ပုရွက်ဆိတ်အနီ နှင့် ပုရွက်ဆိတ်အနက် တို့၏ အဓိက ကွာခြားချက် ၅ ချက်

Knowledge Nature

ပုရွက်ဆိတ်တွေဟာ အိမ်ထဲမှာ အနှောက်အယှက် ဖြစ်စေပြီး လူအများစုကတော့ ၎င်းတို့ကို သုတ်သင် ရှင်းလင်းဖို့ မတွန့်ဆုတ်ကြပါဘူး။

သို့သော်လည်း ပုရွက်ဆိတ်အနီနှင့် ပုရွက်ဆိတ်အနက် နှိုင်းယှဉ်ကြည့်တဲ့အခါ ပုရွက်ဆိတ် အနီမျိုးစိတ်တွေဟာ ပုရွက်ဆိတ်အနက် မျိုးစိတ်​တွေထက် များစွာကွဲပြားတဲ့ စိတ်သဘောထားရှိပြီး ၎င်းတို့ကြားရှိ တစ်ခုတည်းသော ခြားနားချက်က အရောင်ဖြစ်နိုင်သော်လည်း ၎င်းတို့ရဲ့ အရွယ်အစား၊ ပျက်စီးမှုအဆင့်နှင့် ရန်လိုမှုတို့မှာလည်း ကွဲပြားနိုင်ပါတယ်။

ဒါ့ကြောင့် ပုရွက်ဆိတ် အနီနဲ့ ပုရွက်ဆိတ် အနက်တို့ရဲ့ အဓိက ကွာခြားချက် ၅ ချက်ကို အောက်တွင် လေ့လာဖတ်ရှုနိုင်ပါတယ်။

(၁) ပုရွက်ဆိတ်အနီနဲ့ ပုရွက်ဆိတ်အနက်တို့ရဲ့ အရောင်နှင့် အရွယ်အစား

ပုရွက်ဆိတ်အနက်နှင့် ပုရွက်ဆိတ်အနီကြား သိသာထင်ရှားတဲ့ ရုပ်ပိုင်းဆိုင်ရာ ကွာခြားချက်ကတော့ ၎င်းတို့ရဲ့အရောင်ပဲ ဖြစ်ပါတယ်။

fire ant ဟုလည်းသိကြတဲ့ အနီရောင် ပုရွက်ဆိတ်တွေဟာ နာမည်မှာ ဖော်ပြထားတဲ့ အတိုင်း နီညိုရောင်မှ နီညို မဲရောင်တို့ ဖြစ်ကြပါတယ်။

၎င်းတို့ကို အရွယ်အစား အမျိုးမျိုးဖြင့် တွေ့ရသော်လည်း ပုံမှန်အားဖြင့် ၎င်းတို့ဟာ 1/8 လက်မနှင့် 1/4 လက်မအကြား ရှိပါတယ်။

အနက်ရောင်ပုရွက်ဆိတ်တွေကလည်း မျိုးကွဲ နှစ်ဒါဇင်ခန့် ရှိတဲ့အတွက်ကြောင့် အရွယ်အစား အမျိုးမျိုးရှိနိုင်ပါတယ်။ ပုရွက်ဆိတ်နက်လေးတွေဟာ 4.5 မီလီမီတာသာရှိသော်လည်း ကမ္ဘာ့စံချိန်တင် အရှည်ကတော့ နှစ်လက်မဖြစ်ပါတယ်။

(၂) သက်ရှိအရာ​တွေကို ခြိမ်းခြောက်ခြင်း

ပုရွက်ဆိတ် အနီနှင့် ပုရွက်ဆိတ် အနက်ကြားက အထင်ရှားဆုံး အပြုအမူ ကွာခြားချက်က လူတွေအပေါ် ပြုမူတဲ့ အပြုအမူတွေဖြစ်ပါတယ်။

ပုရွက်ဆိတ် အနက်တွေက လူတွေကို နှောက်ယှက်တာထက် သူတို့ရဲ့ အသိုက်အဝန်းနဲ့ လက်ထဲမှာရှိတဲ့ အလုပ်တွေကို ပိုစိုးရိမ်ကြပါတယ်။

အခြားတစ်ဖက်မှာတော့ ပုရွက်ဆိတ်အနီတွေဟာ ရန်လိုစိတ် ပြင်းပြီး သားကောင်ကို ကိုက်ဖြတ်ကာ တိုက်ခိုက်တက်​ကြပါတယ်။

ဒါ့အပြင် ပုရွက်ဆိတ် အနီ တွေဟာ အဆိပ်အတောက်များကို ထုတ်လွှတ်ကာ ၎င်းတို့ရဲ့ သားကောင်​တွေနဲ့ အန္တရယ်ဖြစ်စေတဲ့ အရာတွေကို တုန့်ပြန်တက်ကြပါတယ်။

(၃) ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေခြင်း

ယေဘုယျအားဖြင့် ပုရွက်ဆိတ်အနီတွေဟာ လူတွေကို ကိုက်တက်၊ ရန်လိုတက်ကြသော်လည်း ပုရွက်ဆိတ်အနက်တွေကတော့ လူကိုအန္တရာယ်ဖြစ်စေတာထက် အနှောက်အယှက်ဖြစ်စေတာ ပိုများပါတယ်။

ပုရွက်ဆိတ်အနီတွေဟာ အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်တဲ့အခါ သားကောင်ကို ရှာဖွေတတ်သည့်အပြင် အတွင်းမှာ နေထိုင်နေတဲ့ လူတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ပုရွက်ဆိတ် အများစုကတော့ မြေပြင်ပေါ်မှာပဲ နေထိုင်ရတာကို နှစ်သက်ကြတာပါ။

ပုရွက်ဆိတ်အနက်တွေမှာတော့ မတူညီတဲ့ပုရွက်ဆိတ်မျိုးစိတ်ပေါင်း ၂၀ ကျော်ရှိသော်လည်း အိမ်ထဲသို့ ဝင်ရောက်ရတဲ့ အဓိကအကြောင်းရင်းက အစာကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် အမှိုက်​တွေနှင့် ဖိတ်ကျနေတဲ့ အစားအစာတွေကို လျင်မြန်စွာ မရှင်းလင်းတဲ့ အခါမျိုးတွေမှာ ၎င်းတို့ကို မီးဖိုချောင်မှာ တွေ့ရလေ့ရှိပါတယ်။

ပုရွက်ဆိတ်အနက်တွေဟာ အနီးအနားကနေ အစားအသောက်တွေ ရဖို့အတွက် အိမ်နံရံ​တွေနှင့် မျက်နှာကျက် ကွက်လပ်​တွေ အတွင်းမှာ အသိုက်အမြုံတွေကို တည်ဆောက်လေ့ရှိ​ကြပါတယ်။

(၄) မျိုးစိတ် ကွဲပြားမှုများ

လက်ရှိမှာတော့ ပုရွက်ဆိတ်အနက်မျိုးစိတ် ၂၄ မျိုးခန့်ရှိပြီး ၎င်းတို့ဟာ ရန်လိုမှုတွေ သို့မဟုတ် ကြမ်းတမ်းမှုတွေ မရှိဘူးလို့ ယူဆလို့ရပါတယ်။

တွေ့ရများတဲ့ ပုရွက်ဆိတ်မျိုးစိတ်တွေကတော့ carpenter ant ၊sugar ant နဲ့ common black ant တို့ဖြစ်ကြပြီး များသောအားဖြင့် ၎င်းတို့ဟာ အန္တရာယ်တအားကြီး မရှိကြပါဘူး။

စိတ်ဝင်စားစရာကောင်းတာက ပုရွက်ဆိတ်အနီ တစ်မျိုးတည်းသာရှိပြီး ပုရွက်ဆိတ်အနီ( fire ant ) တွေကတော့ အလွန် ရန်လိုကြပါတယ်။

(၅) အစားအသောက်

ပုရွက်ဆိတ်အနက်တွေဟာ မျိုးစိတ်အလိုက် အစားအသောက်ကွဲပြားသော်လည်း အများစုကတော့ အစုံစားသတ္တဝါတွေ ဖြစ်ကြပါတယ်။

သူတို့စားရမယ့် အစားအစာတွေထဲမှာဆိုရင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပြောင်းဖူးစေ့၊ဝတ်ရည် နဲ့ သကြားလုံးတွေတောင် ပါဝင်ပါတယ်။

သို့ပေမယ့်လည်း ၎င်းတို့ဟာ ပြည့်ဝတဲ့ အဟာရကို ရရှိဖို့အတွက် တခြား အင်းဆက်ပိုးမွှားတွေကိုလည်း စားသုံးတတ်ကြပါတယ်။

ပုရွက်ဆိတ်အနီ (fire ant) တွေဟာလည်း အစုံစား သတ္တဝါတွေဖြစ်ကြပြီး ၎င်းတို့ဟာ အဓိကအားဖြင့် ပင့်ကူတွေ ၊ တခြားမျိုးစိတ် ပုရွက်ဆိတ်ဥတွေ နှင့် အင်းဆက်မျိုးစုံကို စားသုံးကြပါတယ်။

သို့ပေမယ့်လည်း ရံဖန်ရံခါ ပျားရည်နှင့် အခြားချိုတဲ့ အစားအစာ​တွေအပြင် အစေ့​အဆန်တွေကိုပါ စားသုံးလေ့ရှိ​ကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.