အမေရိကန်အထိ ဈေးကွက် ထိုးဖောက်မယ့် ဗီယက်နမ် လျှပ်စစ်စွမ်းအင်သုံးကားများ အကြောင်း

News Tech

VinFast ဟာ ဗီယက်နမ်နိုင်ငံရဲ့ ကားအမှတ်တံဆိပ် အသစ်တခုဖြစ်ပြီး စီးပွားရေး လုပ်ငန်းစုကြီးဖြစ်တဲ့ Vingroup က ပိုင်ဆိုင်ထားပါတယ်။

ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ လျှပ်စစ် စွမ်းအင်သုံးကားသစ် ၂ မျိုး ဖြစ်တဲ့ VF e35 နှင့် e36 တို့ကို လော့စ်အိန်ဂျယ်လ်ရှိ ကားပြပွဲတွင် မိတ်ဆက်ခဲ့ပါတယ်။

အမေရိကန် ကားဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုဟာ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ရည်မှန်းချက်ကို ပြသနေပါတယ်။

ကမ္ဘာပေါ်တွင် အကြီးဆုံး ကားဈေးကွက်ရှိတဲ့ တရုတ်အစား ကမ္ဘာ့ကားဈေးကွက်၏ မူလအစ ဒုတိယအကြီးဆုံးဖြစ်တဲ့ အမေရိကန်မှာ စတင်ခြင်းဟာ နိုင်ငံတကာက အသိအမှတ်ပြုခြင်းကို ပိုမို ရရှိနိုင်တယ်ဟု ယူဆလို့ ဖြစ်နိုင်ပါတယ်။

e35 မော်ဒယ် Image: Courtesy of VinFast

ယခုကဲ့သို့ တရုတ်နိုင်ငံတွင် ဈေးကွက် ထိုးဖောက်ခြင်းမပြုလုပ်ဘဲ ကျော်ခွသွားတာဟာ အခြား စီးပွားရေးဗျူဟာအရ အ ကြောင်းပြချက်များစွာ ရှိနိုင်ပါသေးတယ်။

အဲဒါတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဗီယက်နမ်-တရုတ် တင်းမာမှုများ၊ နိုင်ငံခြား ကားကုမ္ပဏီများဟာ တရုတ်နှင့်ဖက်စပ်လုပ်ငန်း ကုမ္ပဏီများကို မှီခိုနေရခြင်းများနှင့် ဘေဂျင်းအစိုးရက ထောက်ပံ့ထားတဲ့ တရုတ်၏ ထိလွယ်ရှလွယ်တဲ့ လျှပ်စစ်စွမ်းအင်သုံး ကားထုတ်လုပ်ရေး ပြိုင်ဆိုင်မှုများကြောင့် စတာတွေပါဝင်ပါတယ်။

ကုမ္ပဏီများဟာ ကားဈေးကွက်တွင် အခက်အခဲများ ကြုံနေရ

ပြင်သစ် ကုမ္ပဏီ Peugeot မှသည့် ဂျပန် ကားကုမ္ပဏီ Isuzu အထိ ပါဝင်သည့် ကုမ္ပဏီများဟာ အမေရိကန် ကားဈေးကွက်သို့ ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ထွက်ခွာသွားခဲ့ရပါတယ်။

ကုမ္ပဏီများဟာ VinFast ကဲ့သို့ ကားကုမ္ပဏီသစ်များနှင့် ပတ်သက်သည့် ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရသလားဆိုတဲ့ မေးခွန်းကို BMW ၏ အမှုဆောင်အရာရှိမှ ငြင်းဆိုခဲ့ပါတယ်။

VinFast ၏ ခြေလှမ်းများ

VinFast ၏ CEO ဖြစ်တဲ့ Michael Lohscheller ကတော့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တခု ဖြစ်လိုရင် အမေရိကန်ကို လာကိုလာရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကုမ္ပဏီဟာ အမေရိကန်တွင် ထုတ်လုပ်ရေး စက်ရုံတည်ဆောက်ဖို့ လုပ်ဆောင်နေပြီး နယူးရော့ခ် စတော့အိတ်ချိန်းမှာ ၎င်း၏ ရှယ်ရာတွေ ပါဝင်လာတော့မှာပါ။

Tesla နှင့် ပြိုင်ဆိုင်ဖို့ရာ ခက်ခဲမှာ သေချာပေမယ့် နည်းပညာသစ်များကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်တော့ ဆွဲဆောင်မှု ရှိစေမှာပါ။

VF e36 မော်ဒယ်

လက်ရှိတွင် VinFast ဟာ နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုချက်နေရာတခုဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကို အဓိကထားနေပါတယ်။

ကယ်လီဖိုးနီးယားတွင် ကားနှင့်ပတ်သက်သည့် ဒီဇိုင်း စတူဒီယို အများအပြား ရှိပြီး ကားနှင့်ပတ်သက်သည့် အယူအဆသစ်များ ပေါက်ဖွားရာ ဒေသဖြစ်ကာ ကမ္ဘာ့ ခေတ်ရေစီးကြောင်းကို သတ်မှတ်ရာ နေရာအဖြစ် အများက ရှုမြင် ကြပါတယ်။

VinFast ကားများကို အွန်လိုင်းမှ ရောင်းချနိုင်ရန် စီစဉ်ထားပြီး လော့စ်အိန်ဂျယ်လ်မှ ကုမ္ပဏီအား ရုံးချုပ်တည်ဆောက်ရန် ကမ်းလှမ်းထားပါတယ်။

လက်တလောတွင် VinFast ၏ hatchback အမျိုးအစား Fadil ကားများဟာ ဗီယက်နမ်တွင် အရောင်းသွက်လျက်ရှိပြီး ဒါဟာ တိုးတက်မှုကို ပြသနေတာပါ။

Fadil

မည်သို့ပင်ဆိုစေကာမူ အမှတ်တံဆိပ်ကြီးများကို ယှဉ်ပြိုင်ဖို့ရာအတွက် ရေခြားမြေခြား အမေရိကန်လို နိုင်ငံမျိုးမှာ စွန့်စားပြီး ရင်းနှီးမြှုပ်နှံတာဟာ အတော်လေးတော့ ကြောက်စရာပါ။

အနာဂါတ်မှာ နိုင်ငံတကာသိ အမှတ်တံဆိပ်ဖြစ်လာမလား ထွက်ခွာလာရမလားဆိုတာကတော့ အချိန်က စကားပြောသွားမှာ ဖြစ်ပေမယ့် လက်ရှိ ဗီယက်နမ်၏ ဈေးကွက်ထိုးဖောက်မှု အကြောင်းကို သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *