ပထမဆုံး စက်ရုံသုံး အဆင့်ရှိ စက်ရုပ် DEEP Robotics မှ ထုတ်လုပ်

Innovation Tech

စက်ရုပ်များဟာ စက်ရုံများနှင့် စီးပွားရေး လုပ်ငန်းများတွင် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများနှင့် အန္တရာယ်များသည့် နေရာများတွင် စစ် ဆေး မှုများကို လူများ အစား ဆောင်ရွက်ပေးနိုင်ပါတယ်။

ဒါပေမယ့် ယခင်က ဘီးတပ် စက်ရုပ်များဟာ ဒီလို စွမ်းဆောင်ရည်မျိုး မရှိတဲ့အပြင် ဒရုန်းများဟာလည်း ရာသီဥတု ဆိုးဝါးတဲ့အခါ အသုံးမပြုနိုင်ခြင်း နှင့် ၎င်းတို့၏ အားမခံတဲ့ ဘက်ထရီကြောင့် အကန့်အသတ် ဖြစ်နေပါတယ်။

ဒါတွေကို မြေပြင်အနေအထားအမျိုးမျိုးမှာ သွားလာနိုင်ခြင်း၊ စစ်တမ်းကောက်ယူခြင်းနှင့် ရှာဖွယ်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အ ခြားနယ်ပယ်များမှာ အသုံးပြုနိုင်တဲ့ စွမ်းရည်ရှိတဲ့ quadruped စက်ရုပ်များက ဖြေရှင်း ပေးနိုင်မှာပါ။

တရုတ် နည်းပညာ ကုမ္ပဏီ တခုဖြစ်တဲ့ DEEP Robotics ဟာ ခြေလေးချောင်းရှိတဲ့ စမတ် quadruped စက်ရုပ်များကို ထုတ်လုပ်ဖို့ အာရုံ စိုက်နေခဲ့တာဖြစ်ပြီး ယခုတော့ ၎င်းတို့၏ စက်ရုပ်သစ် Jueying X20 ကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

စက်ရုံသုံး အဆင့်ပြည့်မှီပြီး ရွှံ့နွံများကို ဖြတ်သန်းပြီး မိုးရေထဲမှာ သွားလာနိုင်တဲ့အတွက် Jueying X20 ဟာ တရုတ်နိုင်ငံ၏ ပထမဆုံး ခြေလေးချောင်းသုံး ဥာဏ်ရည်မြင့် စက်ရုံသုံး ပြည်တွင်းဖြစ် စက်ရုပ် ဖြစ်လာပါတယ်။

စက်ရုပ်တွင် ခိုင်ခန့်ပြီး တိကျသည့် စွမ်းရည်၊ အလိုအလျှောက် ကိုယ်တိုင် အားသွင်းသည့် စနစ်၊ မြင်ကွင်းအားလုံး လွှမ်းခြုံနိုင်မှု၊ မြင့်မားသည့် တွက်ချက်မှု စွမ်းရည် နှင့် တိကျသည့် သိမြင်မှု များ ပါဝင်ပါတယ်။

၎င်းဟာ ယခင်က ထုတ်လုပ်ခဲ့သည့် အမျိုးအစားထက် ကာကွယ်မှု၊ အရွယ်အစား၊ ဝန်တင်နိုင်သည့် စွမ်းရည်နှင့် ခံနိုင်ရည်ရှိမှုတို့ ပိုမို ကောင်းမွန်ပြီး စွမ်းဆောင်ရည် မြင့်မားပါတယ်။

IP66 အထိ ရေစို ခံနိုင်သည့်အတွက် မိုးရွာသည့် နေ့များနှင့် အခြား ကြမ်းတမ်းသည့် ပတ်ဝန်းကျင်များတွင် ဖုန်မှုန့်များ၊ ရေများ မဝင်ဘဲ ကောင်းစွာ အလုပ်လုပ်နိုင်ပါတယ်။

Jueying X20 ဟာ အရှည် ၁၀၀ စင်တီမီတာ၊ အကျယ် ၄၆ စင်တီမီတာ နှင့် အမြင့် ၆၀ စင်တီမီတာ ရှိပြီး အလေးချိန် ၅၀ ကီလိုဂရမ်ရှိကာ အမြန်နှုန်း တနာရီလျှင့် ၇.၄ မိုင်နှုန်းဖြင့် သွားလာ နိုင်ပါတယ်။

အလေးချိန် ၂၀ ကီလိုဂရမ်ကို တင်ဆောင်ပြီး ၂ နာရီကျော် ဆက်တိုက်အလုပ်လုပ်နိုင်ပြီး ဝန်တင်မထားပါက ၄ နာရီလောက်အထိ ဆက် တိုက် အလုပ်လုပ်နိုင်ပါတယ်။

ယခင် ဗားရှင်း

အများဆုံး တင်နိုင်သည့် ဝန်မှာ ၄၀ ကီလိုဂရမ်ဖြစ်ပြီး စက်ရုပ်ဟာ ၁၈ စင်တီမီတာခန့်ရှိတဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ပြီး၊ ၃၀ ဒီဂရီလျှောစောက်ရှိသည့် လှေကားများပေါ် တက်နိုင်ကာ

ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်များဖြစ်တဲ့ မြက်ခင်းပြင်များ၊ သဲတောများ၊ နှင်းတောများ၊ ကျောက်စရစ်လမ်းများနှင့် ရွှံ့နွံများတွင် သွားလာနိုင်ပါတယ်။

depth-sensing ကင်မရာနှင့် လေဆာ ရေဒါများကို ဥာဏ်ရည်တုဖြင့် ပေါင်းစပ်ထားတဲ့အတွက် စက်ရုပ်ဟာ အလိုအလျှောက် လမ်း ကြောင်း ရှာခြင်း၊ အတားအဆီးများ ရှောင်ဖယ်ခြင်းနှင့် လိုအပ်သည့်အခါ လူများကို မှတ်သားနိုင်ခြင်း များကို ပြုလုပ်နိုင်မှာပါ။

Jueying စက်ရုပ်များ၏ ပထမဆုံး စက်ရုပ်ကို ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီဟာ အဲဒီ့ကတည်းက စက်ရုပ်များကို ရှာဖွေကယ်ဆယ်ရေး၊ စက်ရုံစစ်ဆေးမှုနှင့် အခြား လုပ်ငန်းများ လုပ်ဆောင်နိုင်အောင် ကြိုးစား နေတာပဲ ဖြစ်ပါတယ်။

မကြာသေးမီက ရှောင်းမီ Xiaomi ကုမ္ပဏီမှလည်း စွမ်းရည်မြင့် ကွန်ပျူတာ တပ်ဆင်ထားတဲ့ အဆင့်မြင့် အိမ်သုံး စက်ရုပ် အမျိုးအစားသစ်ကို ပြသ ခဲ့ပါသေးတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *