ဉီးဇော်ဇော်မှ covid-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် နိုင်ငံတော်သို့ ငွေကျပ် (၂) ဘီလီယံ လှူဒါန်း

News

Unicode ဖြင့်ဖတ်ရန်

Covid-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် အကျိုးအမြတ်မယူပဲ ငွေကြေးစိုက်ထုတ်ပြီး အစိုးရ၏ လမ်းညွှန်စီမံမှုအောက်တွင် ဆောင်ရွက်သွားမည်ဟု ပြောကြားပြီးနောက် ယနေ့တွင် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဝယ်ယူနိုင်ရန် အတွက်ကိုလည်း ငွေကျပ် (၂)ဘီလီယံကို လှူဒါန်းခဲ့ကြောင်းသိရပါသည်။

Covid-19 ကပ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Covid-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာသူကမ္ဘာသားများအနေဖြင့် ကပ်ရောဂါအမြန်ဆုံးကင်းစင်၍ လူသားတို့၏ ပုံမှန်ဘဝကို ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု ၎င်း၏ facebook စာမျက်နှာတွင် ရေးသားထားသည်။

photo crd- u zaw zaw’s facebook page

Zawgyi ဖြင့်ဖတ်ရန်

ဉီးေဇာ္ေဇာ္မွ covid-19 ကပ္ေရာဂါကာကြယ္ေဆးဝယ္ယူရန္အတြက္ ႏိုင္ငံေတာ္သို႔ ေငြက်ပ္ (၂) ဘီလီယံ လႉဒါန္း

Covid-19 ကာကြယ္ေဆးကို တစ္ႏိုင္ငံလုံး ထိုးႏွံႏိုင္ရန္ အက်ိဳးအျမတ္မယူပဲ ေငြေၾကးစိုက္ထုတ္ၿပီး အစိုးရ၏ လမ္းၫႊန္စီမံမႈေအာက္တြင္ ေဆာင္႐ြက္သြားမည္ဟု ေျပာၾကားၿပီးေနာက္ ယေန႔တြင္ Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ဗဟိုေကာ္မတီမွ စီမံေဆာင္႐ြက္လ်က္ရွိေသာ ကာကြယ္ေဆးဝယ္ယူႏိုင္ရန္ အတြက္ကိုလည္း ေငြက်ပ္ (၂)ဘီလီယံကို လႉဒါန္းခဲ့ပါသည္။

Covid-19 ကပ္ေရာဂါကာကြယ္ကုသေရးအတြက္ ဧရာဝတီေဖာင္ေဒးရွင္းအေနျဖင့္ အတတ္ႏိုင္ဆုံးႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး Covid-19 ကပ္ေရာဂါကို ေက်ာ္လႊားႏိုင္ရန္အတြက္ ႏိုင္ငံေတာ္အစိုးရ၊ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနတို႔၏ ဦးေဆာင္မႈျဖင့္ က်ရာေနရာမွ အားလုံးႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ကမာၻသူကမာၻသားမ်ားအေနျဖင့္ ကပ္ေရာဂါအျမန္ဆုံးကင္းစင္၍ လူသားတို႔၏ ပုံမွန္ဘဝကို ျပန္လည္ရရွိပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းအပ္ပါသည္ဟု ၎၏ facebook စာမ်က္ႏွာတြင္ ေရးသားထားသည္။

photo crd- u zaw zaw’s facebook page

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *