နှစ်သန်းပေါင်း(၂၂၀)ခန့်ရှိ ဒိုင်နိုဆောခြေရာတွေ့ရှိ

News

လန်ဒန် ၊ ဇန်နဝါရီ ၃၁

လေးနှစ်အရွယ်မိန်းကလေးတစ်ဦးက ကြီးမားသော ဒိုင်နိုဆော ခြေရာတစ်ခု ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းပါ။

လီလီဝှိုက်ဒါ ဆိုသူ လေးနှစ်အရွယ် မိန်းကလးဟာ သူမ၏ဖခင်နှင့်အတူ ဝေလတောင်ပိုင်းရှိ ကမ်းခြေမှာ လမ်းလျှောက်ရင်း ကောင်းမွန်စွာရှိနေသည့် နှစ်ပေါင်း ၂၂၀ သန်း ခန့်က ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း ခြေရာကို တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီတွေ့ရှိချက်ကို သူမ၏ မိခင် ဆယ်လီဝှိုက်ဒါက NBC News သို့ စနေနေ့က ပြောကြားခဲ့ပါတယ် ။ “သူမဟာ အရမ်းစိတ်လှုပ်ရှားနေပြီး ဘယ်လောက်အံ့သြစရာကောင်းမှန်းတောင် မသိပါဘူး” ဟု လည်း ဆယ်လီကပြောကြားခဲ့တာပါ။

သူမ၏ခင်ပွန်းက ကမ်းခြေတွင် တွေ့ရှိခဲ့သည့်ခြေရာကို ဓာတ်ပုံရိုက်ယူခဲ့ပြီး မိသားစုကို မျှဝေခဲ့တာပါ။ ထို့နောက် ဒေသခံကျွမ်းကျင်သူများနှင့်ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာသူများက ထပ်မံ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။

၁၀ စင်တီမီတာ (၃.၉ လက်မ) ရှိသည့် ခြေရာမှာ မည်သည့်ဒိုင်နိုဆောအမျိုးအစားဖြစ်သည်ကို အတိအကျသိရှိရန် မဖြစ်နိုင်သော်လည်း အချို့သောအချက်အလက်များမှာ ခွဲခြားသိမြင်နိုင်သည် ဟု Amgueddfa Cymru National Museum of Wales ဝေးလ် ပြတိုက်မှူး စင်ဒီဟောင်ဝဲလ်(Cindy Howells) က NBC News သို့ ပြောကြားခဲ့ပါတယ်။

ZawGyi


လီလီဝှုက်ဒါဆိုသူ မိန်းကလးဟာ သူမ၏ဖခင်နှင့်အတူ ခွေးလေးကိုဆွဲပြီး ဝေလတောင်ပိုင်းရှိ ကမ်းခြေမှာ လမ်းလျှောက်ရင်း ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် နှစ်ပေါင်း ၂၂၀ သန်း ခန့်ရှိ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း ခြေရာကိုတွေ့ရှိခဲ့တာပါ။

ဒီတွေ့ရှိချက်ကို သူမ၏ မိခင် ဆယ်လီဝှိုက်ဒါက NCB News သို့စနေနေ့က ပြောကြားခဲ့ပါတယ် “သူမဟာအရမ်းစိတ်လှုပ်ရှားနေပြီး ဘယ်လောက်အံ့သြစရာကောင်းမှန်းတောင် မသိပါဘူး” ဟု လည်း ဆယ်လီကပြောကြားခဲ့ပါတယ်။


၁၀ စင်တီမီတာ (၃.၉ လက်မ) ရှိသည့် ခြေရာမှာ မည်သည့်ဒိုင်နိုဆောအမျိုးအစားဖြစ်သည်ကို အတိအကျသိရှိရန် မဖြစ်နိုင်သော်လည်း အချို့သောအချက်အလက်များမှ ခွဲခြားသိမြင်နိုင်သည် ဟု Amgueddfa Cymru National Museum of Wales ဝေးလ် ပြတိုက်မှူး စင်ဒီဟောင်ဝဲလ်(Cindy Howells) က NBC News သို့ ပြောကြားခဲ့ပါတယ်

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *