ရာသီဥတု အကျပ်အတည်းကြောင့် ကမ္ဘာ့ကြီးဟာ ယခင်နှင့်မတူဘဲ တနှစ်ထက် တနှစ် ပိုမို ပူပြင်းလာ ပါတယ်။ ကမ္ဘာကြီး ပိုမို ပူနွေးလာမှုကြောင့် ယူအေအီးမှာ မိုးအလွန်နည်းသွားသည့်အပြင် အပူချိန်များ ပိုတိုးလာပါတယ်။
တနှစ်လျှင် မိုးရေချိန် ၄ လက်မလောက်သာရှိပြီး မိုးခေါင်နေလေ့ ရှိနေရာ အခုအခါမှာတော့ နည်းပညာများ၏ တိုးတက်လာမှုအရ ဒရုန်းများကို အသုံးပြုပြီး မိုးရွာသွန်းစေနိုင်ပြီပဲ ဖြစ်ပါတယ်။
ယူအေအီးဟာ ဒီလို မိုးရွာနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၅ သန်းလောက်ကို စီမံကိန်း ၉ ခုလောက်မှာ အသုံးပြုခဲ့ပြီး အဲဒီ့ထဲက တခုကတော့ ရီးဒင်းတက္ကသိုလ်က ပြုလုပ်တဲ့ ဒရုန်းနှင့် မိုးရွာစေတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒရုန်းတွေဟာ မိုးတိမ်တွေကို တိုက်ရိုက်ဖန်တီးတာ မဟုတ်ပေမယ့် မိုးရွာသွန်းဖို့အတွက် cloud seeding နည်းကို အသုံးပြုပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ယူအေအီး နိုင်ငံဟာ ဒရုန်းများကို အသုံးပြုပြီး မိုးရွာသွန်းစေတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ ဖြစ်ပါတယ်။
ယူအေအီးလို့ မထင်ရအောင်ပင် မိုးရွာနေတဲ့ ဗီဒီယိုင် ဖိုင်ပေါင်းများစွာဟာ ဆိုရှယ်မီဒီယာအပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
ဒရုန်းများဟာ အောင်မြင်မှု အပြည့်အဝရခဲ့ပြီး နိုင်ငံရှိ တချို့နေရာတွေမှာ အဝါရောင် မိုးလေဝသ သတိပေးမှုတွေတောင် လုပ်ခဲ့ရပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက် နေ့အထိ ယူအေအီး တခွင်မှာ မိုးရွာသွန်းနေမှာ ဖြစ်တယ်လို့ နိုင်ငံ မိုးလေဝသ စင်တာမှ ပြောပါတယ်။

သည်းထန်းစွာ ရွာသွန်းသည့် မိုးနှင့်အတူ ယာဉ်မောင်းများကို လမ်းချော်မှုများ မဖြစ်စေရန် သတိပေးထားပါတယ်။
မိုးနှင့်အတူ လေအနည်းငယ်ပါ တိုက်ခတ်သဖြင့် နိုင်ငံတဝှမ်း မိုးတိမ်တွေကြောင့် အပူချိန် လျော့ကျဖို့ မျှော်လင့်နေကြပါတယ်။
cloud seeding နည်းဖြင့် မိုးရွာသွန်းစေတဲ့ အောင်မြင်မှုနှင့် အတူ တချို့နေရာတွေမှာ မိုးရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်မှာ စိုးရိမ်နေကြပါတယ်။
Cloud seeding နည်းဟာ ဆေးလ်ဗား အိုင်အိုဒိုက် များကို တိမ်များပေါ်သို့ ကြဲချပြီး ရေခဲ ခရစ်တယ်များဖွဲ့စေကာ မိုးရွာသွန်းစေတဲ့ နည်းပညာဖြစ်ပါတယ်။
Knowledgeworms Copyright © 2021