အာဖရိကအရှေ့ပိုင်းက တန်ဇန်းနီးယားနိုင်ငံ(Tanzania)မြောက်ပိုင်းမှာရှိတဲ့ ထူးခြားသောကုန်းတွင်းပိုင်းရေကန်ကြီးဟာ တောရိုင်းတိရစ္ဆာန်များကို ကျောက်တုံးအဖြစ် ပြောင်းလဲစေနိုင်ပါတယ်။ ဒီသေမင်းတမန်ရေကန်ကြီးနာမည်က နတ်ထရွန်(Natron)ရေကန်ကြီးပါပဲ။
ဒီရေကန်ကြီးဟာ နစ်ဘရန်ထ် ဆိုတဲ့ ဓါတ်ပုံဆရာက ကမ်းစပ်တစ်လျှောက်မှာ ရှိတဲ့ သစ်ပင်တွေပေါ်မှာ သဘာဝကျကျရှိနေသော ကျောက်ဖြစ်ရုပ်ကြွင်း ငှက်အသေတွေကို ဓါတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်လိုက်ရာကနေ ကမ္ဘာတစ်လွှား လူသိများကျော်ကြားလာခဲ့တာပါ။

နတ်ထရွန်ရေကန်ကြီးဟာ ကမ္ဘာပေါ်မှာ အယ်ကာလီဓါတ်အများဆုံး ရေကန်တွေအနက်က တစ်ခုဖြစ်ပါတယ်။
ထိုကန်ဟာ ကင်ညာအလယ်ပိုင်းမှ ပေါ်ပေါက်လာသော တောင်ပိုင်း အီဝါဆိုအန်ဂီရိုမြစ် (Ewaso Ng’iro River) နှင့်တွင်းထွက်များ ပေါများသော ရေပူစမ်းများမှအဓိကအားဖြင့် အခြေခံ စီးဝင်လာခဲ့တာပါ။
ဆိုဒီယမ်နှင့်ပိုတက်စီယမ်ကာဗွန်နိတ်ကြွယ်ဝတဲ့ ရှားပါးသောချော်ရည်အမျိုးအစားကလည်း Ol Doinyo Lengai မီးတောင်၏တောင်စောင်းများမှ ရေကန်ထဲသို့ စီးဆင်းလာခဲ့ပါတယ်။
ကန်ရဲ့ ရေအတိမ်အနက်ဟာ ၃ မီတာ (၉.၈ ပေ) အောက်သာရှိပြီးရေမျက်နှာပြင်ပေါ် မူတည်၍ အကျယ်ကွဲပြားပါတယ်။ ထိုရေကန်ကြီးဟာ ၂၂ ကီလိုမီတာ (၁၄ မိုင်) ကျယ်ပြီး ၅၇ ကီလိုမီတာ (၃၅ မိုင်) အရှည်ရှိပါတယ်။
ရေကန်၏ ဆားဓာတ်ပါဝင်မှုသည် halophilic သေးငယ်သောဇီဝသက်ရှိလို့ခေါ်တဲ့အဆိပ်ရှိတဲ့ ဘတ်တီးရီးယားများဟာ လိုအပ်တဲ့ အလင်းရောင်စွမ်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များ ကြွင်းကျန်ရစ်စေရန် ဆားစားသုံးမှုကိုလက်ခံပါတယ်။
ယေဘူယျအားဖြင့် အဆိပ်ရှိတဲ့ဘတ်တီးရီးယားများဟာ မတူညီသော ဆိုးဆေးများကို သယ်ဆောင်ပါတယ်။ ဒီနတ်ထရွန်ရေကန်ထဲတွင် သူတို့ရဲ့ဆိုးဆေးပစ္စည်းများဟာ ရေကိုထူးခြားစွာအနီရောင်ဖြစ်စေပါတယ်။

တစ်နည်းနည်းနဲ့ငါးမျိုးစိတ်၊ ကျောရိုးမဲ့သတ္တဝါများနှင့်ရေညှိများလည်း ရေကန် ထဲတွင်နေထိုင်ကြပါတယ်။
သို့သော်အချို့သောတောရိုင်းတိရိစ္ဆာန်များ၊ အထူးသဖြင့်ငှက်များအတွက် ဒီနတ်ထရွန်ရေကန်ကြီးဟာ သေစေနိုင်သော ထောင်ချောက်တစ်ခုဖြစ်ပါတယ်။
ဒီသေမင်းတမန်ရေကန်ကြီးဆီရောက်လာတဲ့ တိရစ္ဆာန်တွေဟာ ရေကန်ကြီးရဲ့ ရေမျက်နှာပြင်ပေါ်က သူတို့ရဲ့ရောင်ပြန်အရိပ်တွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ ဇဝေဇဝါဖြစ်သွားကြပါတယ်။ နောက်တော့ ဟိုတိုက်မိ ဒီတိုက်မိ ဖြစ်ကုန်ပြီး အချို့ လဲကျသေဆုံးကုန်ကြပါတယ်။ အချို့လဲ ရေထဲကျသေကုန်ပါတယ်။
ဒါ့ကြောင့် ဒီရေကန်ကြီးဟာ ဘာမြူဒါတြိဂံ နဲ့တောင် တူနေသလိုလိုပါပဲ။ရေကန်ကြီးတစ်ဝိုက်မှာ ထုံးဓါတ်လွန်ကဲလွန်းတာကြောင့် ငှက်သေတွေဟာ ကျောက်ဖြစ်ရုပ်ကြွင်းလို ဖြစ်သွားပေမယ့် ကျောက်တုံးလောက်လဲမမာဘူးလို့ဆိုပါတယ်။
ရေကန်ရဲ့မျက်နှာပြင်အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်မှ ၆၀ ဒီဂရီစင်တီဂရိတ်ထိရှိပြီး PH မှာလည်း ၁၂ အထက် ကျော်လွန်ပြီးရှိပါတယ်။
ဒါကြောင့် ရေနဲ့ထိလိုက်တာနဲ့ အရေပြားတွေလောင်ကျွမ်းကုန်ပြီးသေကုန်ကြရတာပါ။
ရေကန်ကြီးထဲက ဓါတုပစ္စည်းတွေ ပေါင်းစုဓါတ်ပြုထားလို့ တိရစ္ဆာန်အသေတွေဟာ အီဂျစ်က ဆေးရည်စိမ်းထားတဲ့ မမ်မီရုပ်ထုတွေလိုဖြစ်သွားတာလို့ တစ်ချို့သိပ္ပပညာရှင်တွေက ဆိုကြပါတယ်။
ဒီရေကန်ကြီးဟာ မြောက်အာဖရိကတိုက်က ဖလာမင်ဂိုးငှက်တို့ ပေါက်ဖွားကျက်စားရာနေရာလည်းဖြစ်ပါတယ်။
ငှက်အသေမျိုးစုံဟာ မြေကြီးလို မာကျောတောင့်တင်းပြီး ရုပ်ထုတွေလိုဖြစ်နေပါတယ်။ ငှက်တွေကျသေနေတာ ဘာကြောင့်လဲဆိုတာကိုတော့ ဘယ်သူမှအတိအကျမ ပြောနိုင်ကြပါဘူး။