ရိုင်ဖယ် တပ်ဆင် တိုက်ခိုက်နိုင်တဲ့ ဒရုန်းကို အစ္စရေး ကုမ္ပဏီမှ ပြသ

Military News

အစ္စရေး အခြေစိုက် ကုမ္ပဏီတခု ဖြစ်တဲ့ Smart Shooter ဟာ ၎င်းရဲ့ ခြေမှုန်းရေး ရိုင်ဖယ် တင်ဆောင် တိုက်ခိုက်နိုင်တဲ့ ဒရုန်း အမျိုးအစားသစ် တခုကို ပြသလိုက်ပါတယ်။

ကုမ္ပဏီအဆိုအရ ဒရုန်းမှာ တပ်ဆင်နိုင်ထား ဒီစနစ်အသစ်ကို SMASH Dragon လို့ ခေါ်ဆိုပြီး စစ်မြေပြင် သက်သေပြပြီး ဖြစ်တဲ့ ကုမ္ပဏီရဲ့ ပစ်ခတ်ရေး ထိန်းချုပ်မှုနည်းပညာ SMASH Technology ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီမှ ထုတ်ဖော်ပြသလိုက်တဲ့ SMASH Dragon ဟာ အဆင့်မြင့် စက်ရုပ်နည်းပညာသုံး လက်နက် ထိန်းချုပ်ရေး စနစ်ဖြစ်ပြီး အခြား ဒရုန်းများနှင့် မောင်းသူမဲ့ ဝေဟင်သွားယာဉ်များတွင် တပ်ဆင်နိုင်ပါတယ်။

၎င်းကို ခြေမှုန်းရေး ရိုင်ဖယ်များ၊ စနိုက်ပါ ရိုင်ဖယ်များ၊ ၄၀ မီလီမီတာ ဗုံးသီးများနှင့် အခြား တိကျမှု မြင့်မားတဲ့ လက်နက်များနှင့် တွဲဖက်အသုံးပြု နိုင်ပါတယ်။

SMASH နည်းပညာသုံး ပစ်ခတ်မှု ထိန်းချုပ်ရေး စနစ် Image: Courtesy of Smart Shooter

အလေးချိန်အားဖြင့် အလွန် ပေါ့ပါးသည့်အတွက် သယ်ဆောင်သည့် ဒရုန်းများကို ဝန်ပေါ့စေပြီး ပိုမို ဝေးကွာသည့် နေရာများအထိ စစ်ဆင်နိုင်စေမှာ ဖြစ်ပါတယ်။

SMASH Dragon တွင် ပေါင်းစပ် တပ်ဆင်ထားသည့် SMASH နည်းပညာဟာ လက်နက်အား တည်ငြိမ်စေမှုမှာ ပြိုင်ဖက်ကင်းစေပြီး တည် ငြိမ် ပစ်မှတ်များနှင့် ရွေ့လျားပစ်မှတ်များကို ပျံသန်းရင်း ထိရောက်စွာ ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။

SMASH ၏ ပစ်မှတ် ရှာဖွေမှု နှင့် ခြေရာခံနိုင်မှုကို အလိုအလျှောက်စနစ်ဖြင့် လုပ်ဆောင်နိုင်ပြီး ရှုူပ်ထွေး အဆင့်မြင့်သည့် ကွန်ပျူတာ စနစ်များ ပါရှိပါတယ်။

စနစ်ဟာ ပစ်မှတ်များကို အောင်မြင်စွာ ပစ်ခတ်နိုင်ပြီး ဖြစ်ကာ လက်ရှိတွင် ပိုမို အဆင့်မြင့်သည့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်သို့ ဆက်လက်ရောက်ရှိအောင် လုပ်ဆောင်နေပါတယ်။

Image: Courtesy of Smart Shooter

Smart Shooter ကုမ္ပဏီ၏ CEO ဖြစ်တဲ့ Michal Mor မှ “ကုမ္ပဏီရဲ့ SMASH နည်းပညာဟာ မြေပြင်၊ ရေပြင်နှင့် ဝေဟင်မှာ ရှိတဲ့ ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်ဖို့ စွမ်းဆောင်ပေးပါတယ်”

“ဒီလို စစ်မြေပြင် သက်သေပြပြီး နည်းပညာကို မောင်းသူမဲ့ လေယာဉ်များပေါ်တွင် တပ်ဆင်ကာ တူညီတဲ့ တိကျမှုမျိုးဖြင့် အဝေးမှ ထိန်း ချုပ် တိုက်ခိုက်နိုင်တာ ဝမ်းသာစရာ ကိစ္စတခု ဖြစ်ပါတယ်”

“ဒီစနစ်ကို ဒရုန်းများဖြင့် အသုံးပြုတဲ့အခါမှာ အလေးချိန်ဟာ ရေရှည်ပျံသန်းနိုင်မှုနှင့် စစ်ဆင်ရေး သက်ရောက်မှု အတွက် အလွန် အရေး ကြီး တဲ့ အရာတခု ဖြစ်ပြီး SMASH Dragon ဟာ အလွန်ပေါ့ပါးမှု ရှိပြီး လိုအပ်သည့် စံချိန်များနှင့် ကိုက်ညီတဲ့ အတွက် ဂုဏ်ယူမိပါတယ်” လို့ ၎င်းက ပြောပါတယ်။

Smart Shooter ကုမ္ပဏီဟာ ကမ္ဘာ့အဆင့် လက်နက် ပစ်ခတ်မှု ထိန်းချုပ်ရေး စနစ်များကို တီထွင်၊ ဖန်တီး၊ ထုတ်လုပ် ဒီဇိုင်းဆွဲနေတဲ့ ကုမ္ပ ဏီ တခုဖြစ်ပြီး လက်နက်ငယ်များကို တိကျစွာ လုပ်ဆောင်နိုင်စေပါတယ်။

Image: Courtesy of Smart Shooter

ရုံးချုပ်မှာ အစ္စရေး နိုင်ငံ Yagur မြို့တွင် တည်ရှိပြီး ၎င်း၏ ကုမ္ပဏီခွဲ တခုဖြစ်တဲ့ Smart Shooter Inc ကတော့ အမေရိကန်နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်တွင် တည်ရှိပါတယ်။

၎င်းဟာ ဂျာမနီ နိုင်ငံ Düsseldorf နှင့် ဩစတေးလျ နိုင်ငံ Canberra မြို့တို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ထားပါတယ်။

ယနေ့ခေတ် ဒရုန်းများ၏ စွမ်းဆောင်ရည်ဟာ ကြောက်မက်ဖွယ်ရာ ကောင်းလာပြီး ယခုလို တိကျစွာ ပစ်ခတ်နိုင်သည့် စနစ်များနှင့် တွဲဖက်လာသည့် အခါမှာ အလွန်ကို ထိရောက်တဲ့ စစ်ဆင်ရေးများကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.