လာမည့် နှစ်၅၀၀ အတွင်း ပျက်စီးသွားနိုင်ဖွယ် ရှိသည့် ကမ္ဘာကြီး အကြောင်း

Article Science

မကြာသေးမီက လေ့လာ ဆန်းစစ်ချက် တစ်ခုအရ G20 နိုင်ငံတွေဟာ ရာသီဥတု ပြောင်းလဲလာမှု​တွေ အတွက် ပြင်ဆင်ထားခြင်း မရှိကြောင်း တွေ့ခဲ့ရပါတယ်။

မကြာခင်မှာ ဘာမှ မပြောင်းလဲဘူးဆိုရင် ကမ္ဘာမြေဟာ နှစ်ပေါင်း ၅၀၀ မတိုင်ခင်မှာ လူနေထိုင်ဖို့ လုံးဝမဖြစ်နိုင်​တော့ဘူးလို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထား​ကြပါတယ်။

နိုင်ငံတကာ ရာသီဥတုဗေဒပညာရှင်၊ မနုဿဗေဒ ပညာရှင် နှင့် ဂေဟဗေဒပညာရှင်တွေဟာ ကမ္ဘာကြီးရဲ့ပျမ်းမျှ အပူချိန်ဟာ သက္ကရာဇ် ၂,၅၀၀ အထိ မရပ်တန့်ပဲ ဆက်လက် မြင့်တက်နေမယ်ဆိုပါက လူသားတွေအနေနဲ့ နေထိုင်ဖို့ မသင့်လျော်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

ပညာရှင်တွေက ဖြစ်ပေါ်လာတဲ့ ရာသီဥတုဖောက်ပြန်မှုတွေရဲ့ ဆိုးရွားတဲ့ အကျိုးဆက်ကို သိရှိရဖို့အတွက် ယဥ်ကျေးမှု နှင့် သက်ရှိမျိုးစိတ်တွေ ဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက်ဖြစ်တဲ့ ဒေသများအနက် အဆိုးဆုံးဖြစ်နိုင်ချေရှိတဲ့ ဒေသအ​ခြေအနေသုံးရပ်ကို လေ့လာခဲ့ကြပါတယ်။

ပညာရှင်တွေက အမေဇုန်၊ အိန္ဒိယနှင့် အနောက်အလယ်ပိုင်းတို့ရဲ့ ကွဲပြား ခြားနားလာတဲ့ အခြေအ​နေတွေ အောက်မှာ ရှိတဲ့ လူနေမှု ဘဝတွေ ပြောင်းလဲလာမယ့် အကြောင်းအရာတွေကို တင်ပြခဲ့ကြပါတယ်။

၂,၅၀၀ ခုနှစ် မှာ ဖြစ်ပျက်နေမည့် လူမနေထိုင်နိုင်တဲ့ ကမ္ဘာဂြိုလ်အတွက် ခန့်မှန်းချက်များ

ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်တဲ့ ဟောကိန်းတွေဟာ အများအားဖြင့် နှစ်ပေါင်း ၂,၁၀၀ ဝန်းကျင်မှာပဲ ရပ်တန့်နေပြီး နောင်နှစ်ပေါင်းများစွာအထိ အချိန်မီ ကြိုတင်ခန့်မှန်းခြင်းကတော့ အနည်းနှင့်အများ မလိုအပ်ပါဘူး။

ယခုအခါ ဖြစ်ပေါ်လာမည့် အထွေထွေပြောင်းလဲမှု​တွေနှင့် ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ ကတော့ ပြုပြင်ရမည့် စိတ်ကူးများ ရှိနေသော် လည်း ၂၂ ရာစုမစတင်မီမှာ ဘာဖြစ်မယ်ဆိုတာကိုတော့ ခန့်မှန်းရခက်ပါတယ်။

အဆက်မပြတ် ထုတ်လွှတ်နေဆဲ ကာဗွန်များ

၂,၁၀၀ ခုနှစ် မတိုင်ခင် ဘာတွေဖြစ်လာမှာလဲ။

၂,၁၀၀ ပြည့်နှစ်လောက်မှာ ကမ္ဘာကြီးရဲ့အပူချိန်ဟာ ၂.၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက မှတ်ချက်ပြုထားပါတယ်။

ဒါဟာ မကြုံစဖူး မီးလောင်ကျွမ်းမှု​တွေ၊ မိုးခေါင်မှုတွေ၊ ဟာရီကိန်း၊ ရေလွှမ်းမိုးမှု​​တွေနှင့် အပူဒဏ်ခံစားရမှု​တွေကို ဖြစ်ပေါ်စေမှာပဲ ဖြစ်ပါတယ်။ ဒါ​တွေအပြင် အဏ္ဏဝါနှင့် ကုန်းနေဂေဟစနစ်တွေမှာလည်း နက်နဲတဲ့ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။

၂,၅၀၀ ခုနှစ် မှာ ကမ္ဘာကြီးဟာ ကျွန်ုပ်တို့အတွက် တခြားဂြိုလ်တစ်ခုလို ဖြစ်လာမှာလား။

သုတေသီတွေရဲ့ လေ့လာမှုအသစ်အရ ယခုမှစပြီး နောင်နှစ်ပေါင်း ၅၀၀ လောက်မှာ ကျွန်ုပ်တို့ ကမ္ဘာမြေရဲ့ အဖြစ်နိုင်ဆုံး အခြေအနေကို သုံး သပ်ခဲ့ကြပါတယ်။

နောက်ဆုံးလေ့လာစမ်းသပ်မှု ရလဒ်တွေအရတော့ ၂,၅၀၀ ခုနှစ် လောက်မှာ ကမ္ဘာကြီးဟာ လူမနေထိုင်နိုင်လောက်အောင် ဖြစ်လာနိုင်တယ်ဟု ဆိုပြီး ကျွန်ုပ်တို့ လူသားတွေရဲ့ လူနေမှု ပုံစံတွေကို မပြောင်းလဲပါက ကမ္ဘာကြီး တစ်ခုလုံးဟာ ကျွန်ုပ်တို့အတွက် တခြားဂြိုလ်တစ်ခုလို ဖြစ်လာနိုင်ပါတယ်။

ဆက်လက် ပျော်ကျနေဆဲ ဝင်ရိုးစွန်း ရေခဲပြင်များ

အပူချိန်တွေဟာ ဆက်လက် မြင့်တက်နေဦးမှာ ဖြစ်ကြောင်း

သိပ္ပံပညာရှင်တွေဟာ သစ်တောပြုန်းတီးမှုတွေနဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို သုံးသပ်ပြီး ၂၁၀၀ ခုနှစ် နောက်ပိုင်းမှာ အပူချိန် ဆက် လက်မြင့်တက်လာမှာ ဖြစ်တယ် ဟု ဆိုပါတယ်။

ရလဒ်အနေနဲ့ အသီးအနှံတွေ အတွက် စိုက်ဧကတွေဟာ ဝင်ရိုးစွန်း​တွေ အနီးကို ပြောင်းသွားမှာဖြစ်ပြီး၊ အမေဇုန်မြစ်ဝှမ်းကဲ့သို့သော ဒေသတွေကတော့ စိုက်ပျိုးလို့ မဖြစ်ထွန်းတဲ့ ကျတ်တီးမြေလို နေရာမျိုးတွေ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

အပူဒဏ်ခံရမှု

ယခုအခါ လူ​တွေ ပြည့်ကျပ်နေတဲ့ အပူပိုင်းဒေသတွေမှာ အပူဒဏ်ခံရမှုအဆင့်ဟာ မြင့်တက်နေပြီး လူသားတွေဟာ ပျက်စီး ထိခိုက်မှုဒဏ်ကို စတင် ခံစားနေရပြီပဲ ဖြစ်ပါတယ်။

အဆိုပါ ဒေသတွေဟာ ၂,၅၀၀ ခုနှစ် လောက်မှာ လူမနေထိုင်နိုင်တဲ့ နေရာတွေ ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာမြေကို မြုံ​နေတဲ့ ဂြိုလ်တစ်လုံး မဖြစ်အောင် ကျွန်ုပ်တို့အနေနဲ့ ဘယ်လိုတားဆီးနိုင်မလဲ။

ပါရီသဘောတူညီချက်ကို ၂၀၁၅ ခုနှစ်တုန်းက လက်မှတ်ရေးထိုးခဲ့ပြီး အဓိကရည်မှန်းချက်တစ်ခုက ၂၂ ရာစု မစတင်မီ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ၂ ဒီဂရီအောက်သို့ လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။

ကံမကောင်းတာတစ်ခုက နောက်ဆုံးပေါ် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအရ ကမ္ဘာပေါ်ရှိ စီးပွားရေး အင်အား အကြီးဆုံး နိုင်ငံတိုင်းဟာ လိုအပ်တဲ့ အပြောင်းအလဲ​တွေကို ပြုလုပ်ဖို့ ပြင်ဆင်ထားမှု မရှိကြောင်း တွေ့ရပါတယ်။

မြို့ကြီးများတွင် လေထု ညစ်ညမ်းနေပုံ

ကာကွယ်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့ အစီအစဉ်မရှိသေးတဲ့အကြောင်း

ကျွန်ုပ်တို့ဖော်ပြခဲ့တဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေမှာဆိုရင် နိုင်ငံပေါင်း ၃၆ နိုင်ငံနှင့် G20 မှ နိုင်ငံတွေ ပါဝင်ပါတယ်။

ရလဒ်အနေနဲ့ ပါရီသဘောတူညီချက်ရဲ့ ရည်ရွယ်ချက်နှင့် ကိုက်ညီပြီး ထိရောက်တဲ့ လုပ်ဆောင်မှု အစီအစဉ်ကို နိုင်ငံတစ်နိုင်ငံမှ လုပ်ဆောင်နေတာ မရှိကြောင်း ပြသနေပါတယ်။

ယခင် လေ့လာမှု တစ်ခုအရ လူသားတွေအနေနဲ့ ကျောက်မီးသွေး အသုံးပြုမှုကို 90% လျှော့ချဖို့ နှင့် မထုတ်ယူရသေးတဲ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ 60% ကို ချန်ထားဖို့ လိုအပ်ကြောင်း အဆိုတင်သွင်းထားပါတယ်။

ဒါကလည်း သဘောတူညီချက်ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ကံမကောင်းစွာနဲ့ လုံလောက်မှာ မဟုတ်ပါဘူး ။

၂,၅၀၀ ခုနှစ် မှာ လူသားများ အာကာသထဲမှာ နေထိုင်သလိုဖြစ်လာမှာလား သို့မဟုတ် ကျတ်တီးမြေများနှင့် ကမ္ဘာကြီး ဖြစ်လာမှာလား

လူသားမျိုးနွယ်ဟာ လာမယ့်၂,၅၀၀ ခုနှစ် များမှာ အာကာသထဲမှာ နေထိုင်သလို ဖြစ်လာမှာကို ဘယ်သူသိနိုင်မှာလဲ။

သို့သော်လည်း ဒီလို အခြေအနေအနေတွေဟာ သေချာမှု မရှိသေးဘဲ ကျွန်ုပ်တို့အနေနဲ့ စောင့်ကြည့် ဖို့ကလည်း အသက်ရှင် နေမှာလည်း မဟုတ်ပါဘူး။

ဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲဖို့က ကျွန်တော်တို့ တာဝန်ဖြစ်ပြီး အခုချိန်မှာ လုပ်ရင် နောက်မကျ​သေးပါဘူး။

သို့ပေမယ့် သေချာစဉ်းစားကြည့်မယ်ဆိုရင် ငါတို့မျိုးဆက်တွေရဲ့ ၂၂ ရာစု ကမ္ဘာဂြိုဟ်ရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို မြင်တွေ့ ရမယ်ဆိုရင်တော့ ဒါဟာ ကျွန်ုပ်တို့ အပေါ်မှာ မူတည်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကို လျှော့ချဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ ရာစုနှစ် အနည်းငယ်မျှ နောက်ကျနေပြီဖြစ်သော်လည်း ကျွန်ုပ်တို့ရဲ့ လက်ရှိသက်ရောက်မှုကို ထိန်းချုပ်ဖို့က အချိန်မနှောင်းသေးသည်မှာ ထင်ရှားပါတယ်။

ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုဟာ မလွှဲမရှောင်သာဖြစ်ပြီး ကမ္ဘာပေါ်မှာ ထပ်ခါတလဲလဲ ဖြစ် စဉ် တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီး ပူနွေးလာမှုတွေကို ထိန်းချုပ်ဖို့ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အရှိန်မြှင့် လုပ် ဆောင်သင့်တာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *