ဟိမဝန္တာမှိုမှ ထုတ်လုပ်ထားတဲ့ ဆေး ဟာ ကင်ဆာဆဲလ်များကို အဆ ၄၀ အထိ သုတ်သင်နိုင်တဲ့ အကြောင်း

Health Science

ဒါဟာ ထုတ်လုပ်မှုရဲ့ အစောပိုင်း အဆင့်မှာပဲ ရှိပါသေးတယ်။

ဟိမဝန္တာ မှာတွေ့ရတဲ့ Cordyceps မှို ဟာ အတောင်ပံမရှိတဲ့ အင်းဆက်တွေပေါ်မှာ ပေါက်ဖွား ရှင်သန်ပါတယ်။

အဆိုပါ ဟိမဝန္တာမှိုမှာ တွေ့ရှိရတဲ့ မောလီကျုးဟာ ကင်ဆာဆဲလ်များကို ဆန့်ကျင်တိုက်ဖျက်နိုင်ပြီး ကင်ဆာရောဂါသည်တွေ စောင့်ဆိုင်းနေတဲ့ သတင်းကောင်း ဖြစ်နိုင်ပါတယ်။

အောက်စဖို့ တက္ကသိုလ်မှ သုတေသီတွေဟာ ဗြိတိန်အခြေစိုက် ဆေးဝါးကုမ္ပဏီ NuCana နဲ့ ပူးပေါင်း၍ ဓာတုကုထုံးအသစ်ဖြစ်တဲ့ အလွန်အစွမ်းထက် ထိရောက်သော ကင်ဆာတိုက်ဖျက်ဆေးတစ်မျိုးဖြစ်တဲ့ NUC-7738 ကို တီထွင် ထုတ်လုပ်ခဲ့ကြပါတယ်။

၎င်းဟာ ကင်ဆာဆဲလ်များကို ဖျက်ဆီးနိုင်တဲ့ အလားအလာရှိပြီး ယခင်ထုတ်လုပ်တဲ့ ဓာတုကုထုံး ဆေးဝါးများနှင့် နှိုင်းယှဥ်လျှင် ခန္ဓာကိုယ်အတွက် ထိခိုက်မှုလည်း နည်းပါတယ်။

NUC-7738 ဟာ ဖွံဖြိုးထုတ်လုပ်ဆဲ အစောပိုင်းအဆင့်ဘဲ ရှိသေးတာကြောင့် ဆေးဝါးအဖြစ် မရနိုင်သေးဘူး ဟု ဆိုပါတယ်။ သို့ပေမယ့် အ သစ်ကြေငြာထားတဲ့ လက်တွေ့စမ်းသပ်တွေ့ရှိချက်များက ကင်ဆာလူနာများအတွက် ကုထုံးသစ်ကို ညွှန်ပြပေးနိုင်တယ်ဟု ဆိုပါတယ်။

ကင်ဆာဆဲလ်တွေကို သုတ်သင်နိုင်တာဟာ cordycepin မှိုမှာ ပါဝင်တဲ့ တက်ကြွတဲ့ ပစ္စည်းကြောင့် ဖြစ်ပါတယ်။

3′-deoxyadenosine သို့မဟုတ် 3′-dA ဟု လူသိများတဲ့ Cordycepin ဟာ တရုတ် တောင်တန်း ဒေသများရှိ ကပ်ပါး မှိုမျိုးစိတ် တခု ဖြစ်တဲ့ Ophiocordyceps sinensis တွင် ပထမဆုံး တွေ့ရှိရတဲ့ သဘာဝ nucleoside analog တစ်မျိုးဖြစ်ပါတယ်။

အဆိုပါ မှိုမျိုးကို ခူကောင် ပိုး​ပေါက်ဖက်တွေကို သေစေတာကြောင့် ခူကောင်ပေါက်ဖက်မှို ဟုလည်း အသိများကြပါတယ်။

၎င်းကို တရုတ်ရိုးရာဆေးပညာတွင် ဆေးဖက်ဝင် ကုသ​ခြင်း အဖြစ် အစဉ်အဆက် အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်မှာတော့ သိပ္ပံပညာရှင်​တွေဟာ ကင်ဆာကာကွယ်မှု ၊ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိ နှင့် ရောင်ရမ်းမှုကို ဆန့်ကျင်သော အာနိသင်များကို တွေ့ရှိပြီး နောက်မှာတော့ ကင်ဆာအကျိတ်တွေကို ဆန့်ကျင်တိုက်ဖျက်နိုင်တာကို သတိပြုမိလာကြပါတယ်။

ဒီအရာတွေကြောင့် အဆိုပါ မှို ​တွေကို အလွန်အမင်းရှာဖွေခဲ့ကြပြီး ၎င်းကို ကမ္ဘာ့တန်ဖိုးအရှိဆုံး ကပ်ပါးကောင်များအဖြစ် မကြာခဏဆိုသလို ရည်ညွှန်းနေကြပါတယ်။

သို့သော် ၎င်းရဲ့ အံ့သြဖွယ်ဂုဏ်သတ္တိများမှ လွဲ၍ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ cordycepin တွင် အားနည်းချက်တွေလည်း ရှိပါတယ်။

ဥပမာအနေနဲ့ ၎င်းတို့ဟာ ADA အင်ဇိုင်းကြောင့် သွေးကြောများအတွင်းသို့ လျင်မြန်စွာပြိုကွဲသွားပြီး သွေးရည်ကြည်ထဲမှာ ၁.၆ မိနစ်ဘဲ အသက်ရှင်နေနိုင်ပါတယ်။

ဒါကြောင့် ဆဲလ်တွေက ၎င်းတို့ကို စုပ်ယူဖို့ အလွန်ခက်ခဲစေပါတယ်။ ဒါတွေ အားလုံးဟာ ခန္ဓာကိုယ်ရှိ အကျိတ် ဆဲလ်များ အပေါ် မော်လီ ကျူးရဲ့စစ်မှန်တဲ့ ထိရောက်မှုကို အားနည်းစေပါတယ်။

ဆေးဝါးအဖြစ်အသုံးနိုင်စေဖို့ NUC-7738 ဟာ cordycepin ကို ဆဲလ်များအတွင်း လွတ်လပ်စွာဝင်ရောက်နိုင်စေဖို့ တချို့အားသာတွေကို အသုံးပြုပြီး ၎င်းတို့ရဲ့ ကင်ဆာရောဂါ တိုက်ဖျက်နိုင်စွမ်းကို မြှင့်တင်စေပါတယ်။

ထို့အပြင် NUC-7738 ဟာ အဆင့်မြှင့် ပြုပြင်ပြောင်းလဲထားတာကြောင့် ADA ကို ကာကွယ်နိုင်မှု နှင့် သွေးကြောများအတွင်း လျင်မြန်စွာ ပြိုကွဲမှုကို ခံနိုင်ရည် ရှိတယ်ဟု Clinical Cancer Research ဂျာနယ်တွင် ဖော်ပြထားပါတယ်။

အဆိုပါ ပြုပြင်မွမ်းမံမှုတွေဟာ ကင်ဆာရောဂါဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေကို တိုး​မြှင့်ပေးတာကြောင့် လူကင်ဆာဆဲလ်အမျိုးမျိုးကို စမ်းသပ်မှုများတွင် တွေ့ရသည့်အတိုင်း အဆ ၄၀ အထိ ပိုမိုသုတ်သင်စေနိုင်တာကို တွေ့​မြင်ခဲ့ရတယ်။

ဒီအပြင် ၂၀၁၉ ထဲက လေ့လာစမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြပြီး နောက်ဆုံး လေ့လာစမ်းသပ်မှုအရ NUC-7738 ရဲ့ ပထမဆုံးလူသား လက် တွေ့စမ်းသပ်မှုမှာ ပဏာမရလဒ်များကို ဖော်ပြထားပါတယ်။

အဆိုပါ စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ယခုအချိန်ထိ အလားအလာကောင်းတဲ့ပုံလည်း ရပါတယ်။

ဒါတွေဟာ အလားအလာကောင်းတာရဲ့ အစဘဲ ရှိပါသေးတယ်၊ အဆိုပါ ဆေးရဲ့ လုံခြုံမှုကို သေသေချာချာ စမ်းသပ် ထုတ်လုပ် ပြီးတာနဲ့ နောက်ထပ် စမ်းသပ်မှုတွေကို စတင်လိမ့်မည် ဟု ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.