အကျင့်တခုပြောင်းဖို့ ကိုယ့်ကိုကိုယ် စိတ်ခွန်အားရစေမည့် နည်း

Knowledge Lifestyle

အကျင့်တခုကို ပြောင်းဖို့ဆိုတာ တကယ်တော့ အလွန် မလွယ်ကူတဲ့ ကိစ္စတရပ်ပဲ ဖြစ်ပါတယ်။

“ငါ မနက်ခင်းကျရင် ပြေးမယ်” ဒါမှမဟုတ် “ငါ လက်သဲကိုက်တဲ့ အကျင့်တွေ ပြင်ရမယ်” လို့ ပြောရုံနဲ့တော့ သင်လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာပါ။ လုပ်နေကျမဟုတ်ရင် မလုပ်ဖြစ်ဖို့လဲ များပါတယ်။

ဒါပေမယ့် “ငါမနက်ခင်းကျရင် ပြေးဖြစ်ပါ့မလား” ဆိုတာမျိုး ပြောကြည့်ရင်တော့ စိတ်ထဲမှာ တခုခုတော့ ခံစားရပါလိမ့်မယ်။ လေ့လာကြည့်ကြတာပေါ့။

Pacific Standard မှ ၂၀၁၀ ခုနှစ်က စိတ်ပညာလေ့လာမှုတခုအရ ဒီလိုကိုယ့်ဟာကို မေးခွန်းထုတ်ပြီး မေးခြင်းဟာ စစ်မှန်တဲ့အရာ တခုကို ကြေငြာတာထက် ပိုပြီး စိတ်ခွန်အား ဖြစ်စေတယ်ဆိုတာကို တွေ့ရပါတယ်။

Illinois တက္ကသိုလ်မှ Urbana-Champaign ရှိ သုတေသီများဟာ သုတေသနပြုမှုများစွာ ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို စိတ်ပညာသိပ္ပံ ဂျာနယ်တွင် ဖော်ပြခဲ့ပါတယ်။

၎င်းတို့၏ “ငါလုပ်မယ်” ဆိုတဲ့ စကားအစား “ငါလုပ်လိမ့်မလား” ဆိုပြီး ကိုယ့်ကိုကိုယ် မေးခွန်း ထုတ်စေတဲ့ သုတေသန ပြုမှုများအတွင်း ပါ ဝင်တဲ့သူတွေဟာ ပြသနာ ဖြေရှင်းရာမှာ ပိုမို ကောင်းမွန်လာပြီး၊ ပိုမို စိတ်ခွန်အား ကောင်းလာတာ ကို တွေ့ရှိခဲ့ရပါတယ်။

သင်ဟာ ကောင်းတဲ့ ဆုံးဖြတ်ချက်လို့ သိထားတဲ့ တခုခုကို လုပ်ဖို့ ကိုယ့်ကိုကိုယ် ညှင်းဆဲတာ၊ ဖိအားပေးတာဟာ သင့်အတွက်တော့ ရလဒ်တွေ မကောင်းစေပါဘူး။

ဒါပေမယ့် သင်ဟာ သင့်ကိုယ်သင် “ငါဒီနေ့ တနေကုန် အင်တာနက် မသုံးဘဲ နေမှာလား” ဆိုတာမျိုး မေးကြည့်လိုက်ပါ။

အဲဒီ့ အခါကျရင်တော့ သင့်အနေနဲ့ တနေကုန် အင်တာနက် မသုံးဘူး ဆိုပြီး သုံးချင်ရက်နဲ့ စိတ်ကို တင်းခံနေရမယ့်အစား ဘယ်လို နေရင် ရနိုင်မလဲဆိုတာ တွေးဖြစ်ပါလိမ့်မယ်။

ဒါဟာ “ငါ တကယ်ရော လုပ်နိုင်မှာလား” ဆိုတဲ့ သင့်ရဲ့ ပန်းတိုင်ဖြစ်တဲ့ ကိုယ်ပိုင်စိန်ခေါ်မှု တခုအနေနဲ့ ဖြစ်စေလာပြီး မလွဲမသွေ လိုက်နာရပြီး ပျက်ကွက်သွားမယ့် ပုံစံမျိုး မဟုတ်တော့ပါဘူး။

ပြီးတော့ “ငါလုပ်မှာလား” လို့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ပြီး လိုက်နာရန် ပျက်ကွက်ခဲ့ရင်တောင်မှ သင့်ကို အများကြီး ခံစားနေရစေမှာ မဟုတ်ပါဘူး။

အဲလိုမှမဟုတ်ရင် “ငါ လုပ်ဖြစ်အောင်လုပ်မယ်” လို့ တွေးထားပြီးမှ မလုပ်ဖြစ်ရင် သင့်အနေနှင့် အလွန် ခံစားနေရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် အကျင့်တခု ပြင်တဲ့အခါမှာ “ငါလုပ်မယ်/ငါလုပ်နိုင်တယ်” လို့ ပြောမယ့်အစား “ငါလုပ်နိုင်ပါ့မလား/လုပ်ဖြစ်ပါ့မလား/ဘယ်လိုလုပ်ဖြစ်အောင် လုပ်ရမလဲ” စတာမျိုးတွေနဲ့ သင့်စိတ်ကို မြှင့်တင်ကြည့်ပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *