လူမေးများနေသည့် Copyright အကြောင်း သိကောင်းစရာနှင့် လက်တွေ့ လုပ် ဆောင်မှုများ

Article Knowledge

Copyright နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် အတော်လေး ထဲထဲ ဝင်ဝင် သိရှိသူ နည်းပါးပေမယ့် ဒစ်ဂျစ်တယ် ခေတ်မှာတော့ အလွန် သိသိသာသာ ပြဿနာတွေ ကြီးထွားလာပါတယ်။

Copyright ဆိုတာဘာလဲ

မူပိုင်ခွင့်လို့ ခေါ်တဲ့ Copyright ဟာ မူရင်း အနုပညာနှင့် ဖန်တီးမှု လက်ရာများကို ကာကွယ်ပေးထားသည့် ဥပဒေ တခု ဖြစ်ပါ တယ်။

ထိုဖန်တီးမှုများတွင် ဓာတ်ပုံများ၊ စာအုပ်များ၊ ရုပ်ရှင်များ၊ သီချင်းများ၊ ပန်းချီများ၊ ဆော့ဝဲလ်ကုဒ်များ၊ ဗိသုကာပညာ များအပြင် ယခု သင်ဖတ်ရှုနေသည့် ဆောင်းပါးများလည်း ပါဝင် ပါတယ်။

မူပိုင်ခွင့်များဟာ ၎င်းတို့ကို ဖန်တီး လိုက်သည့် မူလနေရာမှ ပြန်လည် ဖော်ပြခွင့် ထုတ်လုပ်ခွင့် နှင့် အကျိုးအမြတ် များကို ပိုင်ဆိုင်ဖို့ သီးသန့်အခွင့်အရေး ပေးထားတာ ဖြစ်ပါတယ်။

အထူး မှတ်သားစရာ တခုကတော့ လူတယောက်မှ တခုခုကို ဖန်တီးလိုက်သည်နှင့် မူပိုင်ခွင့်ဟာ အလိုအလျှောက် ဖြစ်ပေါ် လာပြီး အချို့ ကိစ္စများတွင် ခိုင်မာသည့် အကာအကွယ်များ ရရှိရန် အစိုးရထံ မှတ်ပုံတင် ကြရပါတယ်။

ကံကောင်းတဲ့ အချက်တခုကတော့ ဒစ်ဂျစ်တယ်ဆိုင်ရာ မူပိုင်ခွင့်များဟာ မှတ်ပုံတင်စရာမလိုဘဲ အသုံးပြု သုံးစွဲနေသည့် Platform သို့ တိုက်ရိုက် အကြောင်းကြား action ယူနိုင်တာပါ။

Photo by Umberto on Unsplash

ဒစ်ဂျစ်တယ်လောက

The Digital Millennium Copyright Act (DMCA) ဆိုတာကတော့ ၁၉၉၈ ခုနှစ်မှာ စတင် အတည်ပြုခဲ့ပြီး ၁၉၉၆ ခုနှစ်က ဥာဏဆိုင်ရာ ပိုင်ဆိုင်မှု အဖွဲ့အစည်း Intellectual Property Organization (WIPO) ၏ စာချုပ် နှစ်ခု ကို အထ မြောက် စေခဲ့ပါတယ်။

DMCA အရ အင်တာနက်ပေါ်ရှိ မည်သည့် ကူးယူသည့် အရာမှန်သမျှမဆို တုန့်ပြန်နိုင်စွမ်း ရှိသလို ဆောင်းပါးများ ကဲ့သို့ စာများ ကူးယူမှုကိုလည်း ခွင့်ပြုချက်မရဘဲ ကူးယူသည့် Website အား Take down လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။

ဒါဟာ မိမိ ခရီးသွားဟန်လွဲ ရိုက်ကူးသည့် ဗီဒီယိုများ၊ ကိုယ်ပိုင်ဖန်တီးထားသည့် ဓာတ်ပုံများ စသည့် အရာများတွင်လည်း အကျုံးဝင်တာ ဖြစ်တဲ့အတွက် မိမိ ပိုင်ဆိုင်မှုများကို ကိုယ်ကျိုးအတွက် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ အသုံးချခြင်းများကို အထောက်အထား ခိုင်မာစွာဖြင့် လက်ရှိသုံးနေသည့် Facebook သို့မဟုတ် Twitter ကဲ့သို့ platform များတွင် အကြောင်း ကြားဖြုတ်ချနိုင်ပါတယ်။

ဆိုလိုတာကတော့ မိမိ ဖန်တီးထားသည့် အရာအတွက် အကျိုးအမြတ် သို့မဟုတ် ခွင့်ပြု/မပြုကို မိမိက ဆုံးဖြတ်နိုင်ခွင့် အ ပြည့်ရှိတယ် ဆိုတာပါပဲ။

Website ပေါ်မှ ကူးယူထားသည်များကိုလည်း သက်ဆိုင်ရာ Hosting များ၊ Google နှင့် Bing ကဲ့သို့ Search engine များ၊ Ads လုပ်ငန်းများ စသည်တို့ကို တိုက်ရိုက် အကြောင်းကြား ဖြုတ်ချခိုင်းလို့ ရပါတယ်။

Photo by Super Snapper on Unsplash

ဒါဟာ ဒစ်ဂျစ်တယ်လောက အတွက် DMCA ၏ အရေးပါပုံဖြစ်ပြီး မည်သည့် အဖွဲ့အစည်း မည်သည့် ဝန်ဆောင်မှုနှင့် မဆို အကျုံးဝင်တာကို တွေ့ရပါတယ်။

မြန်မာနှင့် Copyright

ကျွန်တော်တို့ဆီမှာလည်း ဗီဒီယိုများ၊ စာပေများ နှင့် ဓာတ်ပုံများကို ဖန်တီးပြီး ဖန်တီးသူက အကျိုးအမြတ် မခံစားရဘဲ အ ခြားသူများက ယူငင်သုံးစွဲနေသည့် ကိစ္စတွေ တဖြည်းဖြည်း များပြားလာပါတယ်။

ဥပမာ အားဖြင့် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရသည့်သူများဟာ ကိုယ်ကျိုးအ တွက် အခြားသူများက ကူးယူ သုံးစွဲခြင်းကို ခံရသည့်အခါ များစွာ နစ်နာရပါတယ်။

ဒါဟာ မြန်မာ ဒစ်ဂျစ်တယ်လောကတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အထိအနာဆုံး လူများကတော့ freelance အ လုပ် လုပ်လိုသူများဖြစ်ပါတယ်။

အထူးသဖြင့် ကျောင်းသားများ၊ အိမ်ထောင်ရှင်မများ နှင့် လူငယ်များဟာ အိမ်တွင်နေပြီး content များ ဖန်တီးဖို့ အခွင့် အ ရေး ရှိပါလျှက်နှင့် publishing လုပ်ငန်း လုပ်သူများက တကယ် စာရေးသူများ၏ စာပေများကို ကူးယူ ဖော်ပြနေတာ ကြောင့် ၎င်းတို့၏ ကြီးမားသည့် အခွင့်အရေးကို ဆုံးရှုံးနေရတာပါ။

တကယ်တော့ ဒစ်ဂျစ်တယ် publishing လုပ်ငန်းဟာ မြန်မာမှာ အတော်လေး ကြီးကြီးမားမား ရှိနေခဲ့ပြီး ဖြစ်ပေမယ့် ဒီလို အခွင့်အရေးတွေကတော့ ရှိမလာပါဘူး။

ကျွန်တော်တို့ Knowledgeworms team အနေဖြင့်လည်း ဒီလို ဖြစ်စဉ်မျိုး မဖြစ်ရစေရန် ဥပမာ တခုအနေဖြင့် ကိုယ်ပိုင် ဘာသာပြန် ဆောင်းပါးများကို DCMA နှင့် အညီ ရေးသားနေပေမယ့် ဒစ်ဂျစ်တယ် လောကရှိ လူများအားလုံး ပူးပေါင်း ပါ ဝင်မှသာ ပိုမို ကောင်းမွန်သည့် ပတ်ဝန်းကျင်တခု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

Photo by Kaitlyn Baker on Unsplash

ဆောင်းပါးများကို ရေးသားရာတွင် နည်းပညာ နှင့် သိပ္ပံဆောင်းပါးများ ဖြစ်တာနှင့် အညီ အထောက်အထားများ ရှာဖွေ ရခြင်း၊ နည်းပညာ အသုံးအနှုန်းများကို လူတိုင်း နားလည်အောင် ကိုယ်တိုင်လေ့လာရခြင်း နှင့် ဗဟုသုတ တိုးစေမည့် စာပေ များကို ရှာဖွေရခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရပါတယ်။

ထိုကဲ့သို့ အကြောင်းအရာများကြောင့် “ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ” ဆိုသည့် သတိပေးစာကို ဆောင်းပါးတိုင်းတွင် ထည့်သွင်းထားသည့် အပြင် Copyright Notice ကိုလည်း Website တွင် ထည့်သွင်းထားပါတယ်။

ဒါဟာ ကနဦး သတိပေးချက်သာဖြစ်ပြီး အလွန် အကျွံကူးယူနေသည့် website များကို DMCA အရ ဖြုတ်ချခဲ့ပြီး ဖြစ်ပါ တယ်။

သို့ပေမဲ့ တပုဒ်စ နှစ်ပုဒ်စ အဆင့်ဆင့် ကူးယူခြင်းမှ ရောက်ရှိသွားတဲ့ Website များကိုတော့ ချန်လှပ်ထားပါတယ်။

အကြောင်းကတော့ ကျွန်တော်တို့ team တွင် ကျောင်းသူ/ကျောင်းသားများလည်း ပါဝင်သည့် အတွက် ၎င်းတို့ အတွက်ပါ အကျုံးဝင်လို့ ဖြစ်ပါတယ်။

နောက်များတွင် Creative Commons ကဲ့သို့ Copyright နှင့် သက်ဆိုင်သည့် အကြောင်းအရာ များကိုလည်း ဖော်ပြပေးသွား ဦးမှာပါ။

ဒီဆောင်းပါး၏ ရည်ရွယ်ချက်ကတော့ လက်ရှိ မြန်မာနိုင်ငံရှိ စာပေ၊ ဗီဒီယိုနှင့် အခြား အနုပညာ ဖန်တီးမှုများအတွက် အ ခက်အခဲ ဖြစ်နေသည့် ပြဿနာများကို သိရှိနိုင်စေဖို့ ဖြစ်ပါတယ်။

အနာဂါတ်တွင် ပိုမို ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် မီဒီယာ အသိုင်းအဝိုင်း တခု ဖြစ်ထွန်းလာဖို့ မျှော်လင့်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *