ဝမ်းချုပ်လို့ ငါးရှဉ့်ထည့်ခဲ့တဲ့ အမျိုးသား ပြီးမှ နောင်တကြီးစွာရရှိ

Knowledge News

တရုတ်ပြည်အရှေ့ပိုင်း Jiangsu ပြည်နယ် ရှင်ဟွာမြို့မှ လူတယောက်ဟာ ငရှဉ့်တကောင်ကို အသုံးပြုပြီး ဝမ်းချုပ်ခြင်းကို ဖြေရှင်းဖို့ ကြိုးစားခဲ့ ပြီးနောက် နောင်တကြီးစွာ ရရှိခဲ့ပါတယ်။

ထိုလူဟာ ဝမ်းချုပ်ခြင်းကို ပုံမှန်အားဖြင့် သက်သာစေတဲ့ ဆေးနည်းနေရာမှာ ငါးရှဉ့်ကို ထိုးခြင်းဖြင့် ရိုးရာနည်းဖြင့် ကုသခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ငါးရှဉ့်ဟာ ၎င်း၏ စအိုလမ်းကြောင်းမှတဆင့် အူမကြီးသို့ရောက်သွားကာ အူမကြီးနံရံတွင် အပေါက်တခုဖောက်ပြီး သူ၏ ဝမ်းဗိုက်ထဲသို့ ဝင်သွားပါတယ်။

ထိုလူဟာ နာကျင်နေပေမယ့် ဆရာဝန်နှင့်တွေ့ဖို့ အလွန် ရှက်ရွံ့နေခဲ့ကြောင်းကို Global Times သတင်းစာမှာ ဖော်ပြထားခဲ့ပါတယ်။

တရက်အကြာမှာတော့ မခံစားနိုင်တော့ဘဲ ဒေသတွင်း ဆေးရုံတခုတွင် ဆေးကုသမှု ခံယူခဲ့ရာ ဆရာဝန်မှ ဒီဖြစ်ရပ်ဟာ အသက်အန္တရာယ် ထိခိုက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အမည်မသိလူနာအား အဆိုပါ ၂၀ စင်တီမီတာခန့်ရှိတဲ့ ငါးရှဉ့်ကို ဖယ်ရှားဖို့ ခွဲစိတ်ခဲ့ရပါတယ်။ ထူးခြားတာက ငါးရှဉ့်ဟာ ခွဲစိတ်ဆရာဝန်များ ဆွဲထုတ်လိုက်သောအခါ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။

တခြားသူများဟာလည်း ဒီရိုးရာဆေးနည်းကြောင်း မကြာသေးမီ အချိန်တုန်းက ဒုက္ခရောက်ခဲ့ ဖူးပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း လူတယောက်၏ အစာအိမ်အတွင်းမှ ၅၀ စင်တီမီတာလောက်ရှိတဲ့ ငါးရှဉ့် တကောင် ဖယ်ရှားခဲ့ရဖူးပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လတွင်းမှာတော့ အသက် ၅၀ ကျော် အမျိုးသာ တဦးဟာ ၎င်း၏ စအိုအတွင်းသို့ ငါးရှဉ့်တကောင်ကို ထည့်ရာမှ ရင်ခေါင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ဖူးပါတယ်။

ဒီဖြစ်ရပ်ကြောင့် မစင်နှင့် ပြည်တို့ဟာ ရင်ခေါင်းအထိ ရောက်ရှိခဲ့ပြီး ပြင်းထန်တဲ့ ကူးစက်မှုကို ခံစားခဲ့ရပါတယ်။

“သူက ငါးရှဉ့်တကောင်ကို သူ့ထဲထည့်လိုက်တာကြောင့် အချိန်မှီ ခွဲစိတ်မှုသာ မလုပ်ခဲ့ပါက အသက်အန္တရာယ်ထိခိုက်ဖို့ အလားအလာ အရမ်းများပါတယ်” လို့ ဆရာဝန်က ပြောကြားခဲ့တယ်လို့ The Mirror သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဆရာဝန်က “သူဟာ စအိုမှတဆင့် အူမကြီးအထိ ငါးရှဉ့်ကို ထည့်ခဲ့တာဖြစ်ပြီး အဆိုပါ ငါးရှည့်ဟာ အူမှာ အပေါက်ဖောက်သွားတယ်လို့ သံသယ ရှိပါတယ်” လို့ ထပ်လောင်းပြော ကြားပါတယ်။

အခြား ဖြစ်စဉ်တွေနဲ့ မတူတော့ ဒီတခါမှာ ငါးရှဉ့်ဟာ အသက်မရှင်ခဲ့ပါဘူး။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *