ကမ္ဘာ့အကြီးဆုံး မိုးမျှော်တိုက်ကြီးနှင့် ကုန်တိုက်ကြီးကြီးမားမားရှိတဲ့ လူသိများသော ဒူဘိုင်းမှာ ကမ္ဘာ့အနက်ရှိုင်းဆုံး ရေအောက်မြို့တော် ရေငုပ်ရေကူးကန်ကို ဖွင့်လှစ်ခြင်း ထပ်မံပြုလုပ်ခဲ့ပါတယ်။
Deep Dive Dubai ၏ အဆိုအရ ၁၉၆ ပေကျော် နက်တဲ့ရေကန်ဟာ ပျမ်းမျှလူတစ်ဦး၏အမြင့်ထက် ၃၇ ဆပိုပါတယ်။၎င်းမှာ ရေသန့် ရေဂါလံ ၃.၇ သန်းနီးပါးဖြည့်ထားတာဟာ အိုလံပစ်အရွယ် ရေကူးကန် ၆ ခုနှင့်ညီပါတယ်လို့ဆိုပါတယ်။
ဇွန်လ ၂၉ ရက်နေ့က ရေငုပ်ခြင်းဖြင့် ကမ္ဘာ့အနက်ရှိုင်းဆုံး ရေကူးကန်အဖြစ် ကမ္ဘာ့ ဂင်းနစ်မှတ်တမ်း (Guinness World Records) တွင် အတည်ပြုခဲ့ပြီး ပေ ၁၄၇ ရှိတဲ့ ပိုလန်ရဲ့ DeepSpot ရဲ့ စံချိန်ကို ရိုက်ချိုးခဲ့ပါတယ်။
ရေကူးကန်တွင် ကမ္ဘာပျက်သည့် ပမာဖြစ်သော ခုံတန်းရှည်များ၊ လမ်းမီးအလင်းရောင်များနှင့် များစွာသော မြို့အင်္ဂါရပ်များဖြင့် “ ရေအောက်မြို့တော်” ပုံစံဒီဇိုင်းဖော်ထားပါတယ်။

ရေကူသမားများဟာ အနည်းငယ်ထပ်၍ ရေငုပ်ကူး မည်ဆိုလျှင် အိပ်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ဂိမ်းများနှင့်ရေကန်စားပွဲတစ်ခုပါသော တိုက်ခန်းတစ်ခန်းကိုပါ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ရေကူးကန် ပတ်၀န်းကျင်တွင် ရေအောက်ကင်မရာ ၅၆ ခုနှင့်ရေငုပ်သမားများအတွက် အသံမက်ဆေ့စနစ်ဖြင့် အကြောင်းပြန်နိုင်ပြီး ရေအောက်သံစဥ်များကို ဖန်တီးထားပါတယ်။
အကယ်၍ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပွားပါကလူ ၁၂ ယောက်နှင့်သင့်တော်သည့် သာမန်ဖိအားရှိပြီး အောက်စီဂျင် ပါဝင်တဲ့ အခန်းတစ်ခုရှိလဲရှိပါတယ်။
ဒူဘိုင်း အိမ်ရှေ့မင်းသား Sheikh Hamdan bin Mohammed bin Rashid Al Maktoum ဟာ ရေကူးကန်၏ ပထမဆုံး ဧည့်သည်များထဲမှ တစ်ဦး ဖြစ်ပြီး သူဟာ ရေကူးကန်ထဲ၌ ရေငုပ်နေသည့် ဗီဒီယိုကို သူ၏လူမှုမီဒီယာတွင်တင်ခဲ့ပါသေးတယ်။
Will Smith အပါအ၀င် အခြား နာမည်ကြီးသူများကလည်း လာရောက်ခဲ့ပြီး ဆိုရှယ်မီဒီယာတွင် ၎င်းတို့၏ ရေငုပ်ခြင်းကို မှတ်တမ်းတင်ခဲ့ကြပါတယ်။

ရေရဲ့ အပူချိန်က ၈၆ ဒီဂရီဖာရင်ဟိုက်ဖြစ်လို့ ရေကူးသူတွေဟာ ထူထဲတဲ့ ရေကူးဝတ်စုံတွေ ဝတ်ဆင်စရာမလိုဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုကိုထိန်းသိမ်းရန် အဆင့်မြင့် ရေစစ်စနစ်ဖြင့် ခြောက်နာရီတိုင်း ရေကို လှည့်လှည်ပေးထားပါတယ်။
ရေကူးကန်ကို နောက်ဆုံးပေါ်ကိရိယာများတပ်ဆင်ထားသောအပြည်ပြည်ဆိုင်ရာရေငုပ်သမားများအဖွဲ့မှစီမံထားတာပါ။
လက်ရှိ ရေကူးကန်ကို ဖိတ်ကြားထားသူများသာ လာရောက်လည်ပတ်နိုင်ပါသေးတယ်။
ဒီအဆောက်အဦးကို ဇူလိုင်လ နှောင်းပိုင်းမှ အများပြည်သူအတွက် ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ရပြီး၊ အသက် ၁၀ နှစ်အထက် အတွေ့အကြုံရှိသူ မည်သူမဆို လာရောက် ရေငုပ်နိုင်ပါတယ်။
ရေကူးကန်ရဲ့ အစိတ်အပိုင်းအားလုံးဟာ ပြီးပြည့်စုံနေပြီး ငါးမန်းတော့မရှိပါဘူး။