အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာဆိုရင် တောက်တဲ့ နှင့် အိမ်မြှောင်တွေဟာ ၎င်းတို့ရဲ့ လှုပ်နေဆဲ အမြီးကို ဖြတ်တောက်နိုင်ပြီး ခေတ္တမျှ အာရုံပျံ့လွင့်စေတဲ့ အခိုက်အတန့်ကို ဖန်တီးနိုင်ပါတယ်။
ဒါဟာ ၎င်းတို့ရဲ့အသက်နှင့် ပြေးဖို့ အခွင့်အလမ်းကို ဖန်တီးပေးပါတယ်။
တောက်တဲ့နှင့် အိမ်မြှောင်ကဲ့သို့သော တွားသွားသတ္တဝါငယ်လေးတွေဟာ ၎င်းတို့ရဲ့အမြှီးကို ဖြတ်တောက်နိုင်ပြီး လျင်မြန်စွာ ပြန်လည်ပေါက်ဖွားနိုင်တဲ့အတွက် လူသိများပါတယ်။
ယခုအခါ သိပ္ပံပညာရှင်တွေဟာ မိကျောင်းတွေကလည်း ၎င်းတို့အမြှီးကို ပြန်လည် ပေါက်ဖွားနိုင်တာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမယ့် သူတို့ ငယ်စဉ် အချိန်မှာပဲ ပြန်လည်ပေါက်ဖွားနိုင်တာပါ။

အမေရိကန် မိကျောင်းခေါင်းတိုတွေဟာ ၎င်းတို့ရဲ့ စုစုပေါင်းခန္ဓာကိုယ်အရှည်ရဲ့ 18 ရာခိုင်နှုန်းအထိ ပြန်လည်ကြီးထွားနိုင်ပါတယ်။
တကယ်မိုက်တာက ကျွန်တော်တို့ အရင်က မမြင်ဖူးတဲ့ ပုံစံနဲ့ ပြန်လည်ပေါက်ပွားမှု ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
Arizona State University (ASU) မှ သုတေသီတွေဟာ မိကျောင်းတွေရဲ့ အမြီးပေါက်ခြင်းကို ပုံရိပ်ဖော်ခြင်းနှင့် ခွဲခြမ်းစိပ်ဖြာခြင်းတို့လုပ်ဆောင်ကြည့်ရာ အခြားသော တိရစ္ဆာန်များနှင့် အလွန်ကွာခြားတာကို တွေ့ရှိခဲ့ကြပါတယ်။
၎င်းတို့ရဲ့ ကြီးထွားလာတဲ့ အမြှီးတွေဟာ ကောင်းမွန်စွာ ကြီးထွားလာတာကို ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။
အရိုးစုပါတဲ့ ကုန်းနေရေနေသတ္တဝါတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြန်လည်ကြီးထွားလာခြင်းဟာ ကုန်းနေသတ္တဝါတွေလောက် မမြန်ဆန်တာကိုလည်း တွေ့ရပါတယ်။
၎င်းတို့ဟာ ထိခိုက်ဒဏ်ရာရပါက ၎င်းတို့ရဲ့ကွဲပြားတဲ့ ကြွက်သားများဖြင့် အပိုင်းပိုင်းခွဲထားတဲ့ အရိုးစုတွေကို ပြုပြင်ပြောင်း လဲနိုင်ပါတယ်။
ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ပြန်လည်ထုတ်ပေးခြင်းဟာ ဇီဝကမ္မဗေဒအရ အလွန်သေးငယ်တဲ့ အိမ်မြှောင်တွေမှာ အလုံး စုံ ကြီးထွားမှုနှုန်းကို တွေ့ရပါတယ်။

ဒါ့အပြင် မိကျောင်းခေါင်းတိုတွေကလည်း ကြွက်သား ပြန်လည်ကြီးထွားတဲ့ နေရာမှာ လွယ်ကူတာကို တွေ့ရပါတယ်။
အိမ်မြှောင်တွေနဲ့မတူတာက မိကျောင်းတွေဟာ မိမိကိုယ်ကို ဖြတ်တောက်လို့ မရပါဘူး။
၎င်းတို့ရဲ့အမြီးများ ဆုံးရှုံးခြင်းဟာ များသောအားဖြင့် နယ်မြေကျူးကျော်မှုများကြောင့် နှင့် လူသားတွေကြောင့် ရရှိလာတဲ့ဒဏ်ရာတွေကြောင့် ဖြစ်ပါတယ်။
“ပြန်လည်ကြီးထွားလာတဲ့ မိကျောင်းအမြီးကို အရိုးစုကြွက်သားများ ကင်းမဲ့ပြီး အာရုံကြောများနှင့် သွေးကြောများပါရှိတဲ့ အမာရွတ်ကဲ့သို့ တွယ်ဆက်တစ်သျှူးများပါရှိတဲ့ အရိုးနုပြွန်တစ်ခုက ပံ့ပိုးပေးတယ်” ဟု ASU မှဇီဝဗေဒပညာရှင်နှင့် သုတေသနကို ပထမဆုံးရေးသားသူ Cindy Xu က Twitter မှာ ရှင်းပြခဲ့ပါတယ်။
အရွယ်မရောက်သေးတဲ့ အမေရိကန် မိကျောင်းခေါင်းတိုများမှ ပေါက်တဲ့ အမြီးတွေဟာ ပြန်လည် ရှင်သန်ခြင်းနှင့် ဒဏ်ရာကို ပြုပြင်ခြင်း နှစ်မျိုးလုံးရဲ့ အင်္ဂါရပ်များကို ပြသတာကို တွေ့ရပါတယ်။
ဒါ့အပြင် အရိုးနုများ၊ သွေးကြောများ၊ အာရုံကြောများနှင့် အကြေးခွံများ ပြန်လည်ကြီးထွားမှုဟာ အိမ်မြှောင်တွေမှာ တွေ့ရတဲ့အရာနှင့် ဆင်တူပါတယ်။
“တွားသွားသတ္တဝါများနှင့် တိရစ္ဆာန်အုပ်စုများကြား ပြန်လည်ရှင်သန်နိုင်စွမ်းဟာ အဘယ်ကြောင့် ပြောင်းလဲနိုင်သလဲဆိုတာကို နားလည်နိုင်ဖို့ အနာဂတ် နှိုင်းယှဉ်လေ့လာမှုတွေက အရေးကြီးလိမ့်မယ်” ဟု Xu မှ ပြောကြားခဲ့ပါတယ်။

မိကျောင်းတွေဟာ ၎င်းတို့ရဲ့ ပျက်စီးသွားတဲ့ အမြှီးကို ပြန်လည် မွေးမြူဖို့အတွက် အချိန်များစွာယူရပါတယ်။
အရေခွံတွေကို ခြောက်လလောက်သာကြာအောင် ပြုလုပ်နိုင်သော်လည်း ၎င်းတို့ရဲ့အမြှီးများကို ပြုပြင်ဖို့ ၁၈ လအထိ အချိန်ယူရပါတယ်။
သုတေသီအဖွဲ့ဟာ မိကျောင်းတွေရဲ့ အမြှီးပြန်လည်ပေါက်ဖွားခြင်းရဲ့ နောက်ဆုံးရလဒ်ကိုအသေးစိတ် ကြည့်ရှူလေ့လာခဲ့ကြပါတယ်။
မိကျောင်းတွေဟာ လူသားတွေ အမဲလိုက်ခြင်းနဲ့ ပတ်သတ်ပြီး အမြဲတမ်း ခြိမ်းခြောက် ခံနေရသော်လည်း ယခု လေ့လာ ဆန်းသစ်မှုတွေက လူသားတွေအတွက် အသုံးဝင်တဲ့ အချက်အလက်တွေကို ပေးဆောင်နေပါတယ်။
“ကွဲပြားခြားနားတဲ့တိရစ္ဆာန်တွေရဲ့ တစ်ရှူးများကို ပြုပြင်ပြီး ပြန်လည် ထုတ်လုပ်နိုင်ပုံကို ကျွန်ုပ်တို့နားလည်ပါက အဆိုပါ အသိပညာကို ဆေးကုထုံးတွေမှာ ကောင်းမွန်စွာ အသုံးချနိုင်တယ် ” ဟု ASU မှ ခန္ဓာဗေဒပညာရှင် Rebecca Fisher က နောက်ဆုံးအနေနဲ့ ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။