၂၀၂၁ ခုနှစ်မှာ ရေကာတာပေါင်း ၂၃၉ ခုကို ဥရောပတွင် ဖယ်ရှားခဲ့ခြင်း၏ အကြောင်းအရင်း

Article Science

ဥရောပရဲ့ မြစ်​​တွေပေါ်မှာ အတားအဆီးပေါင်း တစ်သန်းကျော်ရှိပြီး အများအပြားဟာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုကျော် က တည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး

လက်ရှိတွင် စီးပွားရေးရည်ရွယ်ချက် အနည်းငယ် သို့မဟုတ် လုံးဝကို လုပ်ဆောင် ပေးလျှက်ရှိသော်လည်း ဒေသတွင်း ဂေဟစနစ်ကို ထိခိုက်နေဆဲ ဖြစ်ပါတယ်။

ဒါတွေကြောင့် ၎င်းတို့ထဲမှ အများအပြားကို စတင် ဖယ်ရှားဖို့ နိုင်ငံများက စည်းရုံးခြင်းနှင့် နိုင်ငံရေး ကတိကဝတ်များကို ဖြစ်ပေါ်စေခဲ့ပါတယ်။

၂၀၃၀ ခုနှစ်ရောက်ရင် ဥရောပမှာ အနည်းဆုံး မြစ်တွေကို ၂၅,၀၀၀ ကီလိုမီတာ အထိ လွတ်လပ်စွာ စီးဆင်းခွင့်ပြုဖို့ ရည် မှန်းချက် ချမှတ်ထားပြီး အနည်းဆုံး ယခုအချိန်အထိ ရည်မှန်းချက်အတွက် ကတိကဝတ်ပြုထားပုံ ရပါတယ်။

Dam Removal Europe အဖွဲ့အစည်းရဲ့ အစီရင်ခံစာသစ်အရ ယမန်နှစ်က ဥရောပမှာ အတားအဆီးများ ဖယ်ရှားခြင်း အ တွက် စံချိန်ချိုးသည့်နှစ် ဖြစ်တယ်ဟု သိရပါတယ်။

ဆည်များနှင့် တာတမံများအပါအဝင် အနည်းဆုံး ၂၃၉ ခုကို ၂၀၂၁ တုန်းက ဥရောပရှိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ဖယ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။

Illustration

စပိန်ဟာ ယမန်နှစ်က ဖယ်ရှားခဲ့တဲ့ အမြင့်ဆုံး ရေကာတာ အပါအဝင် အဆောက်အဦး ၁၀၈ ခုကို ဖယ်ရှားခဲ့တဲ့ ဦးဆောင် နိုင် ငံလည်းဖြစ်ပါတယ်။

“ရေကာတာ ဖယ်ရှားတာက ငါးတွေပြည့်နေတဲ့ လွတ်လပ်စွာ စီးဆင်းနေတဲ့ မြစ်တွေကို ပြန်လည်ထူထောင်ဖို့ အထိရောက်ဆုံး ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။”

“အဆိုပါ ရည်မှန်းချက်ကို ဥရောပတိုက်ရှိ နေရာတိုင်းတွင် အသုံးမပြုတော့သည့် သို့မဟုတ် စီးပွားရေးလုပ်ဆောင်နိုင်စွမ်းမရှိတော့သည့် ဟောင်းနွမ်းပြီး အသုံးမဝင်သော အတားအဆီးများဖြင့် စတင် အကောင်အထည်ဖော်သင့်တယ်” ဟု World Fish Migration Foundation ရဲ့ ဒါရိုက်တာ Herman Wanningen က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဆည်များနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ဆက်စပ်မှု

Dam Removal Europe (DRE) ဟာ ဥရောပတစ်ဝှမ်းရှိ မြစ်များနှင့် စမ်းချောင်းများရဲ့ လွတ်လပ်စွာ စီးဆင်းနေသော အခြေ အနေကို ပြန်လည် ထူထောင်ဖို့ ရည်ရွယ်ချက်ဖြင့် EU သဘာဝ ပတ်ဝန်းကျင် အဖွဲ့အစည်း ခုနစ်ခုရဲ့ ညွန့်ပေါင်း အဖွဲ့ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ ရည်ရွယ်ချက်မှာ အတားအဆီးများ ဖယ်ရှားခြင်းအား ပြန်လည် ထူထောင်ရေး ရည်မှန်းချက် တစ်ခု အဖြစ် ထူ ထောင်လုပ်ဆောင်ဖို့ နှင့် နှစ်ပေါင်းကြာနေပြီဖြစ်တဲ့ ဆည်တာတမံများ ဖယ်ရှားရေး ဗျူဟာကို တတ်နိုင်သမျှ အရှိန်မြှင့်ဖို့ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

Illustration

DRE အတွက် မြစ်အတားအဆီးများကို ဖယ်ရှားခြင်းဟာ ယိုယွင်းနေတဲ့ နေရင်းဒေသများ၊ မျိုးစိတ်များ ပေါများမှုနှင့် ဖြန့် ဖြူး မှု အပိုင်းအခြားများ လျှော့ချခြင်းတို့ အပါအဝင်၊ သဘာဝမိုးနည်းသော ဂေဟစနစ်များအပေါ်သက်ရောက်မှုရှိတာကိုလည်း တွေ့ရပါတယ်။

၂၀၂၀ ခုနှစ်မှ လေ့လာမှုတစ်ခုအရ ဥရောပနိုင်ငံ ၂၆ နိုင်ငံတွင် အနည်းဆုံး အတားအဆီးပေါင်း ၁.၂ သန်းရှိကြောင်း တွေ့ရှိခဲ့ပြီး ၁၅% မှာ အသုံးမပြုတော့တာကို မြင်တွေ့ခဲ့ရပါတယ်။

အတားအဆီးများကို ဖယ်ရှားခြင်းဟာ အပန်းဖြေလှုပ်ရှားမှုများနှင့် အလှတရားများကို အကျိုးပြုပြီး ငါးဖမ်းလုပ်ငန်းနှင့် ဒေသတွင်း ပိုင်ဆိုင်မှုတန်ဖိုးများအပေါ် သိသာထင်ရှားသော အပြုသဘောဆောင်တဲ့ သက်ရောက်မှုများရှိပါတယ်။

ဒါ့အပြင် ငါးလမ်းကြောင်း ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းရှိ အတားအဆီးများ ဖယ်ရှားရေး စီမံကိန်းများရဲ့ အဓိက ရည်မှန်းချက်များ ထဲမှ တစ်ခု ဖြစ်တဲ့ ရွှေ့ပြောင်းငါးများ အနေဖြင့် မြစ်ကြောင်း အတားအဆီးများကို ဖျက် သိမ်း ပြီးနောက်တွင် ရွှေ့ပြောင်းငါးများ ပြန်လည် နေထိုင်ခြင်းကိုလည်း တွေ့လာရပါတယ်။

၎င်းတို့ရဲ့နောက်ဆုံးအစီရင်ခံစာအရ၊ DRE ရဲ့ ယမန်နှစ်က ဖယ်ရှားလိုက်တဲ့ အတားအဆီးအများစုမှာ အသေးစား ဆည်များဖြစ်ကြောင်း အခိုင်အမာဆိုခဲ့သော်လည်း ၂၄ ရာခိုင်နှုန်းမှာ နှစ်မီတာထက် ပိုမြင့်တယ်ဟု ဆိုပါတယ်။

Illustration

၂၀၂၁ ခုနှစ်တွင် ဖယ်ရှားလိုက်သည့် စုစုပေါင်း အတားအဆီး အရေအတွက်ဟာ ၂၀၂၀ ခုနှစ်ကထက် တိုးတက် လာတာကို မြင်တွေ့ခဲ့ရပြီး အတားအဆီးများ ဖယ်ရှားမှု ခြောက်ခု တိုးလာတယ်ဟု ဥရောပနိုင်ငံများရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပေါ်တူဂီ၊ မွန်တီနီဂရိုးနှင့် စလိုဗက်ကီးယား နိုင်ငံသုံးနိုင်ငံတို့ဟာ ၎င်းတို့ရဲ့ ပထမဆုံးသော ဆည်ဖယ်ရှားမှုကို ပြီးခဲ့သည့်နှစ်ကမှ မှတ်တမ်းတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပေါ်တူဂီရှိ အတားအဆီးဟာ နိုင်ငံအရှေ့တောင်ပိုင်းရှိ Vascao မြစ်တစ်လျှောက်တွင် တည်ရှိပါတယ်။

စလိုဗက်ကီးယားမှာဆိုရင် နိုင်ငံ အလယ်ပိုင်းရှိ River Hucava တွင် စွန့်ပစ်ထားသော ဆည်ဖြစ်ပြီး မွန်တီနီဂရိုးတွင် River Vezisnica မှ ဆည်ဖြစ်ပါတယ်။

“အတားအဆီးများကိုဖယ်ရှားခြင်းဟာ မြစ်များဆီသို့ ပြန်လည်ရှင်လာစေဖို့ အကောင်းဆုံးနည်းလမ်းတွေကို ယူဆောင်ပေးတယ် ” ဟု WWF ဂျာမနီမှရေတပ်အရာရှိ Tobias Schafer ကထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 1/6/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *