ပုံပန်းသွင်ပြင်မှာ ဆူးလက်မတွေနဲ့ ကြောက်စရာကောင်းတဲ့ ကောက်ကွေးတဲ့ အမြီးရှိတဲ့ မကောင်းဆိုးဝါး ကင်းမြီးကောက် အငယ်လေးကို ပုံဖော် ကြည့်လိုက်ပါ။
အဆိပ်ရှိသော အင်းဆက်ကို ၃ ပေ (တစ်မီတာခန့်) ရှည်တဲ့အထိ ထိုပုံရိပ်ကို ချဲ့တွေးကြည့်လိုက်ပါ။
သိပ္ပံပညာရှင်တွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀ ကျော်က တရုတ်နိုင်ငံ ပင်လယ်ကြမ်းပြင်တွင် ထိုကဲ့သို့သော သတ္တဝါတွေရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Terropterus xiushanensis လို့ အမည်ပေးထားတဲ့ ဧရာမရေကူးသားရဲဟာ ကျောရိုးအဆက်တွေကို အပ်နှင့်တူတဲ့ ဆူးချွန်းတွေနဲ့ လွှသွားပုံစံဓားလို အမြီးတွေနဲ့ တန်ဆာဆင်ထားတဲ့ ကြီးမားတဲ့ ကင်းမြီးကောက် မျိုးရိုး သတ္တဝါမျိုးဖြစ်တဲ့ Mixopteridae မျိုးရိုးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒီခြေလက်အင်္ဂါတွေကို သားကောင်ဖမ်းရန်အတွက် အသုံးပြုခဲ့တယ်လို့ ယူဆရပြီး ကြာပွတ်ပင့်ကူတွေရဲ့ ဆူးချွန်များစွာရှိတဲ့ ခြေလက်တွေဖြင့် ဖွဲ့စည်းထားတဲ့ ဖမ်းခြင်းတောင်းနဲ့ နှိုင်းယှဥ်နိုင်တယ်လို့ လေ့လာသူတွေဟာ တွေ့ရှိချက်အပေါ် နိုဝင်ဘာလထုတ် Science Bulletin ဂျာနယ်တွင် ထုတ်ဝေမယ့် စာတမ်းတစ်ခုတွင် ရေးသားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ က ဖော်ပြခဲ့တဲ့ ဒီထူးဆန်းတဲ့ တိရစ္ဆာန်မျိုးစိတ်နှစ်ခုမှာ ကျွန်တော်တို့ရဲ့ အသိပညာကို လေးမျိုးသာ ကန့်သတ် ထားပါတယ်လို့ နိုင်ငံတကာ သုတေသီအဖွဲ့မှ လေ့လာမှုတွင် ဖော်ပြထားပါတယ်။

ထိုခြိမ်းခြောက်နေတဲ့ အင်းဆက်တွေရဲ့ မျိုးနွယ် တွေကို စကော့တလန်၊ နယူးယောက်၊ နော်ဝေးနဲ့ အက်စ်တိုးနီးယား တဝိုက်မှာ တွေ့ရှိခဲ့ပါတယ်။
သို့သော် စာတမ်းတွင် ဖော်ပြထားတဲ့ ဒီဧရာမထိတ်လန့်စရာ arachnid မျိုးကွဲအကောင်ကြီးဟာ တရုတ်နိုင်ငံတောင်ပိုင်းဒေသအနီးတွင် ပထမဆုံးတွေ့ရှိခဲ့တဲ့ အမျိုးအစားဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ Mixopteridae မျိုးနွယ်ရဲ့ သက်တမ်း အရင့်ဆုံး မျိုးနွယ်ဝင် ဖြစ်ပါတယ်။
ရှေးခေတ်ကာလ လွန်ခဲ့သောနှစ်ပေါင်း ၄၄၃.၈ သန်းနဲ့ လွန်ခဲ့သောနှစ်ပေါင်း ၄၁၉.၂ သန်းအကြား Silurian ခေတ်အစောပိုင်းကာလတွင် ထိုဒေသကို Gondwana လို့ခေါ်ပါတယ်။
ကျောက်ဖြစ် ရုပ်ကြွင်း အသစ်တွေဟာ ဤရက်စက်ကြမ်းကြုတ်တဲ့ ပင်လယ်တွင်း နေထိုင်သူတွေရဲ့ မတူ ကွဲပြားမှု တွေကို ပိုမို နားလည်သဘောပေါက် စေနိုင်ပါတယ်။
သားကောင်ကို ဖမ်းဖို့ ကြီးမားတဲ့ ဆူးချွန်ခြေလက်တွေ ပါရှိပြီး အဆိပ်ရှိတဲ့ ကင်းမြီးကောက် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ရေးသားခဲ့ပါတယ်။

Teropterus ဟာ Silurian အစောပိုင်းကာလ တောင်တရုတ်ပင်လယ်တွင် ကျောရိုးရှိ ပြိုင်ဘက်သတ္တဝါတွေ ကြီးကြီးမားမားမရှိတဲ့အချိန် အဏ္ဏဝါဂေဟစနစ်တွင် ထိပ်တန်း သားရဲတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ဖွယ်ရှိပါတယ်။
ရုပ်ကြွင်းတွေဟာ သတ္တဝါပေါ်ရှိ အဆူးအငြှောင့်တွေနဲ့ ပုံစံအမျိုးမျိုးကို ဖော်ထုတ်ပြသထားတာကြောင့် ပုံမှန်မဟုတ်တဲ့ ကင်းမြီးကောက်ကြီးဟာ အမဲလိုက်ခြင်းအတွက် မတူညီတဲ့ နည်းဗျူဟာအချို့ရှိနေတယ်လို့ သုတေသီတွေက သံသယရှိကြပါတယ်။
သို့သော် နောက်ဆုံးတွင် ငါးမန်းတွေနဲ့ အခြားသော ခေတ်သစ်သားရဲတွေ ပါဝင်လာတဲ့ အခါမှာ အဆိုပါ ကင်းမြီးကောက်တွေဟာ တရုတ်ပင်လယ်ကို အုပ်စိုးခြင်းမပြုတော့ဘဲ ပျောက်ကွယ်သွားတယ်လို့ ယူဆရပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။