Decision-making process 💡 (ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်)

Business

(ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်)


ဒီနေ့ပြောပြပေးသွားမှာကတော့ Decision making process အကြောင်းပဲဖြစ်ပါတယ်။🙋
လုပ်ငန်းခွင်မှာ လူအနည်းငယ်နဲ့စု‌ပေါင်းထားတဲ့ အသင်းတစ်ခုခုကိုပဲဖြစ်ဖြစ်၊ ကြီးမားတဲ့အဖွဲ့အစည်းကိုပဲဖြစ်ဖြစ် ဦးဆောင်ရပြီးဆိုရင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီအသင်း၊ ဒီအဖွဲ့အစည်းရဲ့ အောင်မြင်မှုအတွက် အရမ်းအရေးကြီးပါတယ်။💯
ရေတိုအတွက်ဖြစ်စေ၊ရေရှည်အတွက်ဖြစ်စေ မှန်ကန်တိကျတဲ့ ဆုံးဖြတ်ချက်ကို ချဖို့လိုအပ်ပါတယ်။


ဒီလို ဆုံးဖြတ်ချက်တစ်ခု ထိရောက်စွာချနိုင်ဖို့ ယေဘုယျအားဖြင့် အဆင့် (၇) ဆင့်ရှိပါတယ်။ 🙌🏻


1️⃣ Identify problem or opportunity
ဆုံးဖြတ်ချက်မချခင်မှာ ပထမဆုံး ကိုယ်ဖြေရှင်းရမယ့် ပြဿနာ သို့မဟုတ် ကိုယ်အောင်မြင်ချင်တဲ့အကြောင်းအရာတွေကို သေချာသိဖို့လိုပါတယ်။✔️
ဘာကြောင့် ဆုံးဖြတ်ချက်ချဖို့လိုတာလဲ၊ ရည်ရွယ်ချက်က ဘာလဲဆိုတာကို သေချာမသိရင် ဆုံးဖြတ်ချက်မှားသွားနိုင်လို့ပါ။


2️⃣ Collect data
ကိုယ်လုပ်မယ့်အလုပ်အတွက် လိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေစုဆောင်းရပါမယ်။
လုပ်ငန်းတွင်းကိုကြည့်ပြီး ချင့်ချိန်စဉ်းစားဖို့လိုအပ်သလို လုပ်ငန်းအပြင်က အရာတွေကိုလည်း လေ့လာရပါမယ်။🧐


3️⃣ Formulate alternatives
နောက်တစ်ဆင့်ကတော့ ကိုယ်ရည်ရွယ်ထားတဲ့အတိုင်းဖြစ်ဖို့ စုဆောင့်လေ့လာထားတဲ့ အချက်အလက်တွေကိုသုံးပြီး ဘယ်နည်းလမ်းတွေနဲ့ သွားမလဲဆိုတာပါပဲ။ ဖြစ်နိုင်သမျှနည်းလမ်းတွေအကုန် စဉ်းစားရပါမယ်။🤔

4️⃣ Evaluate alternatives
အပေါ်မှာ စဉ်းစားခဲ့တဲ့ နည်းလမ်းတွေကို တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ပြီး အားသာချက်၊ အားနည်းချက်တွေကို ချင့်ချိန်ရပါမယ်။⚖️

5️⃣ Choose best solution
ဖြစ်နိုင်ချေနည်းလမ်းတွေကို သုံးသပ်ပြီးပြီဆိုရင် အဲ့ဒီနည်းလမ်းတွေထဲကမှ ဆုံးရှုံးနိုင်ချေနဲ့ ကုန်ကျစရိတ်နည်းပြီး အောင်မြင်မှုရနိုင်ချေ အများဆုံးတစ်ခုကို ရွေးချယ်ဖို့လိုလာပါပြီ။☑️


6️⃣ Implement
ဒီအဆင့်မှာတော့ ရွေးချယ်ထားတဲ့ နည်းလမ်းအတိုင်း အကောင်းအထည်ဖော်ရမှာပါ။ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေ၊အတတ်ပညာ‌တွေအကုန်အသုံးချပြီး အကောင်းဆုံးကြိုးစားရပါမယ်နော်။🤗


7️⃣ Monitor and Evaluate
‌နောက်ဆုံးအဆင့်ကတော့ ဆုံးဖြတ်ချက်အရရွေးခဲ့တဲ့ နည်းလမ်းဟာ အောင်မြင်လား၊ ရေရှည်ရပ်တည် နိုင်လားဆိုတာကို စောင့်ကြည့်ပြီး ပြင်ဆင်သင့်တာ ပြင်ရပါမယ်။
လိုအပ်ချက်တွေ ရှိနေတယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ရလဒ်တွေကို စဉ်းစားထားဖို့လိုပါတယ်။👏👏

ဒီအဆင့်တွေကို တစ်ဆင့်ချင်းစီ ဂရုတစိုက်လုပ်မယ်ဆိုရင် ကိုယ်အောင်မြင်ချင်တဲ့ အရာအတွက် နည်းလမ်းတွေသိရှိပြီး ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်ပါ။ 🥳
ဒီလုပ်ငန်းစဉ်ဟာဆိုရင် အချိန်ကုန်သက်သာစေပြီး ကိုယ့်ရဲ့နောက်လိုက်တွေကိုလည်း တာဝန်တွေသေချာခွဲဝေပေးနိုင်တယ်။
သူတို့ကလည်း ဘယ်အရာကို Focus လုပ်ပြီး ပြဿနာဖြေရှင်းရမလဲ၊ အောင်မြင်အောင်လုပ်ရမလဲဆိုတာတွေသိလာစေပါတယ်။
ဆုံးဖြတ်ချက်ဆိုတာ အလျင်အမြန်နဲ့ အလွယ်တကူလုပ်တဲ့အခါ အမှားတွေဖြစ်တတ်ပါတယ်။🙅

ဒါကြောင့် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ အကြောင်းပဲဖြစ်ဖြစ် ဆုံးဖြတ်ဖို့လိုလာပြီဆိုရင် decision making process ကိုကြိုးစားကြည့်ကြပါလို့ တိုက်တွန်းပါတယ်။👏


Written by
Yoon Ei Tin
Beatrix

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *