ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ကမ္ဘာကြီးဟာ ပြောင်းလဲလာတဲ့ ကပ်ရောဂါတွေကြောင့် မဟုတ်ဘဲ တောက်ပမှု အနည်းငယ် ဆုံးရှုံးခဲ့တယ်ဟု ဆိုပါတယ်။
ကျွန်ုပ်တို့ အာကာသပတ်လမ်း အနိမ့်တွေရဲ့ တောက်ပမှုကို လေ့လာခြင်းအားဖြင့် သိပ္ပံပညာရှင်တွေဟာ အံ့သြဖွယ် မှိန်ဖျော့မှု တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ဒါဟာ ရာသီဥတုပြောင်းလဲခြင်းနဲ့ ဆက်နွယ်နေတဲ့ အခြေခံအကြောင်းအရင်းတစ်ခု ဟုယူဆပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ် ၂၉ ရက်ထုတ် Geophysical Research Letters ဂျာနယ်တွင် ထုတ်ဝေခဲ့သည့်လေ့လာမှု တစ်ခု အရ သုတေသီတွေဟာ ၁၉၉၈ မှ ၂၀၁၇ အတွင်း ကယ်လီဖိုးနီးယားရှိ Big Bear Solar Observatory ၌ ညပေါင်းများစွာ မြေကြီးကို ခွဲခြမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ကမ္ဘာမြေရဲ့ albedo ကိုလေ့လာခဲ့ကြပါတယ်။
အဆိုပါ ခွဲခြမ်းစိတ်ဖြာမှုတွေက သူတို့ကို ကမ္ဘာရဲ့ အလင်း ဘယ်လောက် ရောင်ပြန်ဟပ် နိုင်လဲဆိုတာကို အကဲဖြတ်ဖို့ ခွင့်ပြု ပေးနိုင်ပါလိမ့်မည်။
အချက်အလက်များအရ ၁၉၉၀ နှောင်းပိုင်း မှစ၍ ကမ္ဘာမြေဟာ ရာခိုင်နှုန်းတစ်ဝက်ခန့် မှေးမှိန်သွားတယ်ဟု သိရပါတယ်။

New Jersey Institute of Technolog မှ နက္ခတ္တဗေဒပညာရှင် ၊ ဦးဆောင်စာရေးသူ Philip Goode က “ငါတို့ albedo ကျဆင်းမှုအတွက် ၁၇ နှစ်တာ အချက်အလက်တွေရဲ့ နောက်ဆုံးသုံးနှစ်ကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ ငါတို့အတွက် အံ့သြစရာတအားကောင်းနေတယ်”ဟု ဆိုပါတယ်။
Earthshine ဟာ လပြည့်နေ့ ရောက်သည်အထိ လအလင်းရောင်တဖြည်းဖြည်း ကြီးထွားလာတာကလည်း ကျွန်ုပ်တို့မြင်တွေ့နိုင်တဲ့ အ ကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
များသောအားဖြင့် ကမ္ဘာဂြိုလ်သို့ရောက်လာတဲ့ နေရောင်ခြည်ရဲ့ ၃၀ ရာခိုင်နှုန်းခန့်ဟာ တိမ်များ၊ နှင်းများ နှင့် သမုဒ္ဒရာများ ကဲ့သို့အရာတွေဆီကို ထုတ်လွှတ်ချပြီး အာကာသထဲသို့ပြန်တက်စေကာ ကျွန်ုပ်တို့ရဲ့သဘာဝဂြိုလ်ဆီကို တိုင်းတာနိုင်တဲ့ နူးညံ့သောအလင်းကို ပြန်လည် ပေးပါတယ်။
Moonshine သည် ကမ္ဘာပေါ်ကနေ ကျွန်ုပ်တို့ မြင်နိုင်သော တောက်ပတဲ့ အဝါရောင် အဖြူအလင်းတန်း ဘဲ ဖြစ်ပါတယ်။
လကို ဆယ်စုနှစ်နှစ်ခုကြာအောင် စောင့်ကြည့်ခြင်းအားဖြင့် သုတေသနအဖွဲ့ဟာ ကမ္ဘာရဲ့ albedo ပြောင်းလဲမှုတွေကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။

အထူးသဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းမှ ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေ တောက်ပမှု အတိုင်းအတာဟာ အမှန်တကယ်ပေါ်ထွက်လာတာပါ။
တိမ်တွေဟာ ကမ္ဘာမြေ ရောင်ပြန်ဟပ်မှု ရဲ့ အဓိက လွှမ်းမိုးမှု ဖြစ်ပုံ ရသော်လည်း ကမ္ဘာမြေ ပေါ်သို့ နေရောင်ခြည်ရဲ့ တောက်ပမှု ဘယ် လောက် ကျရောက်တယ်ဆိုတာကလည်း နောက်ထပ် အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် အဖွဲ့ဟာ နေရောင်ခြည်ရဲ့ အချိန်အခါအလိုက် ပြောင်းလဲမှုများကို ကြည့်ရှု၍ ၎င်းတို့မြင်ရတဲ့ အရာများအပေါ် သက်ရောက်မှု ရှိမရှိ ကြည့်ရန်လည်း အကဲဖြတ်ခဲ့ကြပါတယ်။
ကမ္ဘာရဲ့ မှိန်ဖျော့မှုဟာ နေရောင်ခြည် တောက်ပမှု ပြောင်းလဲတာ နှင့် မသက်ဆိုင်ဟု အဖွဲ့က ဆိုပြီး ကမ္ဘာပေါ်ရှိ အရာတစ်ခုကြောင့် ဖြစ်စေတယ် ဟုဆိုပါတယ်။
အကြံပြုပြောဆိုချက်တစ်ခုကတော့ သမုဒ္ဒရာပူနွေးလာခြင်းကြောင့် ဟု ဆိုပါတယ်။
သုတေသီတွေက NASA’s Clouds ၊ Earth’s Radiant Energy System (CERES) ပရောဂျက်တို့နှင့် သူတို့ရဲ့တွေ့ရှိချက်တွေကို နှိုင်းယှဥ်ကြည့်ပါတယ်။
ရောင်ပြန်ဟပ်မှုကို တိုင်းတာတဲ့ ဂြိုဟ်တု ၅ လုံးပါ၀င်သောအဖွဲ့ဟာ ပစိဖိတ်အရှေ့ပိုင်း အနိမ့်ပိုင်းတွေမှာ တိမ်များကျဆင်းခြင်းကလည်း တောက်ပမှုကို ကျဆင်းစေနိုင်တယ်ဟု အကြံပြုခဲ့ကြပါတယ်။
တိမ်ဖုံးမှုများလျော့ကျလာတာဟာ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်လာမှုကြောင့် ရာသီဥတုအကျပ်အတည်း နှင့် ဆက်စပ်မှုများကြောင့် ဖြစ်နိုင်ချေရှိတယ် ဟုဆိုပါတယ်။

ကမ္ဘာကြီးပူနွေးလာတာဟာ မြင့်မားတဲ့ albedo ကို ဖြစ်ပေါ်စေနိုင်တယ်ဟု သိပ္ပံ ပညာရှင်တွေက ယခင်က ထင်ခဲ့ကြပါတယ်။
လေ့လာမှုတွင် မပါ၀င်တဲ့ Riverside ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဂြိုဟ်သားသိပ္ပံပညာရှင် Edward Schwieterman က “ကမ္ဘာကြီးပူနွေးလာတာဟာ တကယ်ကို ဆက်စပ်နေပါတယ် ” ဟု AUG ရဲ့ သတင်းထုတ်ပြန်ချက်တွက် ပြောကြားခဲ့ပါတယ်။
သုတေသီအဖွဲ့က ကမ္ဘာမြေကြီးပေါ် မှ albedo ခွဲခြမ်းစိတ်ဖြာမှုဟာ ရေရှည်တိုင်းတာနိုင်မှုဆိုင်ရာပြဿနာများကြောင့် အာရုံခံစားနိုင်စွမ်းမရှိတာလည်း ဖြစ်နိုင်တယ်ဟု ကောက်ချက်ချခဲ့ကြပြီး ကမ္ဘာမြေရဲ့တောက်ပမှုကို ဆက်လက် ဆန်းစစ် လေ့လာဖို့ အတွက် အားပေးသင့်တယ် ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။