ဆင်တွေက ကြွက်တွေကို တကယ် ကြောက်မကြောက် လေ့လာမှု

Knowledge Nature

ဆင်တွေရဲ့ ကြောက်ရွံ့မှုဟာ ကြွက်တွေထက် အံ့အားသင့်စရာ အကြောင်းအရာ တစ်ခု ကြုံတွေ့တာနှင့် ပိုသက်ဆိုင်ပါတယ်။

ဆင်တွေဟာ ကြွက်တွေကို ကြောက်ကြတယ်ဟူသော သီအိုရီများ ပေါများနေတဲ့အတွက်ကြောင့် ဆင်တွေအကြောင်းပြောမယ်ဆိုရင် ၎င်းတို့ဟာ သေးငယ်တဲ့ သတ္တဝါလေးတွေက ၎င်းတို့ရဲ့ ခြေဖဝါးပေါ်တွင် ကိုက်စားနိုင်တယ် သို့မဟုတ် ၎င်းတို့ရဲ့ နှာမောင်းပေါ်သို့ တက်နိုင်ကြတယ်ဟု ပြေးမြင်ကြပါတယ်။

သို့သော်လည်း အဆိုပါ အချက်တွေကို သက်သေပြနိုင်ခဲ့တဲ့ အထောက်အထား မရှိသေးပါဘူး။

ဥပမာ ရှေးယခင်က ဆင်နှာမောင်းအတွင်းမှ ကြွက်ဒဏ္ဍာရီအကြောင်းဟာ ရှေးဂရိလူမျိုးတို့ထံ ရာစုနှစ်များစွာကတည်းက တည်ရှိနေပုံရပြီး ဆင်နှာမောင်းထဲသို့ တက်သွားပြီး ရူးသွပ်စေသည့် ကြွက်တစ်ကောင်အကြောင်း ဒဏ္ဍာရီပုံပြင်များစွာ ပေါ်ထွက်ခဲ့တဲ့ အကြောင်းတွေလည်း ရှိပါတယ်။

၁၆၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတုန်းက Allen Moulin အမည်ရှိ အိုင်ယာလန်သမားတော်တစ်ဦးက ကြွက်ငယ်ကဲ့သို့ ကြွက်လေး​တွေရှေ့မှာ အဘယ်ကြောင့် ဆင်ကြီးတွေဟာ တုန်လှုပ်သွားသလဲဆိုတာကို အဖြေရှာဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

Moulin က ဆင်တွေဟာ အစာမျိုသည့်အခါ လေပြွန်အဖွင့်အပိတ်ကို ဖုံးအုပ်ထားသည့် အရိုးနုမရှိတဲ့အတွက်ကြောင့် ဆင်တွေဟာ ကြွက်တစ်ကောင်ရဲ့နှာမောင်းတွင် တွားသွားကာ အသက်ရှုကြပ်လာမှာကို စိုးရိမ်မိကြောင်း အကြောင်းပြချက် ပေးခဲ့ပါသေးတယ်။

မန်ချက်စတာတက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့သူ Plumb ရေးသားထားတဲ့စာအုပ်တွင် ၎င်းဟာ ဆင်ကို မြေပြင်နှင့်နီးကပ်စွာ နှာမောင်းဖြင့် အိပ်​နေတာကို မြင်လိုက်ရတဲ့ အတွက်ကြောင့် အဆိုပါ အကြောင်းကို ကျိုးကြောင်းဆီလျော်စွာ သုံးသပ်ပုံ ရတယ်ဟုဆိုပါတယ်။

ဆင်များကို နှစ် ၃၀ ကြာ သုတေသနပြုခဲ့ပြီး ၎င်းတို့ရဲ့ အပြုအမူဆိုင်ရာ လေ့လာမှုများစွာကို ထုတ်ပြန်ခဲ့တဲ့ ထိုင်းဆင်ထိန်းသိမ်းရေး စင်တာရဲ့ နိုင်ငံတကာ အကြံပေးတစ်ဦး ဖြစ်သော ဆင်ပညာရှင် Richard Lair က

” ဆင်နှာမောင်းနဲ့ နှာခေါင်းပေါက်တွေကို ကြွက်က တွားသွားတတ်တယ်ဆိုတဲ့ အယူအဆက ဒဏ္ဍာရီထဲက ထွက်လာတယ်ထင်တယ်၊ ဒါပေမယ့် ဆင်က ကြွက်ကို အလွယ်တကူ မှုတ်ထုတ်ပစ်နိုင်လို့ ဒါတွေဟာ အဓိပ္ပါယ်မရှိဘူး ” ဟု ဆိုပြီး “ဒါဟာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ” ဟု ပြောပါတယ်။

မျက်စိမှုန်တဲ့ ဆင်တွေဟာ ကြွက်တွေ ရုတ်တရက် တိုးပြေးကြတဲ့အခါ လန့်ဖျပ်သွားတာက ပိုများပါတယ်။

“တောထဲမှာ ဆင်တစ်ကောင်က ရုတ်တရက် ပြေးတာ ဒါမှမဟုတ် တောင်ဇောင်းတွေ ကနေ လျှောလျှော ချတာတွေက ကျောချမ်းစရာကောင်းတယ် ” ဟု အင်္ဂလန်နိုင်ငံ Cambridge တက္ကသိုလ်မှ ဆင်အပြုအမူနှင့် ဉာဏ်ရည်ဆိုင်ရာ သုတေသီ Josh Plotnik က ဆိုပါတယ်။

ဒါဟာ ကြွက်တွေမှ မဟုတ်ပါဘူး၊ ဆင်တွေဟာ ခွေး၊ ကြောင်၊ မြွေ ဒါမှမဟုတ် ဆင်ခြေထောက်နားက ရုတ်တရက် လှုပ်ရှားနေတဲ့ မည်သည့်တိရစ္ဆာန်ကြောင့်မဆို ဖြစ်တတ်တယ်ဟု ဆိုပါတယ်။

လန်ဒန်ရှိ Royal Veterinary Collegeမှာရှိတဲ့ ဆင်တွေရဲ့ တည်ဆောက်ပုံနှင့် လှုပ်ရှားမှုဓာတ်ခွဲခန်းမှ သုတေသီ John Hutchinson က “သူတို့ပတ်ဝန်းကျင်မှာ သေးငယ်ပြီး မြန်တဲ့ အကောင်လေးတွေ ရှိတဲ့အခါ ဆင်တွေက တခါတရံမှာ ကြောက်ရွံ့တတ်ပါတယ်” ဟု ဆိုပါတယ်။

2006 တုန်းက Ringling Bros. နှင့် Barnum & Bailey Circus မှာ လေ့ကျင့်သင်ကြားထားတဲ့ ဆင်များနှင့် စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

သတင်းထောက်တစ်ဦးနှင့် ဆပ်ကပ်ဆင် လေ့ကျင့်ပေးသူတို့ရဲ့ လက်ထဲမှာ ကြွက်တွေကို ကိုင်ဆောင်ကာ ဆင်အများအပြားကို ပြသခဲ့ပါတယ်။

ဆင်တွေဟာ ကြွက်တွေကို ငြီးငွေ့နေပုံရပြီး သူတို့ထဲက တစ်ကောင်မှ ကြွက်တွေကို ဂရုမစိုက်ဘူး” ဟု ထင်ရပါတယ်။

ကြွက်တွေကို ဆင်တွေရဲ့ ခြေရင်းမှာ ပြေးမနေအောင် သတင်းထောက်ရဲ့ လက်နှင့် လေ့ကျင့်ရေးဆရာရဲ့လက်ထဲမှာ ရှင်းရှင်း လင်းလင်းမြင်နိုင်အောင် ကြွက်တွေကို ချုပ်နှောင်ထားတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ဆင်တစ်ကောင်က ကြွက်ကို လုံးဝမကြောက်ဘဲ ၎င်းတို့ရဲ့ လျင်မြန်ပြီး တုန်လှုပ် ချောက်ချားစရာကောင်းတဲ့ လှုပ် ရှားမှုကြောင့် ထိတ်လန့်တာကြတာပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း တိရစ္ဆာန် အများစုအတွက်ကတော့ ဒီလိုပါပဲ လို့ Plotnik က ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *