အာကာသအမှိုက်များက ကမ္ဘာကို ကွင်းသဖွယ် လှည့်ပတ်လာနေ

News Science

“ကမ္ဘာ​ကြီးက သူ့ရဲ့ ကိုယ်ပိုင်ကွင်းတွေ ပိုင်ဆိုင်မယ့် လမ်းကြောင်းပေါ်တွင် ရှိနေပြီး သူတို့က အမှိုက်တွေနဲ့ ပြုလုပ်ထားတာသာ ဖြစ်လိမ့်မယ်။”

ညစ်ပတ်သော အမှိုက်ဂြိုဟ်

ကုမ္ပဏီတွေနှင့် အစိုးရတွေဟာ ဂြိုလ်တုတွေ၊ အာကာသယာဉ်တွေ၊ စူးစမ်း လေ့လာရေး ယာဉ်တွေနှင့် ခရီးသွားတွေ ကိုပင် အာကာသထဲသို့ ပိုပိုပြီး လွှတ်တင်လာသည်နှင့်အမျှ ကျွန်တော်တို့မှာ ကြီးမားတဲ့ အာကာသအမှိုက်ပြဿနာတစ်ခု ကြုံတွေ့နေရပြီး အဲ့တာဟာ ပိုပြီးတော့ ဆိုးလာဖွယ် ရှိပါတယ်။

ပတ်လမ်းကြောင်းသို့ ကျွန်တော်တို့ ပေးပို့ခဲ့တဲ့ အရာအများစုကို လောင်ကျွမ်းစေရန် ကမ္ဘာလေထုထဲသို့ ပြန်လည် စုပ်ယူနေကြသော်လည်း ဒါနှင့်ပတ်သက်ပြီး မည်သို့လုပ်ဆောင်ရမည်ကို မသိမချင်း အများစုမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

စနေဂြိုဟ် Saturn ပုံစံအား မြင်ရစဉ်

ယူးတားတက္ကသိုလ်မှ ပါမောက္ခ Jake Abbott က အခြေအနေတွေ အရမ်းဆိုးလာနိုင်ပြီး ကမ္ဘာမြေဟာ မကြာခင်မှာ Saturn နဲ့ တော်တော်လေးကို ပုံပန်းသဏ္ဍာန် တူလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“ကမ္ဘာမြေက သူ့ရဲ့ ကိုယ်ပိုင်ကွင်းတွေ ရှိလာဖွယ် ဖြစ်နေပြီး သူတို့က အမှိုက်တွေနဲ့ ပြုလုပ်ထားတာချည်းသာ ဖြစ်လိမ့်မယ်” လို့ သူက The Salt Lake Tribune သို့ ပြောကြားခဲ့ပါတယ်။

Tractor Beam

ဥရောပ အာကာသအေဂျင်စီအရ ကမ္ဘာပတ်လမ်းကြောင်းအတွင်း တစ်မီလီမီတာထက် ကြီးမားသော အာကာသ အပျက်အစီး အပိုင်းအစ သန်း ၁၇၀ ခန့်ရှိနေပြီးဖြစ်ကြောင်း သိရပါတယ်။

အကြမ်းဖျင်းအားဖြင့် သူတို့ထဲက ၆၇၀,၀၀၀ လောက်က လက်မဝက်ခန့် ကြီးမားပါတယ်။

SpaceX ကဲ့သို့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ကြီးမားသော broadband-beaming ဂြိုလ်တုတွေကို လွှတ်တင်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဂြိုလ်ပတ်လမ်းကြောင်းက ယခင်ကထက် ပိုမိုအလုပ်များနေပါတယ်။

ဆိုလိုသည်မှာ ကျွန်တော်တို့က ပိုသေးငယ်တဲ့ အာကာသအမှိုက်တွေကို ဖြစ်ပေါ်စေနိုင်သည့် တစ်ဆင့်ခံထိတိုက်မှုဖြစ်ရပ်တွေ ဖြစ်နိုင်ခြေ ပိုများလာတဲ့ အခြေအနေတွင် ရောက်ရှိနေတာ ဖြစ်ပါတယ်။

ယခုအခါ သိပ္ပံပညာရှင်တွေက အဆိုပါပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို အဖြေရှာရန် ကြိုးပမ်းနေကြပါတယ်။

Abbott က အာကာသအမှိုက်တွေကို ဖြေရှင်းရန် နည်းလမ်းတစ်ခုမှာ သံလိုက်တွေကို အသုံးပြုခြင်းဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

Illustration

အထူး လျှပ်စစ်စီးကြောင်းတွေ ဖန်တီးရန် စက်ရုပ်လက်မောင်း၏ အဆုံးတွင် သံလိုက်တစ်ခုကို လှည့်ခြင်းဖြင့် အာကာ သ အမှိုက် အပိုင်းအစ တစ်ခုချင်းစီကို ထိန်းချုပ်နိုင်ပြီး နှေးကွေး သွားစေနိုင်ကြောင်း Nature ဂျာနယ်တွင် ဖော်ပြခဲ့သည့် Abbot ၏ ဆောင်းပါးတွင် ဖော်ပြထားပါတယ်။

“ကမ္ဘာ့ပထမဆုံး tractor beam ကို အခြေခံအားဖြင့် ကျွန်တော်တို့ ဖန်တီးထားပါတယ်။

ယခုအခါမှာတော့ ဒါဟာ ဆောက်လုပ်ပြီး လွှတ်တင်ဖို့ အင်ဂျင်နီယာပညာရဲ့ မေးခွန်းတစ်ခုပဲ” လို့ သုတေသီတစ်ဦးက The Salt Lake Tribune သို့ ပြောကြားခဲ့ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 26/11/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *