ခွေးလေးတွေဟာ ကျွန်တော်တို့ကို တကယ်ပဲ ပြုံးပြကြသလား

Article Pets

ခွေးလေးတွေက ပါးစပ်ကိုအကျယ်ကြီးဖွင့်တယ်။ သူတို့ရဲ့ နှုတ်ခမ်းစွန်းကို ထောင့်​တွေဆီကိုဆွဲတင်တယ်။

ပြီးတော့ သူတို့ရဲ့ လျှာ​လေးထွက်လာပါတယ်။

အများစု ဒီမျက်နှာကို ကြည့်ပြီးတော့ မယုံနိုင်လောက်အောင် ပြုံးပြနေတယ်လို့ မြင်ကြပါလိမ့်မယ်။

ဒါပေမယ့် ဒါကတကယ်​တော့ ဘာဖြစ်နေတာလဲ။ ခွေးလေးတွေဟာ သူတို့ရဲ့ ပျော်ရွှင်မှု ၊ စိတ်ကျေနပ်မှု နဲ့ ကျေနပ်ရောင့်ရဲမှုတွေကို ဖော်ပြဖို့ အတွက် လူတွေလိုဘဲ တူညီတဲ့ အမူအရာလေးတွေနဲ့ ဖော်ပြတတ် ကြသလား။

တစ်နည်းအားဖြင့်ဆိုသော် ခွေးလေးတွေဟာ ကျွန်ုပ်တို့ကို တကယ်ဘဲ ပြုံးပြကြသလား။

ခွေးလေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထိန်းသိမ်းမွေး​မြူထားတာနဲ့ ပတ်သက်ပြီး အဖြေဟာ ကျွန်ုပ်တို့ရဲ့ နှစ် ၃၀၀၀၀ သမိုင်းကြောင်းကို အရင်းခံပါတယ်။

ထိုသမိုင်းကြောင်းတွေကြောင့် လူသားများ နှင့် ခွေးလေးတွေအကြား ထူးခြားတဲ့ နှောင်ကြိုးကို ဖြစ်ပေါ်စေတဲ့ ဆက်သွယ်ရေးကို လေ့လာရာတွင် ခွေးကလေးတွေဟာ အလွန်အသုံးဝင်သော ဘာသာရပ်များ ဖြစ်ခဲ့ကြပါတယ်။

” ခွေးတွေကိုလေ့လာတာက မျိုးစိတ်တွေကြား လူမှုဆက်သွယ်ရေးကို ကြည့်ဖို့ တကယ့်ကိုထူးခြားတဲ့အခွင့်အလမ်းပဲ ” ဟု UK ရှိ York တက္ကသိုလ်မှ ခွေးအသိအမြင်ကို လေ့လာသူ Alex Benjamin ကပြောကြားခဲ့ပါတယ်။

သုတေသနအများစုဟာ ခွေးများနဲ့ ကျွန်ုပ်တို့ ပြောဆိုဆက်ဆံတဲ့ ဆက်ဆံရေးဟာ ထူးခြားတယ် ဟူသော အယူအဆကို အားဖြည့်ပေးတယ် ဟုဆိုပါတယ်။

ဥပမာအားဖြင့် ခွေးလေးတွေဟာ လူတွေရဲ့ အကြည့်ကို လက်ခံပြီး မျက်လုံးချင်းဆုံတဲ့ နည်းကို အသုံးပြုတယ် ဟု သုတေသီတွေက ဆိုပါတယ်။

Current Biology ဂျာနယ်တွင် ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဝံပုလွေတွေ နဲ့ ခွေး​လေးတွေကို ကွန်တိန်နာ ထဲက အသားကို ယူခိုင်းရာ ဘယ်လိုတုံ့ပြန်ခဲ့သလဲ ။

ဝံပုလွေတွေက သူတို့ဖွင့်လို့မရဘူးဆိုတာ သိလိုက်တဲ့အခါ ထွက်သွားကြပြီး ခွေးလေးတွေကတော့ လည့်ပြီးတော့ လူတွေကို အကြာကြီးကြည့်နေပါလိမ့်မယ်။

ခွေးလေးတွေ လူတစ်ယောက်ဟာ သူတို့ရဲ့ အသားကို ယူပေးနိုင်မယ် ဆိုတာကို ကောင်းကောင်းသိကြပါတယ်။

Science ဂျာနယ်တွင် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အခြားလေ့လာမှုတစ်ခုတွင် ခွေး​လေးတွေဟာ လူသား​တွေနဲ့ မျက်လုံးချင်း ဆုံမိ ကြသောအခါ လူမှုဆက်ဆံရေးတွင် အဓိကအခန်းကဏ္ဍမှပါ၀င်တဲ့ oxytocin ဟော်မုန်းပမာဏ မြင့်တက်လာသည်ကို တွေ့ရှိခဲ့ကြပါတယ်။

ပို​ပီးစိတ်ဝင်စားဖွယ်ကောင်းတာက oxytocin ကို အနံ့ခံထားတဲ့ ခွေး​လေးတွေဟာ လူသား​တွေကို ငေးကြည့်ရန် အချိန်ပိုပေးပါလိမ့်မည်။

မည်သို့ပင်​ဆို​စေကာမူ ဆက်သွယ်ဖို့ နည်းလမ်းအဖြစ် ခွေးကလေးတွေအတွက် မျက်လုံးချင်းဆုံခြင်းဟာ အရေးကြီးတယ်ဆိုတာ ရှင်းပါတယ်။

ဒါပေမယ့် သူတို့မျက်နှာတွေပေါ်က အမူအရာတွေကကော၊ ဒီအရာတွေဟာ လူသားတွေနဲ့ ဆက်စပ်မှုရှိပါသလား။ ခွေးလေးတွေက ကျွန်ုပ်တို့နှင့် ဆက်သွယ်ဖို့ အမူအရာတွေကော သုံးတက်ကြသလား။

ခွေး​လေးတွေရဲ့ အသိဥာဏ်ကို လေ့လာတဲ့ ဗြိတိန်နိုင်ငံ Portsmouth တက္ကသိုလ်မှ စိတ်ပညာနှိုင်းယှဉ် စာဖတ်သူ Juliane Kaminski က ထိုမေးခွန်းဟာ စိတ်ဝင်စားစရာကောင်းတယ် ဟုဆိုပါတယ်။

သူမဟာ အထူးသဖြင့် ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အမူအရာတွေကို အထူးစိတ်ဝင်ထားတယ် ဟု ဆိုပါတယ်။

သူမ၏သုတေသနအတွက် Kaminski နှင့်လုပ်ဖော်ကိုင်ဖက်တွေဟာ ခွေးဂေဟာကို သွားရောက်လေ့လာခဲ့ကြပြီး ခွေးလေးတွေနဲ့ တွေ့တဲ့အခါ မိနစ်အလိုက် မျက်နှာလှုပ်ရှားမှုများကိုတိုင်းတာဖို့အတွက် facial action coding system (FACS) ဟုခေါ်သော အရာတစ်ခုကို အသုံးပြုခဲ့ကြပါတယ်။

ထို့နောက် သုတေသီတွေဟာ ခွေးကလေးတစ်ကောင်ကို မွေးစားခဲ့ကြပြီး အချိန်ယူ လေ့လာခဲ့ကြပါတယ်။ သုတေသီတွေက ခွဲခြမ်းစိတ်ဖြာထားတဲ့ အခြားမည်သည့်အပြုအမူမျှ မပြင်းထန်တဲ့ အကျိုးသက်ရောက်မှုရှိတယ် ဟုဆိုပါတယ်။

နောက်တစ်ခုအနေနဲ့ Kaminski က ဒီအပြုအမူလေးတွေက ရည်ရွယ်ချက်ရှိရှိ ဟုတ်မဟုတ် သိချင်ခဲ့တယ်။

ခွေးလေးတွေက အဆိုပါ အပြုအမူမျိုးလုပ်ရင် လူသားတွေက သူတို့အတွက် တစ်ခုခုပြုလုပ်ပေးမယ်လို့ နားလည်ခဲ့သလို သင်ယူခဲ့သလား ဟု ဆိုပါတယ်။

ထို့ကြောင့် သူမဟာ နောက်ထပ် စမ်းသပ်မှုအနေနဲ့ အစာကျွေးတဲ့ လူ ဖြစ်စေ ၊ မကျွေးတဲ့ လူ ဖြစ်စေ ထိတွေ့စေခဲ့ပါတယ်။

ခွေးလေးတွေဟာ သူတို့ရဲ့ဝမ်းနည်းနေတဲ့ အကြည့်ရဲ့အစွမ်းကို သိခဲ့ရင် သရေစာကျွေးမည့်သူ့ရှေ့မှာဆို မကြာခဏ ထုတ်သုံးပါလိမ့်မယ်။

ခွေးလေးတွေဟာ လူသားတွေ သူတို့ကိုကြည့်တဲ့အခါ အမူအရာတွေကို ပိုမိုထုတ်ဖော်ပြသကြပါတယ်။

မျက်လုံးချင်းထိတွေ့မှုဟာ ခွေးလေးတွေအတွက်အရေးကြီးတယ် ဟူသော အယူအဆကိုအားဖြည့်ပေးခဲ့ပါတယ်။ သူတို့ဟာ အစာမရှိရင်တောင်မှ သူတို့ရဲ့ချစ်စရာ အမူအရာတွေကို ထုတ်ဖော် ပြသကြတာကို တွေ့ရပါတယ်။

လူသားတွေဟာ အိမ်မွေးခွေးလေးတွေကို ဒီချစ်စရာကောင်းတဲ့စရိုက်အတွက် မသိစိတ်က ရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီအမူအရာလေးတွေဟာ ကျွန်ုပ်တို့ဝမ်းနည်းတဲ့အခါ ကျွန်ုပ်တို့က ထွက်လာတဲ့လှုပ်ရှားမှုနဲ့ ဆင်တူပါတယ်။

Kaminski က အဆိုပါ ခွေးလေးတွေရဲ့ ချစ်စဖွယ် ဝမ်းနည်းဖွယ်ရာ အပြုအမူတွေဟာ အသုံးချဖို့ သင်ယူထားတာမဟုတ်ဖူး ဟု ဆိုပါတယ်။

အဲ့လို အမူအရာလေးတွေကို အပြုံး ဟု ယူဆကြပါတယ်။ ကျွန်ုပ်တို့ခွေးလေးတွေရဲ့ ပါးစပ်ကျယ်တဲ့ အမူအရာတွေဟာ လူသားတွေရဲ့အပြုံး ကဲ့သို တူညီသော အမူအရာ ရှိသလား။

Kaminski က သူမဘဝတစ်လျှောက်လုံး ခွေးလေးတွေကို မွေးခဲ့ဖူးတယ်ဟုဆိုပြီး ကျွန်ုပ်တို့ အနေနဲ့ ကို့ခွေးလေးတွေအကြောင်းကောင်းကောင်းသိမယ်ဆိုရင် သူတို့အပြုအမူတွေကို ဖတ်နိုင်တယ် ဟု ဆိုပါတယ်။

တချို့သော အပြုအမူတွေကို ကိုယ်ပိုင် သတ်မှတ်ထားတာဟာ ပြသာနာ မရှိဘူး ဟု ဆိုပါတယ်။

ခွေးတွေရဲ့ အမူအရာတွေနဲ့ ပတ်သတ်ပြီး ပြသာနာက ကျွန်ုပ်တို့ရဲ့ သုတေသနပစ္စည်းတွေဖြစ်ပြီး ၎င်းတို့ဟာ ခွေးလေးတွေရဲ့ မျက်နှာပေါ်တွင် ကျွန်ုပ်တို့မြင်ရတဲ့ အရာကို အဓိပ္ပာယ်ကောက်လွဲတာတို့ ဖြစ်နိုင်ပါတယ်။

တကယ်တော့ ခွေးလေးတွေ ပြုံးတယ်ဆိုတဲ့ အယူအဆနှင့် ပတ်သတ်ပြီး ထောက်ခံဖို့ သုတေသန အနည်းငယ်ရှိပါတယ်။

Scientific Reports ဂျာနယ်တွင် ပုံနှိပ်ဖော်ပြထားတဲ့ တွေ့ရှိချက်အချို့ကတော့ ခွေးလေးတွေဟာ အချင်းချင်းကစားဖို့ ဖိတ်ခေါ်တဲ့အခါ စိတ်အေးလက်အေးပါးစပ်ဖွင့်ခြင်း ဟု ခေါ်တဲ့ အပြုအမူမျိုးကို အဆိုပါ အခြေအနေတွေမှာတွေ့ရတက်တယ် ဟု ရေးသားထားပါတယ်။

ဒီအပြုအမူမျိုးကို ကျွန်ုပ်တို့ အပြုံး လို့ခေါ်ရမည့်အရာလား၊ ဒါမှမဟုတ် ခွေးလေးတွေက ကျွန်ုပ်တို့ကိုတမင်တကာဆက်သွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ ညွှန်ကြားနေသလား ဆိုတာတော့ မသိရသေးပါဘူး။

ဒီမေးခွန်းကိုဖြေဖို့ FACS ကဲ့သို့သော ပိုမိုစူးရှတဲ့ သုတေသနနည်းစနစ်များစွာ လိုအပ်ပြီး၊တိကျသော မျက်နှာအမူအရာများက အခြေအနေများ နှင့် မည်သို့ဆက်နွယ်မှုရှိသလဲ ၊ မည်သို့ လှုံဆော်ပေးနေသလဲ ဆိုတာကို ဆုံးဖြတ်ဖိို့ ပိုလိုအပ်ပါတယ်။

Kaminski က ယေဘုယျအားဖြင့် လေ့လာနေတဲ့ ခွေးလေးတွေရဲ့ အပြုအမူတွေအတွက် သုတေသနအသစ်များလိုအပ်တယ် ဟု ဆိုပါတယ်။

ဒီဖွင့်ဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ခွေးလေးတွေ ပါးစပ်ဖွင့်ထားတာ နဲ့ ပတ်သတ်​ပြီး အပြုံး ဟု သတ်မှတ်ထားတဲ့ ဘယ်ခွေးပိုင်ရှင်မဆို စိတ်မသက်မသာ ဖြစ်စေမှာပါ။

သို့ပေမဲ့ ခွေးလေး​တွေနှင့် ကျွန်ုပ်တို့ရဲ့အကြား အထူးဆက်နွယ်မှုကို သက်သေပြစရာ များစွာရှိနေတဲ့ အတွက်ကြောင့်အချို့နည်းလမ်းတွေဟာ အရေးမပါတာကို တွေ့ရပါတယ်။

ခွေးလေးတွေဟာ လူတွေရဲ့အမူအရာတွေကို အောင်မြင်စွာလိုက်နာပြီး နားလည်နိုင်တဲ့ တစ်ခုတည်းသော သတ္တဝါလေးတွေ ဖြစ်ကြပါတယ်။

ကျွန်ုပ်တို့ရဲ့အရင်းနှီးဆုံးဆွေမျိုးသားချင်းတွေတောင်မှ ဒီဆက်သွယ်ရေးအချက်ပြနဲ့ ပတ်သတ်ပြီး ခွေးလေးတွေလို လိုက်မလုပ်နိုင်ပါဘူး။ Benjamin က သူမ၏သုတေသနတွင် တွေ့ရှိတာက စကားပြောတဲ့ပုံစံတွေနဲ့ ပတ်သတ်ပြီး သူတို့ဟာ အမှန်တကယ် လိုလားချက်တွေကို ပြသတယ် ဟု ဆိုပါတယ်။

ခွေးလေးတွေဟာ” good boy ” စတဲ့ ခွေးလေးတွေအတွက် အသုံးအနှုံးတွေကိုသာမက မြင့်မားတဲ့ အသံတွေ ၊ သီချင်းဆိုသံတွေလို စကားပြောပေးတာကိုလည်း နှစ်သက်ကြောင်းတွေ့ရပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ရဲ့ခြေလေးချောင်းသူငယ်ချင်းတွေနဲ့ ကျွန်ုပ်တို့ကို ဖော်ရွေတဲ့အပြုံးလေးနဲ့ ဝေမျှပေးနိုင်မလား၊ ခွေးလေးတွေဟာ အံ့သြစရာကောင်းလောက်အောင်တဲ့ နည်းတွေနဲ့ ကျွန်ုပ်တို့ကို နားလည်နိုင်တယ်ဆိုတာ ရှင်းပါတယ်။

Benjamin က ကျွန်ုပ်တို့အနေနှင့် ဒီထက်ပိုတဲ့ ဆက်သွယ်ပြောဆိုသူတွေ ဖြစ်လာအောင် လှုံ့ဆော်သင့်တယ် လို့ ပြောခဲ့ပါတယ်။

ခွေးလေးတွေဟာ ကျွန်ုပ်တို့ကို ကောင်းကောင်း နားလည်တက်နေပါ​ပြီ။

သူတို့လေးတွေဟာ အလွန်သိမ်မွေ့တဲ့ အချက်တွေကိုလည်း နားလည်နိုင်တယ် ဟု Benjamin ကပြောပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ဟာ သူတို့လေးတွေ နဲ့ လူသားတွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို နားလည်နိုင်ဖို့ အချက်ပြပေးဖို့က ကျွန်ုပ်တို့ သခင်တွေရဲ့ တာဝန်ဘဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.