ခွေးလေးတွေက လူတွေ ၎င်းတို့ကို လိမ်ညာတဲ့အခါ သိနေတတ်တဲ့အကြောင်း

Knowledge Nature

​လေ့လာမှု တစ်ခုအရ ခွေးလေးတွေဟာ လူတွေ သူတို့ကို လှည့်ဖျားတဲ့အခါ သိရှိ ကြကြောင်း တွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ခွေးလေးတွေဟာ သူတို့ရဲ့သခင် လိမ်ညာ လှည့်ဖျားတဲ့အခါ သိရှိ​ကြပြီး သူတို့သခင်ကို ကွဲပြားစွာ တုံ့ပြန်တတ်ကြတယ်ဟု သုတေသီတွေက ဆိုပါတယ်။

တွေ့ရှိချက်​တွေအရ ခွေးလေးတွေဟာ ၎င်းတို့ရဲ့ပိုင်ရှင်​တွေကို ရှင်းပြဖို့ အသုံးပြုတဲ့ “စိတ်ပိုင်းဆိုင်ရာ သီအိုရီ” ရှိကြပါတယ်။

ယေဘုယျအားဖြင့် လူသား ကလေးတွေမှာ ဆိုရင် အသက် ၄ နှစ်ဝန်းကျင်မှာ အဆိုပါ စွမ်းရည်ကို ဖွံ့ဖြိုးစေပါတယ်။

ခွေးပိုင်ရှင် တိုင်းက သူတို့ရဲ့ ခွေးလေးတွေက သူတို့ကို နားလည်တယ်လို့ ထင်ကြပေမယ့် တခြား လူ တစ်ယောက်ရဲ့ ပြောစကားကို ကျိုးကြောင်း ဆင်ခြင်နိုင်မှုအဆင့် ခွေးလေးတွေမှာ ရှိသလားဆိုတာကို သိပ္ပံနည်းကျ ပြသမှုမျိုး တစ်ခါမှ မလုပ်ဖူးဘူး ဟု

ဗီယင်နာရှိ Messerli သုတေသနဌာနမှ နှိုင်းယှဉ်သိမြင်နားလည်မှုဆိုင်ရာ အကြီးတန်းစာရေးဆရာ Ludwig Huber နှင့် Messerli သုတေ သနဌာနမှ ပါရဂူကျောင်းသား Lucrezia Lonardo တို့မှ Live Science သို့ ပြောကြားခဲ့ပါတယ်။

လိမ်လည်လှည့်ဖြားမှုကို ခွေးလေးတွေ နားလည်နိုင်စွမ်း ရှိ၊ မရှိ စစ်ဆေးခဲ့တဲ့ ယခင်လေ့လာမှုတွေဟာ ကွဲလွဲတဲ့ ရလဒ်များ ရရှိတယ်ဟု ၎င်းတို့ကဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ အခြားလူသားမဟုတ်တဲ့ တိရစ္ဆာန်တွေဟာ လိမ်ညာခြင်းကို ဖော်ထုတ်ဖို့ လိုအပ်တဲ့ ‘စိတ်အားထက်သန်ခြင်း’ ဟုခေါ်တဲ့ ‘ဥာဏ်ရည်ဉာဏ်သွေး’ ပါဝင်နိုင်တယ်ဆိုတာကို အခြေအတင် ဆွေးနွေးနေကြဆဲဖြစ်ကြောင်း စာရေးသူက ရေးသားခဲ့ပါတယ်။

ဒီအချက်ကို လေ့လာနိုင်ဖို့အတွက် Huber နှင့် Lonardo တို့ဟာ လူသားကလေး​တွေ၊ လူဝံကြီး​​တွေနှင့် ခွေး​တွေအကြောင်း ယခင်လေ့လာချက်များအပေါ် အခြေခံထားတဲ့ စမ်းသပ်မှုတစ်ခုအတွက် အသက်အရွယ်အမျိုးမျိုးရှိတဲ့ ခွေးပေါင်း ၂၆၀ နှင့် မျိုးကွဲဒါဇင်များစွာကို စုဆောင်းခဲ့ကြပါတယ်။

စမ်းသပ်မှုမှာဆိုရင် ခွေးလေးတွေအတွက် အစာကို ကိုင်ဆောင်ထားတဲ့ ရောင်စုံပုံးနှစ်ပုံးကို ပြသခဲ့ကြပါတယ်။ လေ့လာမှုမှာပါဝင်သူတစ်ဦးက အစာကို အစပိုင်းတုန်းက ဘူးတစ်လုံးထဲတွင် အမြဲဝှက်ထားခဲ့ပါတယ်။

သို့သော်လည်း စမ်းသပ်မှု တစ်ဝက်ရောက်တော့ အခန်းမှမထွက်ခွာမီ နောက်ထပ်ပုံးထဲသို့ အစားအစာများကို ရွှေ့ပြောင်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒုတိယလူက ပထမလူရဲ့ လှုပ်ရှားမှုတွေကို ဂရုတစိုက် ကြည့်ရှုပြီး အစာရှာရမည့် နေရာကို ခွေးလေးတွေကို ပြောပြပါတယ်။

စမ်းသပ်မှုရဲ့ပထမအဆင့်မှာ ခွေးလေးတွေက အစာကို ဘယ်နေရာမှာ ဝှက်ထားသလဲဆိုတာကို မတွေ့ခဲ့ရသော်လည်း ဒုတိယလူက ခွေးလေးတွေကို အမှန်အတိုင်း အမြဲပြောပြပါတယ်။

ဒီလိုလုပ်ဖို့ ဒုတိယလူက အစားအသောက်ပုံးကို ဝပ်တွားပြီး ကောက်ကိုင်လိုက်ပြီး ရေပုံးနဲ့ ခွေးကြားကို တလှည့်စီ ငေးကြည့်ရင်း “ကြည့်စမ်း၊ ဒါကောင်းတယ်၊ အရမ်းကောင်းတယ်” လို့ ပြောပါတယ်။

နောက်တဆင့်မှာ ခွေးလေးတွေရဲ့ ​ပုံးရွေးချယ်မှုဟာ ပထမလူရဲ့အပြုအမူကြောင့် ဘယ်လို​အကျိုးသက်ရောက်တယ်ဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။

စမ်းသပ်မှုမှာ ဒုတိယလူက အစောပိုင်း အစာရှိတဲ့ပုံးကိုကြည့်ပြီး အခန်းအပြင်ထွက်သွားခဲ့ပြီး အခန်းထဲမှ ထွက်သွားတာနဲ့ ပထမလူက အစာ​​တွေကို အခြားပုံးထဲသို့ ပြောင်းလိုက်ပါတယ်။

အရင်စမ်းသပ်မှုမှာဆိုရင် ပထမလူက အစာကို ပုံးတစ်ခုကနေ တစ်ခု ပြောင်းတဲ့အခါ ဒုတိယလူက ရှိနေပါတယ်။ စမ်းသပ်မှုနှစ်ခုစလုံးမှာ ဒုတိယလူက အရင် အစာထည့်ထားတဲ့ ပုံးကိုကြည့်ပြီး ခွေးတွေကို စားဖို့ပြောခဲ့ပါတယ်။

ခွေးအများစုက အစာရှိတဲ့ပုံးကို ရွေးချယ်ကြပြီး ဒုတိယလူကိုလည်း အစာရှိတဲ့ပုံးကို ရွှေးချယ်ဖို့ ညွှန်ပြတာကိုတွေ့ခဲ့ရပါတယ်။

“ခွေးလေးတွေက အစာဘယ်မှာရှိတယ်ဆိုတာ သိတဲ့ ဒုတိယလူသွားမည့်နေရာဟာ ခွက် အလွတ်ဖြစ်တာကို သိနေတာကြောင့် ပထမလူရဲ့ လှည့်စားခဲ့တာကို အမူအရာနဲ့ ညွှန်ပြခဲ့ကြတယ် ” ဟု လေ့လာသူတွေက ဆိုပါတယ်။

“ခွေးအများစုအတွက် ဆန့်ကျင်ဘက်ရလဒ်တွေကို ကျွန်တော်တို့ တွေ့ရှိမယ်လို့ မျှော်လင့်ထားပါတယ်” ဟု လေ့လာသူတွေက Live Science သို့ ပြောကြားခဲ့ပါတယ်။

ခွေးလေးတွေမှာ စူးစမ်းလိုစိတ်ရှိကြပြီး အလားတူ အခြေအနေတွေကို စမ်းသပ်ခဲ့တဲ့ ယခင်လေ့လာမှုတွေမှာ လူသား မွေးကင်းစကလေးတွေနဲ့ မျောက်ဝံတွေ ပြုမူပုံစံမျိုးကို ခွေးတွေမှာလည်း တွေ့ခဲ့ရပါတယ်။

စမ်းသပ်မှုရဲ့ အစောပိုင်းတုန်းက ဒုတိယလူက ခွေးလေးတွေကို အစာဝှက်ထားတဲ့နေရာအကြောင်း အမှန်တရားကို အမြဲပြောပြသောကြောင့် ယုံကြည်မှုဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်တယ်ဟု Huber က ပြောကြားခဲ့ပါတယ်။

ဒါမှမဟုတ် ခွေးတွေက ဒီလိုလုပ်ဖို့ တခြားအကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက မျိုးကွဲများထဲမှ တစ်ကောင်က အခန်းတွင်းရှိ လွဲမှားတဲ့ အကြံပြုချက်ကို မကြာခဏ လစ်လျူရှုထားလေ့ရှိတာကို တွေ့ခဲ့ရပါတယ်။

ဒါဟာ “လူသား လိမ်လည်လှည့်ဖြားသူများကို ထောက်လှမ်းနိုင်တဲ့ စွမ်းရည်နှင့် နားလည်နိုင်မှုရှိခြင်းဖြစ်နိုင်တယ် ” ဟု လေ့လာသူတွေက ဆိုပါတယ်။

ယခုဆိုရင် လေ့လာသူတွေဟာ ခွေးလေးတွေရဲ့ ထိုကဲ့သို့သော လူ့စိတ် အခြေအနေကို ဘယ်လို​ နားလည်နိုင်သလဲ ဆိုတာကို စမ်းသပ်ဖို့အတွက် နောက်ထပ် လေ့လာမှု အသစ်များကို စီစဉ်လျက်ရှိပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *