ခွေးလေးတွေမှာ စာနာစိတ် ရှိပြီး လူတွေကို ကယ်ဆယ်တတ်ကြသလား

Knowledge Nature

ဒီအချက်ဟာ ခွေးတစ်ကောင်ချင်းစီအပေါ်မှာ မူတည်ပါတယ်။

တစ်ချို့သော အိမ်မွေးခွေးလေးတွေကို ချစ်ခင်မွေးမြူလေ့ရှိတဲ့သူတွေဟာ အကယ်၍ အိမ်မီးလောင်မယ်ဆိုရင် ခွေးလေးတွေက မီးလောင်နေတဲ့အဆောက်အဦးထဲကနေ ၎င်းတို့ကို ကယ်တင်မည်ဟု ယုံကြည်နေကြပြီး

ဒီအချက်နဲ့ပတ်သတ်ပြီး ကျောထောက်နောက်ခံလေ့လာထားတဲ့ အရာတော့ မရှိသေးပါဘူး။

New York Times မှာ တင်ပြထားတဲ့ လေ့လာမှုအသစ်တစ်ခုမှာ စာနာနားလည်မှုအတွက် ခွေးတစ်ကောင်ရဲ့စွမ်းရည်ကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တယ်ဟု သိရပါတယ်။

“Timmy’s in the Well- Dogs in Empathy and Prosocial Helping” ခေါင်းစဉ်နှင့် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ခွေးလေးတွေနဲ့ပတ်သက်တဲ့ သင်ကြားရေးနဲ့ အပြုအမူဆိုင်ရာ ဖော်ပြချက်တွေမှာ

ဒုက္ခရောက်နေတဲ့ လူသားတစ်ဦးကို ကူညီဖို့ အတင်းအကျပ်ခိုင်းစေဖို့ မလိုပဲ ကိုယ်ပိုင်အသိစိတ်ရှိရာမှာ ခွေးတိုင်း မဟုတ်သော်လည်း အချို့မှာ ရှိနေတယ်ဟု အကြံပြုထားပါတယ်။

လေ့လာမှုအတွက် Minnesota ရှိ Macalester ကောလိပ်မှ သုတေသီတွေဟာ ပိုင်ရှင်ကိုယ်စီ ရှိနှင့်ပြီးသား အရွယ်အစားနဲ့ မျိုးစိတ်ကွဲပြားတဲ့ အရွယ်ရောက်ပြီး ခွေး ၃၄ ကောင်ကို လေ့လာခဲ့ကြပါတယ်။

အဆိုပါ ခွေးလေးတွေရဲ့ ပိုင်ရှင်တွေကို ခွေးလေးတွေအတွက် တံခါးကို နှာခေါင်း သို့မဟုတ် လက်သည်းနဲ့ ဖွင့်လို့ရတဲ့ အလုံခန်းထဲမှာ ထားပြီး စမ်းသပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ ပိုင်ရှင်အထဲမှာရောက်နေတာကို သိဖို့အတွက် အသံတိုးတိုးနဲ့ ညည်းတာ ဖြစ်ဖြစ် ၊ ဝမ်းနည်းပူဆွေးပြီး ကူညီပါလို့ အထပ်တလဲလဲ ပြောတာဖြစ်ဖြစ် လုပ်ဆောင်စေခဲ့ပါတယ်။

ရလဒ်အနေနဲ့ သူတို့သခင်ရဲ့ညည်းသံကို ခွေးအားလုံး တုံ့ပြန်ခဲ့ခြင်းမရှိပဲ တစ်ချို့တစ်ဝက်သာ တုံ့ပြန်ခဲ့တာ တွေ့ခဲ့ရပါတယ်။

ခွေးအားလုံးရဲ့ တစ်ဝက်ခန့်သာ တံခါးကို ဖွင့်ပေးနိုင်ပြီး ကျန်တစ်ဝက်ကတော့ အော်ဟစ်နေတာက လွဲပြီး လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပါဘူး။

ဒါပေမယ့် ကျွန်ုပ်တို့ရဲ့ ခွေးလေးတွေက ကျွန်ုပ်တို့အန္တရာယ်ကျရောက်နေတာကို မြင်ရရင် စာနာမှုမရှိဘူးလို့ မဆိုလိုပါဘူး။

ခွေးအားလုံးဟာ တံခါးကိုဖွင့်လိုက်တဲ့အခါ ၎င်းတို့ရဲ့ ပျော်ရွှင်နေတဲ့ အသံတွေ နဲ့ မြူးထူးနေတဲ့ အမူအရာတွေရဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်ကြတာကို တွေ့ခဲ့ရပါတယ်။

ခွေးတော်တော်များများဟာ သူတို့ရဲ့ ပိုင်ရှင်တွေရဲ့ ငိုသံကို ကြားတဲ့အခါ စိတ်ဖိစီးတဲ့ လက္ခဏာတွေ ပေါ်နေတာကိုလည်း တွေ့ရပါတယ်။

အမှန်မှာ၊ သူတို့ရဲ့သခင် တစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့ အကြောက်တရားကြောင့် သူတို့ရဲ့ပုံစံဟာ နေမကောင်းတဲ့ ခွေးလေးတွေထက်တောင် ပိုပြီး စိုးရွံ့နေခဲ့ပုံပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ စိတ်အားငယ် ကြောက်ရွံ့တတ်တဲ့ လူသားတွေလို အန္တရာယ် ကျရောက်နေတဲ့ တစ်စုံတစ်ဦးရဲ့ နာကျင်မှုနှင့် ဆက်စပ်နေသူတွေဟာ ကူညီနိုင်ဖို့ အလားအလာနည်းပါတယ်။

ကျွန်ုပ်တို့ရဲ့ခွေးလေးတွေက ကျွန်ုပ်တို့ အော်ညည်းသံကို ကြားတဲ့အခါ ချက်ချင်း လာမကယ်နိုင်ဘူးဆိုရင် အရမ်းကို စာနာ စိတ် လွန်ကဲမှုကြောင့် ဘာမှမလုပ်တတ်တာတော့ မဟုတ်ပါဘူး။

ဒါဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်ပြီး စိတ်ဖိစီးမှု လုံးဝမပြဘဲ သူတို့ရဲ့ ငိုသံပိုင်ရှင်နဲ့ ရင်ဆိုင်ရတဲ့အခါ တံခါးကို ဖွင့်ဖို့ ကြိုးစားတဲ့ ခွေးလေးတွေလည်း ရှိတာကို တွေ့ရပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *