ဆံပင်နေရာမှာ ရွှေချိန်းကြိုးတွေ အသေတပ်ဆင်လိုက်တဲ့ မက္ကဆီကိုမှ rapper

Lifestyle News

တော်တော်များများက ဒီ မက္ကဆီကို rapper တယောက်ဖြစ်တဲ့ Dan Sur ရဲ့ သတင်းကို တခါမှ ကြားဖူးကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

အခုတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်မှုကြောင့် လူမှုကွန်ယက်ပေါ်မှာ အတော်လေး နာမည်ကြီးနေပြီး အဲဒါဟာ ကြောင်တောင်တောင် တက်တူးတွေ မျက်နှာပေါ်ထိုးတာမျိုး ဒါမှမဟုတ် ရွှေသွားတွေ တပ်လိုက်တာမျိုး တွေမဟုတ်ပါဘူး။

ဘယ်သူနဲ့မှ မတူတဲ့ အဆန်းအပြား တခုအနေဖြင့် သူဟာ ခေါင်းမှာ ရွှေချိန်းကြိုးတွေကို ထည့်သွင်း တပ်ဆင်လိုက်လို့ပဲ ဖြစ်ပါတယ်။

ယနေ့ အင်တာနက်ခေတ်မှာ ကြောင်တောင်တောင် လုပ်တာတွေဟာ ခေတ်စားလာပြီး Dan Sur ဟာ လူတွေရဲ့ အာရုံစိုက်မှု ရလာစေရန် ၎င်း၏ သဘာဝ ပုံစံကို ရွှေချိန်းကြိုးတွေ ဦးခေါင်းခွံမှု တပ်ဆင်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဟာသအနေနဲ့ တွေးကြည်ရရင် သူ လေယာဉ်စီးတဲ့အခါ ရွှေတွေ ချွတ်ပြီး စစ်ရတဲ့ လုံခြုံရေးစနစ်ကို ဒီခေါင်းကြီးနဲ့ ဘယ်လို ဖြတ်မလဲတော့ မသိပါဘူး။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဂီတပညာရှင် Dan Sur ဟာ TikTok ပေါ်မှာ follower ၂ သန်းလောက် ရှိပါတယ်။

၎င်း၏ follower များကို “အမှန်ကတော့ လူတိုင်းဆံပင် ဆေးဆိုးတာကို ကျွန်တော်မြင်တဲ့အတွက် ကွဲပြားတာ တခုခုကို လုပ်ချင်ခဲ့တာပါ။ အခုတော့ လူတိုင်း ကျွန်တော့်ပုံစံကို ပုံတူကူးမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

Dan Sur ကတော့ ဒီ ဒါဇင်ကျော်ရှိတဲ့ တွဲလောင်းကျနေတဲ့ ရွှေချိန်းကြိုးတွေဟာ တကယ်ကို အရေပြားအောက်ရှိ ၎င်း၏ ဦးခေါင်းခွံမှာ ဆွဲကပ်ထားတာ လို့ ဆိုပါတယ်။

ဒါပေမယ့် ဒါဟာ လူသိများအောင် စတန့်ထွင်တဲ့ သဘောလည်း ဖြစ်နိုင်သလို၊ စူပါဂလူး ကော်များရဲ့ အစွမ်းနဲ့ ပြုလုပ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

သေချာတာကတော့ လှုပ်ရှားမှု တခုလုပ်တိုင်း ကြောင်တောင်တောင် အသံတွေ ဒီ ရွှေချိန်းကြိုး ဆံပင်တွေကနေ ထွက်လာမှာတော့ အသေအချာပါပဲ။

“ဒါကို ကျွန်တော့်ခေါင်းမှာ စိုက်ထားတဲ့ ချိတ်နဲ့ချိတ်တာပါ။ အဲဒီချိတ်မှာ ချိတ်တွေရှိပြီးတော့ အားလုံးကို ကျွန်တော့် အရေပြားအောက်ရှိ ဦးခေါင်းခွံမှာ ချိတ်ထားတာ ဖြစ်တယ်” လို့ အခြား ဗီဒီယို တခုမှာ ပြောကြားခဲ့ပါသေးတယ်။

သူတော့ အတည်ကြီးကို ပြောခဲ့တာဖြစ်ပြီး တော်တော်များများကတော့ သူပြောတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဒီလို လုပ်ဆောင်မှုဟာ အင်တာနက်ပေါ်ရှိ လူများထံမှ အာရုံစိုက်မှု ရရှိစေခဲ့တဲ့ အပြင် ပိုးဝင်နိုင်ခြေ မြင့်မားသည့် ဒီလို ထူးထူးဆန်းဆန်း ထည့်သွင်းမှုကို ယခင်က မထောက်ခံခဲ့တဲ့ ဆရာဝန်အချို့ကိုတောင် ဖမ်းစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သင်သာ Dan Sur ကို အတုယူချင်ရင်တော့ ဆံပင်ကို ရွှေကြိုးတွေနဲ့ ချည်တာက ပိုပြီး အန္တရာယ်ကင်းမှာပါ။ ဒီလိုမျိုး လူအာရုံစိုက်အောင် လုပ်ဖို့ဆိုတာ တော်ရုံ ရူးသွပ်မှုနဲ့တော့ မရပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *