တက္ကဆက်တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့က ကမ္ဘာမြေလွှာအောက်ရှိ အလွှာအသစ်တစ်ခုကို တွေ့ရှိခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၎င်းမှာဆိုရင် ပူပြင်းတဲ့ အရည်ပျော်လု နီးပါး ကျောက်တုံးများ ပါ၀င်ပြီး ကျွန်ုပ်တို့ ကမ္ဘာမြေကြီးရဲ့ မြေထုချပ်ကြီးတွေနှင့် ပတ်သက်သော အသုံးဝင်တဲ့ ထိုးထွင်းသိမြင်မှုများကို ဖော်ပြပေးတယ်ဟု ဆိုပါတယ်။
Tectonic plates များက ကမ္ဘာမြေကြီးရဲ့ အပေါ်ယံလွှာနှင့် upper mantle မှာ ဖွဲ့စည်းထားတဲ့ ဧရာမ မြေအောက် ကျောက် လွှာများဖြစ်ပါတယ်။
ဒါကြောင့် အခြေခံအားဖြင့်၊ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ မြင်ရတဲ့ မြေထုအားလုံးကို tectonic plates ပေါ်မှာ တည်ဆောက်ထားပါတယ်။
လက်ရှိတွင်၊ ကမ္ဘာပေါ်မှာ တိုက်ကြီး ခုနစ်ခုကို မပျက်မကွက် ထိန်းသိမ်းထားနိုင်တဲ့ အဓိက မြေထုချပ်ကြီး ခုနစ်ခုရှိပါတယ်။
စိတ်ဝင်စားစရာကောင်းတာက မြေထုချပ်ကြီးတွေဟာ အဆက်မပြတ်ရွေ့လျားနေပြီး ၎င်းတို့ရဲ့လှုပ်ရှားမှုကြောင့် ငလျင်လှုပ်ခြင်း၊ ဆူနာမီနှင့် မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပွားခြင်းနှင့် ဆက်စပ်နေပါတယ်။
ဒါ့အပြင်၊ tectonic ရွေ့လျားမှုဟာ အလွန်အားကောင်းတာကြောင့် တောင်တန်းသစ်များ နှင့် တိုက်ကြီးအသစ်များပင် ဖြစ်ပေါ်လာနိုင်ပါတယ်။

Image: Courtesy of Kelvinsong/Wikimedia Commons
ဒါ့ကြောင့်၊ ကမ္ဘာမြေကြီးရဲ့ tectonic plate လှုပ်ရှားမှုအပေါ် မသက်ရောက်စေသည့် အကြောင်းအရင်း အမျိုးမျိုးကို လေ့ လာ သိရှိဖို့မှာ အလွန်အရေးကြီးပါတယ်။
UTA မှ သုတေသီများရဲ့ ပြောကြားချက်အရ၊ asthenosphere တွင် ပူပြင်းသော အရည်ပျော် ကျောက်ဆောင်များ ပါ၀င်ပြီး မျက်နှာပြင် (ကမ္ဘာရဲ့ အူတိုင်နှင့် အပေါ်ယံမြေပြင်ကြား ဧရိယာ) မှတဆင့် မြေထုချပ်ကြီးများ ချောမွေ့စွာ ရွေ့လျားနိုင်စေအောင် လုပ်ဆောင်ပေးတယ်ဟု ဆိုပါတယ်။
UTA မှ သုတေသနပညာရှင်နှင့် ပါရဂူဘွဲ့လွန်တွဲဖက်ဖြစ်သူ Junlin Hua က “အရည်ပျော်မှုတစ်ခုခုကို တွေးတောတဲ့အခါ အရည်ပျော်မှုက ပစ္စည်းရဲ့စေးပျစ်မှုမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ထင်မြင်မိမှာပါ။
ဒါပေမယ့် ကျွန်တော်တို့ တွေ့ရှိခဲ့တာကတော့ အရည်ပျော်တဲ့ အပိုင်းအစတွေ အတော်လေး မြင့်မားတဲ့ နေရာမှာတောင် mantleမှာရှိတဲ့ အရည်ပျော်ကျောက်လွှာ စီးဆင်းမှုအပေါ် သူ့ရဲ့သက်ရောက်မှုက အလွန်နည်းတယ်” ဟု ဆိုပါတယ်။
သုတေသီတွေက ကမ္ဘာရဲ့အူတိုင်မှ ထုတ်လွှတ်သော အပူနှင့် အရည်ပျော် ဒြပ်ထုဟာ မြေထုချပ်ကြီးတွေရဲ့ရွေ့လျားမှုကို အထောက်အကူ ပြုတဲ့အတွက်ကြောင့် ဆက်စပ်နေတက်တယ်ဟု ဆိုပါတယ်။
သို့သော်၊ တွေ့ရှိချက်အသစ်အရ အရည်ပျော်ကျောက်လွှာအသစ်ပါရှိသော အရာအားလုံးဟာ plate tectonics များနှင့် ဆက်စပ်မှုမရှိဟု ယူဆပါတယ်။
အဆိုပါ အလွှာရှိ အရည်ပျော်မှုက mantle စီးဆင်းမှုအပေါ် လွှမ်းမိုးမှုမရှိတာကို တွေ့ရှိရတဲ့အတွက်ကြောင့် tectonic လှုပ်ရှားမှုကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။

Image: Courtesy of Junlin Hua/UT Jackson School of Geosciences
အရည်ပျော်မှုက ဘာတွေလဲ။
သိပ္ပံပညာရှင်များက အချို့သော ယခင်လေ့လာမှုများဟာ အရည်ပျော်ခြင်း လက္ခဏာများကို ဖော်ပြခဲ့ကြသော်လည်း ကမ္ဘာမြေမျက်နှာပြင်အောက်ရှိ အလွှာသစ် တစ်ခုရှိကြောင်း ပထမဆုံး အကြိမ် အတည်ပြုလိုက်ခြင်းဖြစ်တယ်ဟု ဆိုပါတယ်။
လေ့လာမှုရေးသားသူ Hua က asthenosphere တွင် ကွဲလွဲမှုတစ်ခုအဖြစ် အရည်ပျော်တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သုတေသီအဖွဲ့က ကမ္ဘာ့အတွင်းပိုင်း ငလျင်ဆိုင်ရာ ပုံရိပ်များကို လေ့လာနေပြီး ငလျင်လှုပ်ခတ်မှုရဲ့ သက်ရောက်မှု လုံးဝမရှိတဲ့ ထူးထူးခြားခြား အရည်ပျော်အလွှာကို ရှာဖွေတွေ့ရှိခဲ့တယ်ဟု ဆိုပါတယ်။
သို့သော် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အလားတူကွဲလွဲမှုကို လေ့လာတွေ့ရှိရပြီး အရည်ပျော်အလွှာ ဟုခေါ်သော နေရာရဲ့ ငလျင်ဆိုင်ရာ ဂုဏ်သတ္တိများကြောင့် အံ့ဩခဲ့ကြပါတယ်။
အချို့သော ပညာရှင်တွေကတော့ အရည်ပျော် အလွှာအသစ်က plate tectonics များကို မထိခိုက်စေဘူး ဆိုတာကို အဓိပ္ပာယ် မရှိ၊ အရေးမကြီးဟု ငြင်းခုံနေကြပါတယ်။
သုတေသနအသစ်က ကမ္ဘာမြေကြီးအောက်ရှိ မစူးစမ်းရသေးသော ရည်ရွယ်ချက်ကို လုပ်ဆောင်နိုင်တယ်ဟု ဆိုပါတယ်။
အမေရိကန် ငလျင်ပညာရှင်တစ်ဦးဖြစ်သည့် Karen Fischer က ဒီလေ့လာမှုက ငလျင်ဖြစ်ပေါ်မှု ပုံသဏ္ဍာန်ရဲ့ ဂုဏ်သတ္တိတွေနဲ့ ဘာကြောင့် အားနည်းရတာလဲဆိုတဲ့ ဇစ်မြစ်ကို နားလည်ဖို့က plate tectonics ကို နားလည်ဖို့ အခြေခံကျတဲ့ အ တွက် အရေးကြီးတယ်ဟု ဆိုပါတယ်။
အရည်ပျော်မှုဟာ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းနှင့် အခြားအစိတ်အပိုင်းများ ရဲ့ မသိနိုင်သော အသွင်အပြင်များကို နားလည်ဖို့ ကူညီပေးလိမ့်မည်ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။