နာရီ ၄၀ အတွင်း ရေတွင် ပျော်ဝင်နိုင်တဲ့ တစ်ခါသုံး စမတ် နာရီ အကြောင်း

Innovation Tech

စမတ်နာရီများ၊ မိုဘိုင်းလ်ဖုန်းများနဲ့ ကြံ့ခိုင်မှု၊ ခြေရာခံ ကိရိယာများ အပါအဝင် အသေးစား အီလက်ထရွန်နစ် ပစ္စည်းများကို အလွယ်တကူ စွန့်ပစ်ပြီး ပြန်လည် အသုံးပြုလို့ မရနိုင်ပါဘူး။

ထိုအရာကြောင့် သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အီလက်ထရွန်နစ် စွန့်ပစ် ပစ္စည်းတွေ ပေါက်ကွဲကြီးထွားမှုကို ဖြစ်ပေါ်စေပါတယ်။

နှစ်စဉ် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း တန်ချိန်သန်းပေါင်းများစွာကို စွန့်ပစ်နေပြီး အများစုမှာ အမှိုက်သရိုက်တွေနဲ့ စွန့်ပစ် ပစ္စည်းပုံတွေမှာ အဆုံးသတ်သွားကြပါတယ်။

တရုတ်နိုင်ငံ Tianjin တက္ကသိုလ်မှ သုတေသီတွေဟာ သေးငယ်တဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ ပြန်လည်အသုံးပြုခြင်းကို ရိုးရှင်းလွယ်ကူစေရန် ရေတွင် နှစ်မြှုပ်လိုက်တဲ့အခါ ပြိုကွဲသွားတဲ့ ဆားကစ်တွေအတွက် သတ္တုနှစ်ထပ်နာနိုကွန်ပေါင်းကို တီထွင်ခဲ့ပါတယ်။

သူတို့က နာရီ 40 အတွင်း ပျက်ပြယ်သွားတဲ့ လုပ်ဆောင်ချက်ရှိတဲ့ စမတ်နာရီရဲ့ ရှေ့ပြေးပုံစံ ယာယီကိရိယာတစ်ခုတွင် ဆားကစ်တွေကို သရုပ်ပြခဲ့ပါတယ်။

ယခင်က Xian Huang နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ယာယီဆားကစ်တွေမှာ အသုံးပြုရန်အတွက် ရေတွင်ပျော်ဝင်တဲ့ Zinc အခြေခံ နာနိုကွန်ပေါင်းကို တီထွင်ခဲ့သော်လည်း လူသုံးလျှပ်စစ်ပစ္စည်းတွေအတွက် လုံလောက်တဲ့ လျှပ်စစ်စီးမှု မရှိခဲ့ပေ။

သုတေသီတွေဟာ လျှပ်ကူးနိုင်မှု မြင့်မားစေတဲ့ ငွေနာနိုဝါယာတွေထဲသို့ ပေါင်းထည့်ခြင်းဖြင့် ဇင့်နာနိုကွန်ပေါင်းကို ပြုပြင်ခဲ့ပါတယ်။

ထို့နောက် သုတေသီတွေက ရေတွင်ပြိုကွဲသွားတဲ့ ပိုလီဗီနိုင်းအယ်လ်ကိုဟောရဲ့ အပိုင်းများပေါ်တွင် သတ္တုရည်ကို မျက်နှာ ပြင် ပုံနှိပ်ကာ ဓာတု တုံ့ပြန်မှု လွယ်ကူစေတဲ့ ရေစက်ငယ်တွေကို အသုံးပြုပြီး ဆားကစ်တွေကို ခိုင်မာစေပြီးတဲ့နောက် အငွေ့ပျံသွားပါတယ်။

Illustration

ဒီနည်းလမ်းကို အသုံးပြု၍ အဖွဲ့ဟာ 3D ပုံနှိပ် ပိုလီဗီနိုင်းအယ်လ်ကိုဟောခွံအတွင်းတွင် နာနိုကွန်ပေါင်း ရိုက်နှိပ်ထားတဲ့ ဆားကစ်ပြား များစွာဖြင့် စမတ် နာရီ တစ်လုံးကို ဖန်တီးခဲ့ပါတယ်။

ယခု စမတ်နာရီတွင် လူတစ်ဦးရဲ့ နှလုံးခုန်နှုန်း၊ သွေး၊ အောက်ဆီဂျင် ပမာဏနဲ့ ခြေလှမ်း အရေအတွက် တို့ကို တိုင်းတာရန် အာရုံခံကိရိယာတွေပါရှိပြီး

ရေတွင် ပျော်ဝင်နိုင်တယ် ဆိုတဲ့ အရေးပါတဲ့ ခြားနားချက် တစ်ခုနဲ့ အတူ Bluetooth ချိတ်ဆက်မှုမှ တစ်ဆင့် ဆဲလ်ဖုန်း app သို့ အချက်အလက်တွေ ပေးပို့နိုင်တာကြောင့် ဒီစမတ်နာရီဟာ အပြည့်အဝလုပ်ဆောင်နိုင်ပါတယ်။

အဖွဲ့ရဲ့ အစီရင်ခံစာတွေအရ စမ်းသပ်စဉ် အတွင်း အပြင်ဘက် အခွံဟာ အစိုဓာတ် ထွက်တာ နှေးသော်လည်း စက်တစ်ခုလုံးကို ရေတွင် အ ပြည့် အဝ နှစ်မြှုပ်လိုက်တာနဲ့ နာရီ ၄၀ အတွင်း ပေါ်လီမာအကာနဲ့ ဆားကစ်တွေ လုံးလုံးပျော်ဝင်သွားခဲ့ပါတယ်။

ကျန်ရစ်ခဲ့သမျှတို့ဟာ အော်ဂဲနစ်အလင်းထုတ်လွှတ်တဲ့ လျှပ်စစ်ဒိုင်အုတ် (OLED) မျက်နှာပြင်နဲ့ မိုက်ခရို ကွန်ထရိုလာအပြင် ဆားကစ်တွေအတွင်း ပေါင်းစည်းထားတဲ့ လျှပ်ခံနဲ့ လျှပ်သိုတွေ ကဲ့သို့သော နာရီရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

သုတေသနပညာရှင်တွေက သူတို့ တင်ပြခဲ့တဲ့ သတ္တုနှစ်ထပ်နာနိုကွန်ပေါင်းတွေကို လုပ်ငန်းသုံးမော်ဒယ်တွေနဲ့ ကိုက်ညီတဲ့ စွမ်းဆောင်ရည်ဖြင့် အသေးစား အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေရဲ့ စိန်ခေါ်မှုတွေ ဖြေရှင်းရေးဆီသို့ ခရီးရှည်သွားနိုင်တဲ့ ကာလတိုသုံးပစ္စည်းတွေကို ထုတ်လုပ်ဖို့ အသုံးပြုနိုင်ကြောင်း အကြံပြုထားပါတယ်။

ရေးသားသူ‌ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 4/11/2021

Content Protection by DMCA.com
Tagged

Leave a Reply

Your email address will not be published. Required fields are marked *