြီး သူဖြစ်ကြောင်း သိရပါတယ်။
ကိုဗစ် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအကြီးအကျယ်ထိခိုက်စေခဲ့ပြီး အာဆီယံရေပိုင်နက်အတွင်းရှိ အပျော်စီးသင်္ဘောပေါ်တွင် အစောဆုံး ကြီးမားသော ပျံ့ပွားမှုလည်း ဖြစ်ပါတယ်။