
Unicode ဖြင့်ဖတ်ရန်
COVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်သော်လည်းကောင်း၊ လုပ်ငန်းရှင်များအားလုံးနှင့် ပူးပေါင်း၍သော်လည်းကောင်း အကျိုးအမြတ်မယူဘဲ ငွေကြေးစိုက်ထုတ်ပြီး နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီမံမှုအောက်တွင် စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ ၂၀၂၀ခုနှစ်အတွင်း ဧရာဝတီဖောင်ဒေးရှင်း၏ ဆောင်ရွက်မှု အစီရင်ခံစာတွင် ဥက္ကဌဦးဇော်ဇော်က ထည့်သွင်းပြောကြားထားသည်။
“တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ပေါင်းစပ်ကြိုးပမ်းခဲ့မှုနဲ့အတူ ဧရာဝတီစင်တာအနေနဲ့ ကိုဗစ်လူနာပေါင်း (၁၀,၀၀၀)ကျော်ကို လက်ခံကုသပေးနိုင်ခဲ့ပြီး (၂၀,၀၀၀)ကျော်ကို ပိုးရှိမရှိ စစ်ဆေးပေးနိုင်ခဲ့ပါတယ်” ဟု ဦးဇော်ဇော်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ပထမလှိုင်းအတွင်း ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး အခြားတစ်ဖက်တွင်လည်း ပရဟိတကျောင်းနှင့် ဘိုးဘွားရိပ်သာများ၊ စစ်ဘေးရှောင်စခန်းများအတွက်ပါ စားနပ်ရိက္ခာနှင့် လိုအပ်သည့် အထောက်အပံ့များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
COVID-19 ဒုတိယလှိုင်းအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ICU ၊ HDU နှင့် Test & Care Centre များ ပါဝင်သော ရန်ကုန်တွင် ခုတင် (၁,၀၀၀)ဆံ့၊ မန္တလေးတွင် ခုတင် (၃၇၅)ဆံ့ ကုသရေးဌာန များကိုလည်း တည်ဆောက်ပံ့ပိုးကူညီပေးလျက်ရှိကြောင်းလည်း သိရသည်။ ယခုအချိန်ထိ ကုသရေးဌာန များတွင် တက်ရောက်သူပေါင်း တစ်သောင်းကျော်ခန့်ကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အခြားလိုအပ်သော နေရာများတွင်လည်း ဆေးရုံသုံးပစ္စည်းများ၊ ကာကွယ်ကုသရေးအသုံးအဆောင်များ၊ အလှူငွေများကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း ကပ်ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် အလှူရှင်များ စုပေါင်းကာ ငွေကျပ်စုစုပေါင်း (၂၁.၂)ဘီလျံကျော်ဖြင့် မတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Crd – ပြည့်ရည်ဖူး (ပြည်မြန်မာ)
Zawgyi ဖင့္ဖတ္ရန္
COVID-19 ကာကြယ္ေဆးကို တစ္ႏိုင္ငံလုံး ထိုးႏွံႏိုင္ရန္ အက်ိဳးအျမတ္မယူဘဲ ေငြေၾကးစိုက္ထုတ္ၿပီး အစိုးရ၏ လမ္းၫႊန္စီမံမႈေအာက္တြင္ ေဆာင္႐ြက္သြားမည္ဟု ဦးေဇာ္ေဇာ္ေျပာ

COVID-19 ကာကြယ္ေဆးကို တစ္ႏိုင္ငံလုံး ထိုးႏွံႏိုင္ရန္ ဧရာဝတီေဖာင္ေဒးရွင္းအေနျဖင့္ေသာ္လည္းေကာင္း၊ လုပ္ငန္းရွင္မ်ားအားလုံးႏွင့္ ပူးေပါင္း၍ေသာ္လည္းေကာင္း အက်ိဳးအျမတ္မယူဘဲ ေငြေၾကးစိုက္ထုတ္ၿပီး ႏိုင္ငံေတာ္အစိုးရ၏ လမ္းၫႊန္စီမံမႈေအာက္တြင္ စနစ္တက် ဆက္လက္ေဆာင္႐ြက္သြားရန္ ရည္႐ြယ္ထားေၾကာင္း၊ ၂၀၂၀ခုႏွစ္အတြင္း ဧရာဝတီေဖာင္ေဒးရွင္း၏ ေဆာင္႐ြက္မႈ အစီရင္ခံစာတြင္ ဥကၠဌဦးေဇာ္ေဇာ္က ထည့္သြင္းေျပာၾကားထားသည္။
“တန္ဖိုးရွိတဲ့ လူသားအရင္းအျမစ္ေတြ ေပါင္းစပ္ႀကိဳးပမ္းခဲ့မႈနဲ႔အတူ ဧရာဝတီစင္တာအေနနဲ႔ ကိုဗစ္လူနာေပါင္း (၁၀,၀၀၀)ေက်ာ္ကို လက္ခံကုသေပးႏိုင္ခဲ့ၿပီး (၂၀,၀၀၀)ေက်ာ္ကို ပိုးရွိမရွိ စစ္ေဆးေပးႏိုင္ခဲ့ပါတယ္” ဟု ဦးေဇာ္ေဇာ္က ယင္း၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
ဧရာဝတီေဖာင္ေဒးရွင္းအေနျဖင့္ ပထမလႈိင္းအတြင္း ႀကိဳတင္ကာကြယ္ေရး၊ ကုသေရးႏွင့္ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ကူညီခဲ့ၿပီး အျခားတစ္ဖက္တြင္လည္း ပရဟိတေက်ာင္းႏွင့္ ဘိုးဘြားရိပ္သာမ်ား၊ စစ္ေဘးေရွာင္စခန္းမ်ားအတြက္ပါ စားနပ္ရိကၡာႏွင့္ လိုအပ္သည့္ အေထာက္အပံ့မ်ား ပံ့ပိုးကူညီေပးခဲ့ေၾကာင္း သိရသည္။
COVID-19 ဒုတိယလႈိင္းအတြင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းၫႊန္မႈ၊ ဧရာဝတီေဖာင္ေဒးရွင္း၏ ဦးေဆာင္မႈျဖင့္ ICU ၊ HDU ႏွင့္ Test & Care Centre မ်ား ပါဝင္ေသာ ရန္ကုန္တြင္ ခုတင္ (၁,၀၀၀)ဆံ့၊ မႏၲေလးတြင္ ခုတင္ (၃၇၅)ဆံ့ ကုသေရးဌာန မ်ားကိုလည္း တည္ေဆာက္ပံ့ပိုးကူညီေပးလ်က္ရွိေၾကာင္းလည္း သိရသည္။ ယခုအခ်ိန္ထိ ကုသေရးဌာန မ်ားတြင္ တက္ေရာက္သူေပါင္း တစ္ေသာင္းေက်ာ္ခန႔္ကို ကူညီေဆာင္႐ြက္ေပးလ်က္ရွိၿပီး အျခားလိုအပ္ေသာ ေနရာမ်ားတြင္လည္း ေဆး႐ုံသုံးပစၥည္းမ်ား၊ ကာကြယ္ကုသေရးအသုံးအေဆာင္မ်ား၊ အလႉေငြမ်ားကို အတတ္ႏိုင္ဆုံး ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ COVID-19 ကပ္ေရာဂါ ပထမလႈိင္းႏွင့္ ဒုတိယလႈိင္းအတြင္း ကပ္ေရာဂါကာကြယ္ေရး၊ ကုသေရးႏွင့္ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား အတြက္ ဧရာဝတီေဖာင္ေဒးရွင္းႏွင့္ အလႉရွင္မ်ား စုေပါင္းကာ ေငြက်ပ္စုစုေပါင္း (၂၁.၂)ဘီလ်ံေက်ာ္ျဖင့္ မတည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Crd – ျပည့္ရည္ဖူး (ျပည္ျမန္မာ)