ဂျပန်နိုင်ငံက ထူထူးခြားခြား ခေါက်ဆွဲ ပြတိုက်

Travel World

အသင့်စားသုံးနိုင်‌သော ခေါက်ဆွဲခြောက်များရဲ့ သက်ရောက်မှုများ၊ ​ကောင်းကျိုးဆိုးကျိုးများနဲ့ပတ်သက်ပြီး ကမ္ဘာတဝှမ်းလုံးမှာ​ရော ဂျပန်နိုင်ငံမှာ​ပါ ​ပြောဆိုကြသည်များရှိ​သော်လည်း ယင်း အသင့်စား​ခေါက်ဆွဲ​ခြောက်များဟာ သင့်တင့်လွယ်ကူတဲ့ ဂျပန် အစားအစာ အဖြစ် ယ​နေ့အချိန်ထိ ရပ်တည်​နေ​သေးတာ​တော့ ငြင်းပယ်လို့ မရတဲ့ အရာပါပဲ။

ပထမဆုံး ​ခေါက်ဆွဲ​ခြောက်ထုပ်များကို​တော့ ၁၉၅၈ ခုနှစ်မှာ မိုမိုဖူကူ အန်ဒို Momofuku Ando က စားသုံးသူထံသို့ စတင်မိတ်ဆက်‌ပေးခဲ့တာ ဖြစ်ပါတယ်။

ယ‌နေ့အခါမှာ‌‌တော့ အသီးအရွက်၊ အသား၊ ငါး၊ ပုစွန်၊ ပင်လယ်စာ စတဲ့ အရာ​တွေနဲ့ ​ရောပြုတ်ထားတဲ့ ​ခေါက်ဆွဲပြုတ် ဟာဆိုရင် လူအများကြိုက်နှစ်သက်တဲ့အထင်ကရ အစားအစာ တမျိုးဖြစ်ပါတယ်။

မိုမိုဖူကူ အန်ဒို Momofuku Ando

ဂျပန်ရှိ ခေါက်ဆွဲ(Cup Noodles) ပြတိုက်မှာဆိုရင် ချစ်ခင်နှစ်သက် မြတ်နိုးစရာ​ကောင်းလှတဲ့ အသင့်စားအစားအစာ​တွေ အကြောင်းကို လေ့လာနိုင်ပါတယ်။ (သူ​ဌေးဖြစ်တဲ့တ​နေ့သွားအုံးမှာ)

ကိုယ်​တွေလို ​ခေါက်ဆွဲချစ်သူ​တွေ ​ခေါက်ဆွဲက ဘဝပဲဆိုသူ​တွေအတွက်​တော့ ယိုကိုဟားမား နှင့် အိုဆာကာ အိုင်ကီဒါ နေရာများတွင် တည်ရှိတဲ့ ​ခွက်ခေါက်ဆွဲပြတိုက်ဟာ မဖြစ်မနေသွား​ရောက် လည်ပတ် သင့်တဲ့နေရာတခုဖြစ်ပါတယ်။

၎င်းဟာ Momofuku Ando ရဲ့ အကြီးမားဆုံး တီထွင်မှုနှစ်ခုဖြစ်တဲ့ အသင့်စား (ခွက်ခေါက်ဆွဲ) Cup Noodles နဲ့ ‌(ရမန်ခေါက်ဆွဲထုပ်)Top Ramen တီထွင်နိုင်ခဲ့တဲ့ အတွက် ရည်ဆူးပြီး ဒီပြတိုက်ကို တည်​ထောင်ခဲ့တာဖြစ်ပါတယ်။

လာ​ရောက်လည်ပတ်သူ​တွေအ​နေနဲ့ ယင်းထုတ်ကုန်​တွေရဲ့ သမိုင်း​ကြောင်းကို ​​လေ့လာနိုင်ဖို့အတွက် ပြတိုက်မှာ ပြသထားတာ​တွေ၊ ပြတိုက်ဝန်ထမ်း​တွေကရှင်းလင်း​ပြောပြတာ​တွေ၊ ကိုယ်တိုင်ကိုင်တွယ်ကြည့် လို့ရတဲ့အရာ​တွေ အများကြီးပါပဲ။ ( မရ​တော့ဘူး စိတ်မထိန်းနိုင်​တော့ဘူး Google ​ခေါက်ရင်း ​ခေါက်ဆွဲပြုတ်​တွေမြင်​နေရတာ ထပြုတ်စား​တော့မယ်)

ယိုကိုဟားမားရှိ ပြတိုက်မှာ ကလေးများဟာ Cup Noodles ကစားရာကွင်းမှာရှိတဲ့ “Noodle Net” ဆိုတဲ့ ခေါက်ဆွဲပုံစံ ပိုက်ကွန်များပေါ်တက်ပြီး​ဆော့လို့ရသလို၊ “Seasoning Pool” ဆိုတဲ့ ​ဘောလုံး​လေး​တွေထည့်ထားတဲ့ ကန်ထဲကို ဝင်ပြီး​တော့လည်း ဆော့ကစားနိုင်ပါတယ်။

ပြတိုက်အဆာက်အအုံ

အိုဆာကာပြတိုက်မှာ​တော့ ခေါက်ဆွဲခြောက်အမျိုးပေါင်း ၈၀၀ ကျော်ကို ပြသထားတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုရှိပါတယ်။ ဒါ့အပြင် ​စက်ထဲကို အ​ကြွေ​​စေ့ (သို့မဟုတ်) ပိုက်ဆံထည့်ပြီး ကန့်သတ်​ထုတ်ကုန် ​တွေကိုလည်း ဝယ်ယူနိုင်တဲ့​ခေါက်ဆွဲရောင်းချတဲ့ ဆိုင်ကြီးလည်း ရှိပါ​သေးတယ်။

ပြတိုက်နှစ်ခုစလုံးမှာ ဧည့်သည်များကိုယ်တိုင် ခေါက်ဆွဲများနှင့်စိတ်ကြိုက်အထုပ် ဒီဇိုင်းများပြုလုပ်နိုင်တဲ့ ​နေရာ​တွေလည်းရှိပါတယ်။

လက်ရှိမှာ​တော့ ကိုဗစ်ကြောင့် ခေါက်ဆွဲ(Cup Noodles) ပြတိုက်သို့ လာရောက်သူများကိုကန့်သတ်ထားပြီး ပြပွဲအချို့ကိုသာပြသပါတယ်။ ( Spicy စားရင်း​ရေးသည်)

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *