အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ် ဂျာကာတာလေဆိပ်မှအတက်ပျက်ကျ

News

ဂျာကာတာ – ဇန်နဝါရီ(၉)

လိုက်ပါစီးနှင်းသူ (၆၂) ဦးပါ အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်ဟာ ဒီကနေ့ (စနေနေ့) မှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ လေဆိပ်မှပျံတက်ပြီး (၄)မိနစ်အကြာမှာ ပျက်ကျခဲ့တယ်လို့ သိရပါသည်။ လေယာဉ်ဟာ ဂျာကာတာကနေ ပွန်တီနက်ခ် လေဆိပ်ဆီ ဦးတည်ပျံသန်းမှာဖြစ်တယ်လို့ သိရပါတယ်။ လိုက်ပါစီးနှင်းသူ (၆၂) ယောက်မှာ ခရီးသည် (၅၀) ဦးဖြစ်ပြီး လေယာဉ်အမှုထမ်း (၁၂)ဦး လို့ သိရပါတယ်။

Flight ရေဒါစက်ကွင်းကပျောက်မသွားခင်မှာ အဲဒီလေယာဉ်ဟာ အမြင့် ပေ (၁၀,၀၀၀) ကနေ စက္ကန့်(၆၀) အတွင်းမှာပဲ ပျက်ကျခဲ့တယ်လို့ဆိုပါတယ်။

Flight radar- Indonesia plane

ပျက်ကျတဲ့ ခရီးသည်တင်လေယာဉ်ဟာ Sriwijaya Air လေကြောင်းလိုင်းဖြစ်ပြီး လေယာဉ်အမျိုးအစာက ဘိုးရင် ၇၃၇-၅၀၀ လို့သိရပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်နေကြပြီဖြစ်ကြောင်း သိရပါတယ်။

Ref: CNN

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *