NASA ၏ Curiosity အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်တွင် ယခင်က မတွေ့ရှိခဲ့ဖူးတဲ့ ဇီဝမော်လီကျူးတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဇီဝမော်လီကျူးတွေက သက်ရှိအရာတွေနဲ့ ဆက်နွယ်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ခြားလုပ်ငန်းစဉ်တွေကလည်း သူတို့ကို ဖြစ်ပေါ်စေနိုင်တာကြောင့် သူတို့က သက်ရှိအရာတွေရဲ့ အထောက်အထားတော့ မဖြစ်နိုင်ပါဘူး။
Nature Astronomy ထဲမှာ တင်ပြထားတဲ့အတိုင်း အဖွဲ့က ပါဝင်ဖွဲ့စည်းမှုကို လေ့လာဖို့နဲ့ စုဆောင်းသိမ်းဆည်းဖို့ အင်္ဂါဂြိုဟ်ပေါ်ရှိ နမူနာခွဲခြမ်းစိတ်ဖြာတဲ့ ကိရိယာ (SAM) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အာကာသစူးစမ်းယာဥ်ရဲ့ ဓာတုအရည်စမ်းသပ်မှုတွေကို အသုံးပြုခဲ့ပါတယ်။
ကိရိယာရဲ့ ရည်ရွယ်ချက်က amino acids (သက်ရှိတွေကို ဖွဲ့စည်းတည်ဆောက်တဲ့ အစိုင်အခဲ) ကဲ့သို့သော ဇီဝပေါင်းစပ်မှုတွေကို ရှာဖွေရန် ဖြစ်ပါတယ်။
ဒီလုပ်ငန်းဆောင်ရွက်မှုမှာတော့ amino acid တွေကို မတွေ့ရှိခဲ့ပေမဲ့ ammonia နဲ့ benzoic acid ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Benzoic acid တွေကို သဘာဝအလျောက်ပေါက်ရောက်တဲ့ သစ်ပင်အများစုနဲ့ ဘယ်ရီပင်များမှာ တွေ့ရှိရပြီး ပထမဆုံး Benzoic acid ကိုတော့ 1556 တွင် Nostradamus က ဖော်ပြခဲ့ပါတယ်။
ယခု ဒီ acid ကို အင်္ဂါဂြိုဟ်ပေါ်မှာလည်း တွေ့ရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်တွေကို ကျွန်တော်တို့ တွေ့ရှိထားပြီး ဖြစ်ပါတယ်။
စမ်းသပ်လေ့လာမှုကိုတော့ Baglond Dunes မှစုဆောင်းခဲ့တဲ့ နမူနာပေါ်တွင် အခြေခံပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့ပါတယ်။
SAM ခွဲခြမ်းစိတ်ဖြာမှုကိုတော့ မူလ လုပ်ရိုးလုပ်စဉ်နမူနာတွေအတိုင်း အသုံးပြုဖို့ စီစဥ် ခဲ့ပါတယ်။
စမ်းသပ်မှုမှာ ဓာတုအရည်စမ်းသပ်မှုတွေကို လုပ်ဆောင်ဖို့ ဖျော်ရည် ၉ ခွက်ပဲ ရှိတဲ့အတွက်ကြောင့် ၎င်းတို့သည် အလွန်အဖိုးတန်တဲ့ ကုန်ပစ္စည်းတွေ ဖြစ်ကြပါတယ်။
ကံမကောင်းစွာနဲ့ပဲ Curiosity မှာ ဖြစ်ရိုးဖြစ်စဉ် ပြဿနာတွေ ခနတာ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းက သဲနမူနာကို အစားထိုးသုံးရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
Bagnold Dunes ကို ကိရိယာတန်ဆာပလာ အပြည့်အစုံတပ်ထားတဲ့ စူးစမ်းယာဉ်ဖြင့် လပေါင်းများစွာကြာအောင် စောင့်ကြည့်လေ့လာခဲ့တယ်လို့ အသင်းက စာတမ်းမှာ ရေးခဲ့ပါတယ်။

ရာသီဥတုဒဏ်ခံခဲ့ရတဲ့ သဲနမူနာဟာ အိုင်းယွန်းဓာတ်ရောင်ခြည်နဲ့ ထိတွေ့ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ ရှေးဟောင်း အော်ဂဲနစ်မော်လီကျူးတွေ ကြွယ်ဝလိမ့်မယ်လို့ မျှော်လင့်မထားရပါဘူး။
သို့သော် ၎င်းသည် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ရှိ ဆင်းသက်လာတဲ့ စည်းမျဥ်းတွေကို စမ်းသပ်ရုံသာမက နမူနာတွင်ပါရှိတဲ့ အော်ဂဲနစ်မော်လီကျူးတွေကို ရှာဖွေခြင်းနဲ့ ကိရိယာအတွင်းမှ ဓာတ်ပြုမှုတွေကနေ ထုတ်လွှတ်လိုက်တဲ့ အရာတွေရဲ့ စစ်တမ်းတစ်ခုတို့ကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။
သဲဟာ ဒြပ်စင်တွေနဲ့ နှစ်သန်းပေါင်းများစွာ ထိတွေ့နေတာကြောင့် အော်ဂဲနစ်မော်လီကျူးတွေ ကြွယ်ဝမယ်လို့ မမျှော်လင့်ထားပါဘူး။
ထို့ကြောင့် အချို့ကို ရှာဖွေတွေ့ရှိခြင်းဟာ အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းနေပါသေးတယ်။
ဤအလုပ်ဟာ ဖြစ်ပွားခဲ့တဲ့ နမူနာခွဲခြမ်းစိတ်ဖြာမှုတွေ သို့မဟုတ် Gale Crater အတွင်းရှိ Mount Sharp ကို Curiosity စူးစမ်းလေ့လာထားသည့်အတိုင်း မပြုလုပ်ရသေးတဲ့ ဓာတုအရည်စမ်းသပ်ချက်တွေအပေါ် SAM နဲ့အတူ အနာဂတ်လုပ်ငန်းတွေအတွက် အရေးပါတဲ့ အခြေခံအချက်တွေကို ဖန်တီးပေးပါတယ်။
ဒီလုပ်ဆောင်မှုဟာ အနာဂတ်မှာ နာဆာကမဟုတ်တဲ့ စူးစမ်းယာဥ် တွေအတွက်လည်း အရေးကြီးပါတယ်။
ဥရောပအာကာသအေဂျင်စီနဲ့ ရုရှားနိုင်ငံ Roscomsos ရဲ့ Rosalind Franklin အာကာသယာဉ်တို့ဟာ လာမယ့်နှစ်တွင် လွှတ်တင်မှာဖြစ်ပြီး အင်္ဂါဂြိုလ်ပေါ်တွင် ပိုမိုခေတ်မီဆန်းပြားသော ဓာတုအရည်စမ်းသပ်ချက်ကို ပြုလုပ်နိုင်စေမယ့် Mars Organic Molecule Analyzer (MOMA) တူရိယာကို သယ်ဆောင်လိမ့်မှာ ဖြစ်ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။