အခန်းထဲကို ဝင်လာပြီးမှ ဝင်လာရတဲ့ အကြောင်းကို မေ့သွားတတ်သည့် ဖြစ်စဉ်

Article Science

တခါတလေမှာ အခန်းထဲကို ဘာလုပ်ဖို့လာတာပါလိမ့် ဆိုပြီး စဥ်းစားမရ ဖြစ်​နေတတ်ပါတယ်။

သိမြင်မှုဆိုင်ရာ အာရုံကြော သိပ္ပံ ပညာရှင် ဒေါက်တာ Christian Jarrett က ကျွန်ုပ်တို့၏ မှတ်ဥာဏ်များဟာ ‘တံခါး‌ပေါက် သက်ရောက်မှု (doorway effect) ကို ခုခံနိုင်မှုနည်းခြင်းနဲ့ပတ်သက်ပြီး ရှင်းပြထားပါတယ်။

တံခါးပေါက် သက်ရောက်မှု ” doorway effect ” ဆိုတာကတော့ ကျွန်ုပ်တို့ဟာ အခန်းတစ်ခုထဲကို ဝင်ရောက်လာပြီးနောက် ငါဘာ့ကြောင့် ဒီထဲကို ဝင်လာရတာလဲ ဆိုတာကို ရုတ်တရက် သတိမရတာပါ။

ဒီလိုအမြဲတမ်းဖြစ်တာက ကျွန်ုပ်တို့အတွက် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

၂၀၀၆ ခုနှစ်မှ စ၍ Indiana ရှိ Notre Dame တက္ကသိုလ်မှ ပညာရှင်များက “တံခါး‌ပေါက် သက်ရောက်မှု” ဘယ်လိုဖြစ်လာသလဲဆိုတာ စုံစမ်း​‌ လေ့လာခဲ့ပါတယ်။

လေ့လာမှုတစ်ခုတွင် သူတို့သည် virtual reality setup ကို သုံးခဲ့ပြီး ဒီအကြောင်းကို ပြသရန် ဖြစ်ပါတယ်။

အဲဒါကတော့ ​လေ့လာမှုမှာ စမ်းသပ်ခံ အဖြစ်ပါဝင်ခဲ့တဲ့ သူ​တွေရဲ့ (အခန်းတခန်းခန်းထဲက ဘာပစ္စည်း​တွေရှိလဲဆိုတဲ့) မှတ်ဥာဏ် ဟာ တံခါး ပေါက်ကိုဖြတ်၍ အခြားအခန်းတစ်ခုသို့ ၀င်လာစဉ်မှာပဲ ယင်းမှတ်ဥာဏ်ဟာ ​ပျောက်ကွယ်သွားတဲ့အကြောင်းဖြစ်ပါတယ်။

သုတေသီများရဲ့ ရှင်းလင်းချက်ကို အပိုင်း သုံးပိုင်းဖြင့် ရှင်းလင်း တင်ပြခဲ့ပါတယ်။

(၁) ကျွန်ုပ်တို့ရဲ့ မှတ်ဥာဏ်​တွေကို ဖြစ်စဥ် ဖြစ်ရပ်​တခုချင်း ဆီ အ​နေနဲ့ ဇာတ်လမ်းတွဲ​တွေလိုပဲ အပိုင်း​လေး​တွေ (episode) အဖြစ် ခွဲထားပါတယ်။

(၂) ပြီးသွားခဲ့တဲ့ အ​စောပိုင်း ဖြစ်ရပ်​တွေကို မှတ်မိဖို့ ပြန်စဥ်းစားတဲ့အခါ ပိုမို ခက်ခဲတာကို ​တွေ့ရပါလိမ့်မယ်။

(၃) ဒါ​ကြောင်းနှိုင်းယှဥ်စဥ်းစားကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ အခန်းတံခါး​ပေါက်ကို ဖြတ်သွားတယ်ဆိုတာလဲ ဖြစ်စဥ် အသစ်တခု ဖြစ်ရပ်အသစ်တခုကို ​ရောက်သွားတာ နဲ့ တူတူပါပဲ။

Illustration

ဤရလဒ်များက ဘာကို ​ဖော်ပြ​နေလဲ ဆိုရင် ကျွန်ုပ်တို့၏ ဦးနှောက်အပေါ် တံခါး‌ပေါက်‌ သက်ရောက်မှုများနှင့် ပတ်သက်ပြီး မှော်ဆန်ဆန် ထူးခြားတဲ့ အရာတစ်ခုရှိ​နေတယ် ဆိုတာပါပဲ။

သို့သော် Queensland တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့က ယင်းနဲ့ အနည်းငယ်ကွဲပြားတဲ့ ​တွေ့ရှိမှုတခုကို ​ဖော်ပြခဲ့ပါတယ်။

တူညီပြီးဆက်စပ်​နေတဲ့ ဖြစ်ရပ်​တွေ တခုက​နေတခု ​ပြောင်းလဲလုပ်​ဆောင်တဲ့အခါ မှာ​တော့ အများအားဖြင့် မှတ်ဥာဏ်ကိုမထိခိုက်စေနိုင်ပါဘူး။

ဘာလို့လဲဆို​တော့ ဖြစ်ရပ်​တွေဟာ တခုနဲ့ တခု ဆက်စပ်​နေတဲ့ အတွက် ယင်းတို့ကြားမှာ သိသာထင်ရှားတဲ့ ​အ​နေအထား​ပြောင်းလဲမှု မရှိပါဘူး။

ဒါ​ပေမယ့် ​မေ့သွားတဲ့အခါ​တော့ ရှိပါတယ်။

သုတေသီတွေက သူတို့​လေ့လာမှုမှာ ပါဝင်တဲ့ သူ​တွေကို ပုံစံတူ အခန်း​တွေကို ဖြတ်​နေစဥ်မှာပဲ တစ်ပြိုင်နက်တည်းဆင့်ပွားအလုပ်တစ်ခုနဲ့အာရုံလွဲစေတဲ့အခါမှာ​တော့ မှတ်ဥာဏ်ကိုထိခိုက်​စေပါတယ်။

Queensland အဖွဲ့​ပြောကြားခဲ့တာက​တော့ “ယင်းဖြစ်စဥ်မျိုးကို ကျွန်​တော်တို့ ​နေ့စဥ် ဘဝမှာကြုံ​တွေ့ရပါတယ်။

ကျွန်ုပ်တို့ အ​တွေးကို တခုခုက ​နှောက်ယှက်လိုက်တဲ့အခါ အာရုံပျံ့လွင့်​နေတဲ့အခါ အခန်းထဲကို ဘာ​ကြောင့်လာတာပါလိမ့် ဘာလုပ်ဖို့ လာတာပါလိမ့်ဆိုပြီး ​မေ့သွားတတ်ကြပါတယ်။

ဒါဟာ အ​နေအထား ​​ပြောင်းလဲသွားလို့ပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ထိုင်ရာက ထလိုက်တာပဲဖြစ်ဖြစ် တ​နေရာက​နေ တ​နေရာကို သွားလိုက်တာပဲဖြစ်ဖြစ် ဖြစ်ရပ်တခု​ပြောင်းသွားတဲ့အတွက် ကျွန်ုပ်တို့ဟာ မထခင် မသွားခင်က စဥ်းစားလိုက်တဲ့ အရာ​တွေကို ​မေ့သွားတာ​ပေါ့။

ပြန်စဥ်းစားလို့ မရတာ​ပေါ့။ ဒါမှမဟုတ် အကြာကြီး ပြန်စဥ်းစားမှ သတိရတာမျိုးလည်း ရှိတာ​ပေါ့။

စာကျက်ရင်လည်း လက်​ရေးတမျိုးက​နေ ​နောက်လက်​ရေး တမျိုးနဲ့ ​​ပြောင်း​ရေးထားတဲ့ စာဆိုရင် ကျက်ရတာ ပိုခက်တယ်ဗျ။

Queensland တက္ကသိုလ်ရဲ့ ​တွေ့ရှိမှု ရလာဒ်သစ်များဟာ ထိ​ရောက်အား​ကောင်း​သောကုထုံးကိုညွှန်းဆိုပြသ​နေပါတယ်။

သင်အလုပ် တစ်ခုခု လုပ်ဖို့ ထလိုက်တဲ့ အခါ (သို့) တခုခု သွားယူမယ်ဆိုပြီး အ​နေအထား တခုခု ​ပြောင်းလိုက်တဲ့အခါ သင် ၏ရည်ရွယ်ချက်ပေါ်တွင်အာရုံစိုက်ရန်ကြိုးစားပါ။ ​ဒါမှ မရဘူး မေ့တတ်​သေးတယ် ဆိုရင်​တော့ လက်ဝါး​လေး​ပေါ် ​ရေးမှတ်ထားဖို့ လိုမယ်​နော်။

ရေးသားသူ – Zaw Gyi (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com