ပင်တဂွန် စစ်ဌာနချုပ်ဟာ အမေရိကန် အာကာသ လုပ်ငန်းများတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံလာမှုများနှင့် အမေရိကန် စစ် တပ်ကို ကာကွယ် ရေး ပစ္စည်း ရောင်းချပေးသည့် ကုမ္ပဏီများတွင် တရုတ် ဆော့ဖ်ဝဲများ အသုံးပြုနေခြင်းကို တားဆီးဖို့ ကြိုးစားနေကြောင်း Space News သ တင်းဌာန အဆိုအရ သိရှိရပါတယ်။
တရုတ်ဟာ အမေရိကန်၏ အာကာသ နည်းပညာများကို အမှီလိုက်နိုင်ရန် ကြိုးစားနေချိန်မှာ တဖက်မှ ဂြိုဟ်တုဆက်သွယ်ရေး စနစ်များကို ဖိဖျက်နိုင်ရန် ဒီဇိုင်းဆွဲထားသည့် လက်နက်များအတွက် ရေရှည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် နေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။
ကာကွယ်ရေး ဌာန၏ စိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း မှ ညွှန်ကြားရေးမှူးတယောက်ဖြစ်တဲ့ Colin Supko က တရုတ်ဟာ အမေရိကန် ကာကွယ်ရေး စက်မှု အခြေစိုက်ရာ နေရာများသို့

၎င်း၏ ဘဏ္ဍာငွေများကို အသုံးပြုပြီး ဝင်ရောက်နိုင်မှာကို စိုးရိမ်ရတဲ့အတွက် ကာ ကွယ်ရေး ဌာနအတွက် ပစ္စည်း ထောက်ပံ့မှု ကွင်းဆက်ဟာ အလွန်အရေးကြီးကြောင်း သတိပေး ထုတ်ဖော်ခဲ့ပါတယ်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကာကွယ်ရေး ဌာနဟာ ယုံကြည် စိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် လို့ ခေါ်တဲ့ အရာကို ဖန်တီးခဲ့ပြီး သန့်ရှင်းသော ရင်းနှီးမြှုပ်နှံထားမှုများ ဖြစ်မဖြစ်ကို အကျိုးတူ ကုမ္ပဏီများအား ဌာနမှ စစ်ဆေးလေ့ရှိတာကို တွေ့ရပါတယ်။
ဒီပမာဏ ခြေလှမ်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ခဲ့ပြီး ယနေ့အထိ အရင်းအနှီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံလောက်ရှိသည့် စွန့်ဦး ကုမ္ပဏီ ၇၀ ကျော်၊ လုပ်ငန်းပေါင်း ၂၀ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ အရေးပါတဲ့ စနစ်တွေနဲ့ နည်းပညာအချို့အတွက် ရန်သူ့အပေါ် မှီခိုနေတာဟာ အမေရိကန်ရဲ့ အကောင်းဆုံး အကျိုးစီးပွား မဟုတ်ဘူးဆိုတာတော့ လူတိုင်းသိမှာပါ” လို့ Supko က Space News သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်ပြီး “အဲဒီလို ပြဿနာတွေကို လျှော့ချဖြေရှင်းနိုင်ဖို့ ဒီလို စီမံခန့်ခွဲမှုတွေဟာ ခက်ခဲမယ့် ပုံစံ ပေါက်နေပေမယ့် သူတို့မှာ အထက်မြတ်ဆုံး သူတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ကာကွယ်ရေး ဌာန၏ တင်းကြပ်တဲ့ စစ်ဆေးမှု လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်သည့် ကုမ္ပဏီများဟာ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများကို မိတ်ဆက်ပေးပါတယ်။
သို့ပေမယ့် အဆိုပါ ရင်းနှီးမြှုပ်နှံ သူများဟာ စစ်ဆေးမှု များတွင် ကာကွယ်ရေးဌာန၏ လိုအပ်ချက်များနှင့် မကိုက်ညီပါက စစ်ဘက် ဆိုင်ရာ စာချုပ်များတွင် ယှဉ်ပြိုင်ခြင်းအား ပိတ်ပင်တားဆီး နိုင်ပါတယ်။
Supko မှ ခွင့်မပြုတဲ့ နိုင်ငံခြား ပိုင်ဆိုင်မှု ရှိနေတဲ့ ကုမ္ပဏီတခုကို အခွင့်အလမ်း မပေးဖို့ရာ တကယ်ကို သတိထားဖို့ လိုတယ်လို့ ရှင်းပြပါတယ်။
ဘိုင်ဒင် အစိုးရဟာလည်း ဤ ပြဿနာများကို မည်သို့ ကိုင်တွယ်ရမယ် ဆိုတာကို ဆွေးနွေးနေကြောင်း ၎င်းက ဆက်ပြီး ပြောပြ ခဲ့ပါတယ်။

လက်ရှိ ဒါဟာ အမှန်တကယ် ပြဿနာတခု ဖြစ်နေပြီး ရန်ဘက် နိုင်ငံ၏ အရင်းအနှီး ရှိသည်ဟု အထင်ခံရမည်ကို စိုးရိမ်ပြီး အချို့ ကုမ္ပဏီများဟာ အလွန် လိုအပ်နေသော ငွေများကို ဖယ်ထုတ် ပစ်လိုက်ကြပါတယ်။
ဒါပေမယ့် ပင်တဂွန်စစ်ဌာနချုပ်ဟာ အရင်းအနှီး တခုတည်းကိုသာ စောင့်ကြည့်နေတာမဟုတ်ပါဘူး။ ကုမ္ပဏီတွေမှာ အသုံးပြုနေတဲ့ ဆော့ဖ်ဝဲတွေနဲ့ ပစ္စည်း အရင်းအမြစ်များကိုပါ စောင့်ကြည့်လေ့ ရှိပါတယ်။
အားလုံးကို ခြုံငုံကြည့်ပါက အမေရိကန် ကာကွယ်ရေး အတွက် ထောက်ပံ့ရေး ကွင်းဆက် လုံခြုံရေးဟာ အမြင့်မားဆုံးသော ဦးစားပေးတခု ဖြစ်ပြီး အချိန်အကြာကြီး ယခုကဲ့သို့ ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။