ထောက်ပံပို့ဆောင်ရေး ကဏ္ဍမှာ ကမ္ဘာကျော်ဖြစ်တဲ့ ဂျာမန် DHL (အမြန်ချောပို့)လုပ်ငန်းဟာ အစ္စရေး လျှပ်စစ် လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Eviation နှင့် လုပ်ဖော်ကိုင်ဖက်အသစ်တစ်ခုကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။
အဲဒါကတော့ DHL ဟာ ၎င်း၏ အမြန်ချောပို့ လုပ်ငန်းအတွက် Eviationမှ လျှပ်စစ်လေယာဉ် ၁၂ စီးကို မှာကြားခဲ့တာပဲ ဖြစ်ပါတယ်။ကုမ္ပဏီရဲ့ရည်ရွယ်ချက်က ပထမဆုံးလျှပ်စစ် လေယာဉ်ဖြင့် အမြန်ချောပို့ ကွန်ယက်ကို တည်ဆောက်ဖို့ပါ။

The Next Web ၏ အဆိုအရ DHL(အမြန်ချောပို့)က ရွေးချယ်ထားသော လေယာဉ်မှာ ‘Alice’ လျှပ်စစ်လေယာဉ်ငယ် ဖြစ်ပြီး အဆိုပါလေယာဉ်ကို ၂၀၂၄ ခုနှစ်တွင် အပြီးပို့ဆောင်လိမ့်မည်ဟု ဆိုပါတယ်။ Alice လေယာဉ်ဟာ ကိုးယောက်စီး လျှပ်စစ်လေယာဉ်ငယ်ဖြစ်ပြီး ခရီးသည် နှင့် ကုန်များကို သယ်ဆောင်ရန် ရည်ရွယ် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
အဆိုပါလေယာဉ်ကို လေယာဉ်မှူးတစ်ဦးဖြင့် မောင်းနှင်နိုင်ပြီး အလေးချိန် ၁,၂၀၀ ကီလိုဂရမ် (ပေါင်ချိန် ၂၆၀၀) သယ်ဆောင်နိုင်စွမ်းရှိပါတယ်။နောက်ထပ်အရေးကြီးတဲ့ အားသာချက်တစ်ခုက လေယာဉ်ဟာအမြင့်ဆုံး ၈၁၅ ကီလိုမီတာ သို့ ရေမိုင် ၄၄၀ အကွာအဝေးအထိ ပျံသန်းနိုင်တဲ့ အပြင် တစ်နာရီပျံသန်းဖို့ကို မိနစ် ၃၀ အားပြန်သွင်းဖို့ပဲ လိုတာပါ။
Eviation ကုမ္ပဏီဟာ ယခုနှစ် နှစ်ကုန်ပိုင်းတွင် Alice လေယာဉ်ကို ပထမဆုံးအကြိမ် ပျံသန်းမှုပြုလုပ်ရန် မျှော်လင့်ထားပါတယ်။ Eviation ကုမ္ပဏီဟာ အနာဂတ်တွင် လေကြောင်းခရီးသွားလုပ်ငန်းကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်နိုင်ရန် နည်းပညာရှာဖွေနေသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပါတယ်။

လျှပ်စစ်လေယာဉ်များဟာ စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးသည့်အပြင် အတိုင်းအတာတစ်ခုအထိ လည်ပတ်မှု ကုန်ကျစရိတ်နှင့်လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် CO₂ ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပေးလိမ့်မည်ဟု ဆိုပါတယ်။
DHL ရဲ့ အမှုဆောင်အရာရှိချုပ် John Pearson က တော့ အနာဂတ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် လုံးဝထုတ်လွှတ်မှုကင်းမဲ့သော ထောက်ပံ့ပို့ဆောင်ရေးဖြစ်လာမည်ကို ယုံကြည်သည်ဟု ပြောကြားခဲ့ပါတယ်။
“ငါတို့ပြည့်စုံတဲ့ လက်တွဲဖော် (Eviation) ကိုတွေ့ခဲ့တယ်။ဘာလို့လဲဆိုတော့ သူတို့က ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်ကို ဝိုင်းဝန်းလုပ်ဆောင်ပေးမှာဖြစ်လို့ပါပဲ။ငါတို့ အတူတကွရေရှည်တည်တံ့တဲ့ လေကြောင်းပျံသန်းမှုရဲ့ခေတ်သစ်တစ်ခုဆီကို အတူသွားကြမယ်။”လို့ လည်း ပြောကြားခဲ့ပါတယ်။
၂၀၃၀ တွင် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် Deutsche Post DHL Group မှ ဒေါ်လာ ၈.၃ ဘီလီယံကို ရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းဖြစ် ထည့်ဝင်ထားပြီး ဖြစ်ပြီး ကုမ္ပဏီ၏ ရည်မှန်းချက်မှာ ၂၀၅၀ ခုနှစ်တွင် လုံးဝကာဗွန်ကင်းစင်လာစေရန် ဖြစ်ပါတယ်။