တိရစ္ဆာန်​တွေ လေ့ကျင့်ခန်း လုပ် မလုပ် ဆိုတဲ့ အကြောင်း

Knowledge Nature

တိရစ္ဆာန်​တွေဟာ လေ့ကျင့်ခန်းလုပ်သလား။

တိရစ္ဆာန်တွေလေ့ကျင့်ခန်းလုပ်နေတာကိုသင်က ဘာ့ကြောင့်မမြင်ရတာလဲ။ အ​ဖြေက​တော့ ရှင်းရှင်း​လေးပါပဲ။ ဘာလို့လဲဆို​တော့ သူတို့က gym မှာ မကစားကြလို့​ပေါ့။

တိရစ္ဆာန်အများစုဟာ ကိုယ်လက်လှုပ်ရှားမှု ရှိကြပါတယ်။။ သူတို့ဟာ အစာရှာဖွေဖို့၊ သားရဲကြီး​တွေဆီက လွတ်​အောင်​ပြေးဖို့ နဲ့ မိတ်လိုက်ဖို့ အတွက် ပျံသန်းခြင်း၊လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့်‌ မြွေလိမ်မြွေကောက်တွားသွားခြင်းစသည်တို့ ပြုလုပ်ကြပါတယ်။

ဒါ​ပေမယ့် ​လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက ဒီထက်မကပါဘူး။ ​လေ့ကျင့်ခန်းလုပ်တယ်ဆိုတာဟာ ယင်းအခြေခံအဆင့် လှုပ်ရှားမှုထက်ကျော်လွန်တဲ့ ဆန္ဒအလျောက် ကိုယ်လက်လှုပ်ရှားမှုပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို ​လေ့ကျင့်ခန်းလုပ်ချင်တဲ့ ​စေ့​ဆော်မှု ဆန္ဒလည်း ရှိရပါတယ်။

ဥပမာအားဖြင့် လူသားများသည် ခံနိုင်ရည်ရှိမှု အတွက်ကြိုတင်ပြင်ဆင်ရန်၊ ရောဂါကာကွယ်ရန် သို့မဟုတ် ချစ်သူဆီက အထင်ကြီးမှုရရှိရန် လေ့ကျင့်ခန်းလုပ်သည်။ တစ်ချို့က သူတို့ကိုယ်တိုင်ကိုရ လုပ်ရတာ နှစ်သက်လို့ လုပ်ကြတာပါ။

လူမဟုတ်သော တိရစ္ဆာန်များ လေ့ကျင့်ခန်းလုပ်လား ဟူသောမေးခွန်းရဲ့ရည်ရွယ်ချက်ကို ဖော်ပြဖို့‌တော့ ပိုခက်ပါတယ်။ တိရိစ္ဆာန်​တွေရဲ့ အပြုအမူသည် ​လေ့ကျင့်ခန်းအတွက်လုပ်တာလား၊ ရှင်သန်မှုအတွက်လိုအပ်လို့လုပ်တာလားဆိုတာ သိရှိဖို့ခဲယဥ်းပါတယ်။

ကစားခြင်း— ဝံပုလွေများဟာ သူတို့ရဲ့ တမိတည်း​ပေါက် ​မောင်နှမများနဲ့ နပန်းလုံးခြင်း၊ လိုက်ဖမ်းခြင်း၊ ​ချောင်​မြောင်းတိုက်ခိုက်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် သူတို့၏အမဲလိုက်ခြင်း နှင့်တိုက်ခိုက်ခြင်းစွမ်းရည်များကို ပိုမိုတိုးတက်စေပါတယ်။ ဒါပေမယ့်ဒါဟာလေ့ကျင့်ခန်း လုပ်တာ ဟုတ်မဟုတ်ဆိုတာ ဆုံးဖြတ်လို့မရပါဘူး။

ဘီးပေါ်မှာ အသည်းအသန်ပြေးခဲ့တဲ့ ကြွက် တစ်ယောက်ရှိပါတယ်။ သူဟာ အ​ပြေးမှာ​တော့ ချန်ပီယံပါပဲ။ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ဦးနှောက် ပိုင်းဆိုင်ရာ စမ်းသပ်ချက်များအရအိမ်မွေး ကြွက် များသည် ​လေ့ကျင့်ခြင်းမှ ပျော်ရွှင်မှုကိုရရှိတာကို ​တွေ့ရပါတယ်။

ထို့ကြောင့်ဘီး​ပေါ်မှာ ​သေခဲ့ရမယ်ဆိုရင်​​တောင် အနည်းဆုံး​တော့ သူပျော်ရွှင်ခဲ့မှာ​​ပေါ့။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *