ကျွန်ုပ်တို့ရဲ့ ခွေးလေးတွေကို သွားတိုက် ပေးသင့်သလား

Article Pets

ခွေးလေးတွေကို အစားအစာနဲ့ အခြေခံကျအောင် နည်းစနစ်တကျ ထိန်းကျောင်း သင်ကြားတဲ့အခါ လွယ်ကူနေပေမယ့် ၎င်းတို့ကို သွားတိုက်ခိုင်းတဲ့အခါမျိုးတွေကတော့ လွယ်ကူနေမှာ မဟုတ်ပါဘူး။

ခွေးလေးတွေက ၎င်းတို့ရဲ့ သွားများကို ကိုယ်တိုင် မတိုက်နိုင်သည့် အပြင် ရုပ်ပိုင်း ဆိုင်ရာ အရလည်း မလုပ်ဆောင် နိုင်တဲ့အတွက် ကြောင့် ၎င်းတို့အတွက် လုံးဝ လုပ်ပေးသင့်တယ်ဟု တိရစ္ဆာန် ဆေးကု ဆရာဝန်များထံမှ သိရပါတယ်။

သွားတိုက်ပေးခြင်းက ကျွန်ုပ်တို့ရဲ့အိမ်မွေးတိရစ္ဆာန်အတွက် ပိုကောင်းသည့်အပြင် ကျွန်ုပ်တို့ရဲ့ နှာခေါင်း အတွက် ပိုအဆင် ပြေ မယ်ဆိုတာ သိပေမဲ့ နေ့တိုင်းသွားတိုက်ဖို့ ဆိုတာက ခက်ခဲပါတယ်။

အစပိုင်းမှာတော့ ခွေးတွေဟာ သွားတိုက်တာကို မနှစ်သက်ကြပါဘူး။

ခွေးလေးတွေ နှင့် လူ့ခန္ဓာကိုယ်ရှိ အရိုးများကို ပျော့ပျောင်းစေတဲ့ ကော်လာဂျင် နှင့် ကယ်လ်စီယမ်ဖော့စဖိတ်ဆိုတဲ့ မာကျော ခိုင်ခံ့စေတဲ့ သတ္တုဓာတ် များဖြင့် ဖွဲ့စည်းထားပါတယ်။

သွားတွေကိုတော့ မာကျောစေတဲ့ တစ်ရှူး အလွှာများစွာဖြင့် ဖွဲ့စည်းထားပါတယ်။

သွားရဲ့အလယ်ဗဟိုရှိ ပျော့ပျောင်းနေတဲ့ နေရာကို ပျော့ဖက်ဟု ခေါ်ပြီး သွေးကြောများ၊ တွယ်ဆက် တစ်ရှူးများနှင့် အာရုံ ကြောများဖြင့် ဖွဲ့စည်းထားပါတယ်။

သွားရဲ့အပြင်ဘက် အပိုင်းတွင် အလွှာလိုက် အမာခံ အလွှာများမှာ သွားကြွေလွှာ၊ dentin နှင့် cementum တို့ဖြင့် ဖွဲ့စည်းထားပါတယ်။

dog and brush

သွားကြွေလွှာကို ကယ်လ်စီယမ်ဖော့စဖိတ်နှင့် ပြုလုပ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အခိုင်မာဆုံး ပစ္စည်းဖြစ်ပါတယ်။

Dentin က အရိုးထက် ပိုမိုမာကျောပြီး calcified သက်ရှိတစ်ရှူးများဖြင့် ဖွဲ့စည်းထားပါတယ်။

Cementum ကတော့ သွားရဲ့အမြစ်ကို ဝန်းရံထားပြီး သွားဖုံးလိုင်းအောက် မေးရိုးကို ချိတ်ထားပါတယ်။ ၎င်းကိုတော့ ပရိုတင်း ပိုလီဆက်ကာခရိုက်များနှင့် ကော်လာဂျင် အမျိုးအစားတစ်ခုဖြင့် ဖွဲ့စည်းထားပါတယ်။

ဘာကြောင့် ကျွန်ုပ်တို့ခွေးလေးတွေရဲ့ သွားတွေကို တိုက်ပေးသင့်တာလဲ။

ခွေးလေးတွေဟာ အသက် ၄ လ သို့မဟုတ် ၅ လခန့်အရွယ်တွင် ၎င်းတို့ရဲ့ ကလေးသွားများကို စွန့်ထုတ်ကာ အရွယ်ရောက်ပြီးသူရဲ့ သွားများဖြင့် အစားထိုးလာပြီး တစ်သက်လုံး စောင့်ရှောက်ထားကြရပါတယ်။

ခွေးလေးတွေက မြေပြင်ပေါ်ရှိ အရာတွေကို စူးစမ်းဖို့ ပါးစပ်ကို သုံးတာ နဲ့ လျှာဖြင့် ထိုးတာတွေ ပြုလုပ်တက်တာကြောင့် သွားတိုက်ပေးသင့်တယ်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်များက ဆိုပါတယ်။ ပြီးတော့ လူတော်တော်များများ လုပ်ပေးကြပါတယ်။

ဂျော်ဂျီယာနိုင်ငံ၊ Athens ရှိ Hawthorne Animal Hospital မှ တိရစ္ဆာန်တိရစ္ဆာန်ဆေးကုဆရာဝန် Beth Yash က “သွားတိုက်ပေးတဲ့ အလေ့အကျင့်တွေကို ခွေးတွေမှာ တွေ့လာရတယ် ” လို့ ပြောပါတယ်။

ခွေးပိုင်ရှင်တွေ အနေနဲ့ ခွေးသားပေါက်လေးထဲက ၎င်းတို့ကို သွားတိုက်ပေးတဲ့ အလေ့အကျင့် လုပ်ပေးဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထား ပါတယ်။

dog and brush

ဒီအပြုသဘောဆောင်တဲ့ စတင်မှုက နေ့စဉ် ခံတွင်း သန့်ရှင်းရေး လုပ်ရိုးလုပ်စဉ်ကို အကောင်အထည် ဖော်နိုင်စေတယ်ဟု ဆိုပါတယ်။

ကျွန်ုပ်တို့ရဲ့ခွေးလေးတွေကို သွားတိုက်ပေးခြင်းဟာ ကျွန်ုပ်တို့နေ့စဥ် သွားများတိုက်သကဲ့သို့ တူညီတဲ့ အကျိုး ကျေးဇူးများ ရရှိမှာ ဖြစ်ပါတယ်။

သွားတိုက်ခြင်းက သွားချေးများစုပုံလာစေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးတယ် လို့ Yash က ဆိုပါတယ်။

ဒါ့အပြင် သွားဖုံးလိုင်းအောက်ရှိ ဘက်တီးရီးယားပိုးများကြောင့် သွားဖုံးရောင်ခြင်း၊ သွားနဲ့ပတ်သတ်တဲ့ရောဂါများဖြစ်တဲ့ ဘက်တီးရီးယားပိုးမွှားများကို တားဆီးပေးပါတယ်။ နောက်ဆုံး အနံ့အသက်ကိုလည်း လတ်ဆတ်ကောင်းမွန်စေပါတယ်။

ကျွန်ုပ်တို့ရဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကို သွားတိုက်ပေးနည်း

Yash က ခွေးလေးတွေရဲ့ သွားတွေကို နေ့စဉ် တိုက်ဖို့ အကြံပြုထားပြီး အိမ်မွေး တိရစ္ဆာန် သွားတိုက်ဆေးကို အသုံးပြုသင့်တယ်ဟု ဆိုပါတယ်။

တချို့လူတွေက သွားတိုက်တံ သေးသေးလေးကို သုံးကြပါတယ်။

ဒါပေမယ့် စုတ်တံ၊ ပိတ်စ ဒါမှမဟုတ် စက္ကူသုတ်ပုဝါတွေတောင် သုံးလို့ရပါတယ်။ ၄၅ ဒီဂရီ ထောင့်ချိုးကိုသုံးပြီး သွားတွေအားလုံးကို စက်ဝိုင်းပုံစံ သေးသေးလေး ပွတ်တိုက်သန့်ရှင်းပေးနိုင်တယ်ဟု ဆိုပါတယ်။

သွားတိုက်ခြင်းက အကောင်းဆုံးဖြစ်သော်လည်း၊ အချို့ခွေးလေးတွေက စုတ်တံကို ကိုက်ကစားခြင်း သို့မဟုတ် ထွက်ပြေး ခြင်း တွေ လုပ်တက်ပါသေးတယ်။

စျေးကွက်မှာတော့ သွားတိုက်စရာမလိုပဲ ခံတွင်းနံ့ကောင်းမွန်စေတဲ့ ပစ္စည်းတွေလည်း ရှိပါတယ်။ သို့သော်လည်း သွားတိုက်ခြင်းကသာ ပိုမို သင့်လျော်တဲ့ ရွေးချယ်စရာ ဖြစ်တယ် ဟု ဆိုပါတယ်။

ရှေးခေတ် ခွေးတွေရဲ့ သွား ရုပ်ကြွင်းများအရ ကျွန်ုပ်တို့ လူသားတွေဟာ အနည်းဆုံးနှစ်ပေါင်း ၁၄,၀၀ ခန့်ထဲက ခွေးများနှင့် အတူတကွ နေခဲ့ကြပါတယ်။

အဲ့ဒီတုန်းကတော့ ခွေးလေးတွေကို သွားတိုက်တဲ့ အလေ့အကျင့် ပေါ်သေးမှာ မဟုတ်တာတော့ သေချာပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *