ဝက်ဝံတွေ ပျားရည်ကို တကယ် ကြိုက် မကြိုက်

Knowledge Nature

အာတိတ်ဒေသအနီးရှိ ဝက်ဝံတွေဟာ ထိုဒေသရှိ ပျားများအတွက် ရှင်သန်ရန် အလွန်အေးသောကြောင့် ပျားရည်ကို ဘယ်တော့မှမြည်းစမ်းနိုင်မည်မဟုတ်ကြောင်း သင်သိပါသလား။

Winnie the Pooh ကာတွန်းထဲမှ ဝက်ဝံလေးဟာ ပျားရည်ကို နှစ်သက်မြတ်နိုးမှုကြောင့် ကျော်ကြားပါတယ်၊ သို့သော် သူဟာ သကြားဓာတ်ပါဝင်မှုအတွက် အရူးအမူးဖြစ်နေတဲ့ သူတစ်ယောက်သာဖြစ်တာလား ဒါမှမဟုတ် ဝက်ဝံတွေ အကုန်လုံးက ပျားရည်ကို နှစ်သက်ကြတာလား။

ပျားရည်မှ ရရှိသော သဘာဝသကြားများသည် သက်ရှိ သတ္တဝါများစွာအတွက် အာဟာရအပိုဆုတစ်ခုဖြစ်ပါတယ်။

ပျားရည်ကို သူ့ရဲ့ အာဟာရအကျိုးကျေးဇူးတွေကြောင့် နှစ်သက်တာလား ဒါမှမဟုတ် သူ့ရဲ့ ချိုမြိန်ပြီး အရသာရှိတာကြောင့် နှစ်သက်တာလားဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ဝက်ဝံတွေက ပျားရည်တစ်မျိုးတည်းကို စားသုံးတာလား

ဝက်ဝံတစ်ကောင်၏ အစာသည် ကွဲပြားခြားနားပြီး သူတို့နေထိုင်ရာဒေသအပေါ်တွင် မူတည်ပြီး ရွေးချယ်စရာအစားအစားများစွာရှိပါတယ်။

ယေဘုယျအားဖြင့် ၀က်ဝံများသည် အစုံစား သတ္တဝါများဖြစ်ပြီး မြက်၊ ဘယ်ရီသီးများ၊ ငါးများ၊ အင်းဆက်များနှင့်သမင်ကဲ့သို့ သေးငယ်သည့် နို့တိုက်သတ္တဝါများကို စားပါတယ်။

ဝက်ဝံများသည် တောထဲတွင် ကျန်းမာစွာနေနိုင်ရန် ပရိုတိန်းပမာဏများစွာ လိုအပ်သောကြောင့် ရာသီအလိုက်ပစ္စည်းများနှင့် ကိုက်ညီရန် သူတို့ရဲ့ စားသောက်မှုကို တစ်နှစ်ပတ်လုံးပြောင်းလဲပါတယ်။

ဝက်ဝံအားလုံးသာ တူညီတဲ့အစားအစာကိုမစားပါဖူး၊ မျက်ကွင်းညိုဝက်ဝံသည် အပင်စား သတ္တဝါဖြစ်သောကြောင့် သားကောင်ဖမ်းသောဝက်ဝံများထက် သူ၏အစာရွေးချယ်မှုကပိုနည်းပါတယ်။

ဧရာမဝက်ဝံများသည် ဝါးများကိုသာ စားသောကြောင့် သူတို့ရဲ့အစာဟာ အားလုံးထဲမှာ အကန့်အသတ်ပိုများပါတယ်။ သူတို့စားသောက်မှု၏ ၁ ရာခိုင်နှုန်းခန့်ကို အခြားအပင်များ၊ တစ်ခါတစ်ရံအသားတို့ဖြင့်ပြုလုပ်ထားပါတယ်။

ဝက်ဝံတွေက ပျားရည်ကို ဘယ်လိုရယူတာလဲ

ဝက်ဝံက သစ်ပင်ပေါ်ကို ဘယ်လိုတက်ပြီး ပျားများပြုတ်ကျခြင်း တုပ်ခြင်းမရှိဘဲ ပျားအုံမှ ပျားရည်ကိုသာ ဘယ်လိုထုတ်ယူနိုင်လဲဆိုတာကို သင်အံ့ဩသွားနိုင်ပါတယ်။

အဖြေကတော့ ဝက်ဝံ‌တွေက ပျားများနှင့် သားလောင်းများအပါအ၀င် ပျားအုံတစ်ခုလုံးကိုစားပါတယ်။

ပျားရည်အိုးအဆင်သင့်ကိုင်ထားတဲ့ Winnie the Pooh ဇာတ်လမ်းနဲ့မတူပဲ လက်တွေ့ဘဝတွင် ပျားအုံသည် ပရိုတိန်းဓာတ် အရင်းအမြစ်ကြီး ဖြစ်သောကြောင့် ဝက်ဝံတွေဟာ ပျားအုံတစ်ခုလုံးကိုစားပါတယ်။

အထောက်အထားများက ပျားများသည် ပရိုတိန်းပမာဏအများကြီး ပါဝင်သောကြောင့် ဝက်ဝံများသည် ပျားရည်ထက် ပျားနောက်ကို ပိုလိုက်‌နေတယ်လို့ ပြထားပါတယ်။

ပျားအုံကိုထိရင် ပျားတုပ်ခံရမှာ မဟုတ်ဖူးလား

ဝက်ဝံတွေက ပျားတွေပါတဲ့ ပျားအုံတစ်ခုလုံးကို မကြောက်မရွံ့စားပေမယ့် သူတို့ပေးရမယ့် တန်ကြေးက‌တော့ရှိပါတယ်။

ကံကောင်းစွာနဲ့ပဲ ဝက်ဝံ‌တွေရဲ့အမွှေးတွေက ထူ‌တာကြောင့် ပျားတွေက သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းအများစုကို မတုပ်နိုင်ကြပါဘူး။ ဤအရသာရှိတဲ့အစားအစာကို စားရန် စွန့်စားရကျိုးနပ်ပါတယ်။

မျက်နှာနဲ့ နားတဝိုက်ရှိနေရာများတွင် အမွှေးအမျှင်များ နည်းသောကြောင့် ထိုနေရာသည် ပျားများ အောင်မြင်စွာတုပ်နိုင်တဲ့ တစ်ခု‌တည်းသောနေရာဖြစ်ပါတယ်။

ဝက်ဝံအားလုံးက ပျားရည်ကို နှစ်သက်ကြတာလား

သုတေသီများက ဝက်ဝံအမျိုးအစားအများစုသည် ပျားရည်အတွက် ပျားအုံကိုရှာလိမ့်မယ်လို့ဆိုသော်လည်း ဝက်ဝံအညိုနဲ့ အနက်တို့က ပျားရည်ကို အနှစ်သက်ဆုံးလို့ ပြောပါတယ်။

သူတို့က ပျားရည်ကို အရမ်းနှစ်သက်တာကြောင့် လယ်ယာတွေကို ချိုးဖျက်ပြီးတော့တောင် ပျားအုံကိုရဖို့ သူတို့လမ်းကနေအဓိကသွားပါလိမ့်မယ်။

၂၀၁၈ ခုနှစ်တွင် ဖင်လန်နှင့်အက်စ်တိုးနီးယားတစ်ဝှမ်း၌ ပျားအုံပေါင်း ၃၇၀ ကျော်ဖျက်ဆီးခံခဲ့ရပါတယ်။

သူတို့က လယ်သမားတွေရဲ့ သီးနှံတွေအများကြီးကိုစားခဲ့လို့ ဆုံးရှုံးသွားသောပျားအုံများနှင့် ပျားရည်များအတွက် အစိုးရက ဒေါ်လာ ၁၄၃,၀၀၀ ကို လျော်ကြေးပေးခဲ့ရပါတယ်။

ရာသီဥတုကြောင့် ဝက်ဝံအားလုံး ပျားအုံမရကြပါဘူး။ ဥပမာအားဖြင့် အာတိတ် ဒေသအနီးတွင် နေထိုင်သော ပိုလာဝက်ဝံသည် ပျားများရှင်သန်ရန် ရာသီဥတုအလွန်အေးသောကြောင့် ပျားရည်ကို ဘယ်တော့မှမြည်းစမ်းနိုင်မှာမဟုတ်ပါဖူး။

သုတေသနက အချို့ဝက်ဝံများသည် ပျားရည်ကို တကယ်နှစ်သက်ကြောင်း ပြသသော်လည်း ၎င်းသည် အများအားဖြင့် ပါဝင်သောအပိုအာဟာရ များကြောင့်ဖြစ်ပါတယ်။

ဝက်ဝံတစ်ကောင်ကို ပျားရည်တစ်ပုလင်းတည်းပေးခဲ့ရင် ပရိုတင်းဓာတ်အများစုရရှိမယ့် ပျားအုံများ၊ ပျားများ၊ သားလောင်းများမပါတာကြောင့် စိတ်ဝင်စားမှုနည်းပါလိမ့်မယ်။

ထိုအရာကို ကြည်ခြင်းအားဖြင့် ဝက်ဝံများသည် ပျားရည်နဲ့အတူ ပါလာတဲ့ အာဟာရများကြောင့် ပျားရည်ကို နှစ်သက်ပြီး ပျားရည်တစ်ခုတည်းနဲ့ အာဟာရရှိတဲ့အစားအစာ မဟုတ်ကြောင်း ကျွန်တော်တို့ တွေ့ရှိနိုင်ပါတယ်။

နောက်ဆုံးအနေဖြင့် ပြောရရင် ဝက်ဝံတွေအားလုံးမှာ တူညီတဲ့အစားအစာ မရှိကြပါဘူး။ ဝက်ဝံအားလုံးက ပျားရည်ကို မနှစ်သက်ကြသော်လည်း ပျားအုံကိုစားသုံးခွင့် ရတဲ့ဝက်ဝံတွေကတော့ အဲ့တာကိုကြိုက်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.